Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရတ် လွှတ်တော်ကို ဆန္ဒပြသူတွေ ကျူးကျော် စီးနင်း

ရာထူးက နုတ်ထွက်တော့မယ့် လက်ရှိ ဝန်ကြီးချုပ် မူစတာဖာ ခါဒီမီကလည်း ဂရင်းဇုန်ထဲ စည်းမဲ့ကမ်းမဲ့ ဝင်ရောက်လာတဲ့ ဆန္ဒပြသူတွေကို ရှုတ်ချခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့တွေ အနေနဲ့ ဥပဒေ စည်းမျဉ်းတွေနဲ့အညီ လိုအပ်သလို တုံ့ပြန်သွားမယ်လို့ သတိပေးခဲ့ပါတယ်။

အီရတ် လွှတ်တော်ကို ဆန္ဒပြသူတွေ ကျူးကျော် စီးနင်း
အီရတ် လွှတ်တော်ကို ဆန္ဒပြသူတွေ ကျူးကျော် စီးနင်း

ဝန်ကြီးချုပ်သစ် ခန့်အပ်ရေးကိစ္စ အဆိုပြုချက်ကို မကျေမနပ် ဖြစ်နေခဲ့ ဆန္ဒပြသူတွေက အီရတ်နိုင်ငံရဲ့ လွှတ်တော် အဆောက်အအုံထဲထိ ဝင်ရောက် စီးနင်းခဲ့ကြပါတယ်။

ဇူလိုင် ၂၇ ရက်က ဘဂ္ဂဒက် မြို့တော်မှာ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတဲ့ ဂရင်းဇုန် ဧရိယာထဲထိ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ ဝင်ရောက်လာပြီး လွှတ်တော်ထဲ ကျူးကျော်ခဲ့ကြတာပါ။ အဲဒီ ဧရိယာဟာ အစိုးရရုံးတွေနဲ့ သံရုံးတွေ အဓိက အခြေစိုက်တဲ့ နေရာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေက အီရတ်မှာ ဩဇာကြီးမားတဲ့ ဘာသာရေး ခေါင်းဆောင် မွတ်တာဒါ အယ်လ်ဆာဒါးအပေါ် သစ္စာခံကြသူတွေလို့ ဆိုပါတယ်။ ဆန္ဒပြသူတွေက မိုဟာမက် ရှီယာ အယ်လ် ဆူဒါနီကို ဝန်ကြီးချုပ်သစ်အဖြစ် အဆိုပြုတဲ့ လွှတ်တော် ဆုံးဖြတ်ချက်ကို အပြင်းအထန် ကန့်ကွက်ကြပါတယ်။

နိုင်ငံရဲ့လွှတ်တော်ထဲမှာ အင်အားအကြီးဆုံး ရှီးဟိုက် မွတ်ဆလင် နိုင်ငံရေး အစုအဖွဲ့ဖြစ်တဲ့ Coordination Frameworkက မိုဟာမက် ရှီယာ အယ်လ် ဆူဒါနီကို ဝန်ကြီးချုပ်သစ် နေရာအတွက် တရားဝင် နာမည်စာရင်း တင်သွင်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အယ်လ်ဆာဒါးကို ထောက်ခံတဲ့ အမတ် ၇၀ ကျော်တို့က နိုင်ငံရေး အင်အားပြတဲ့ အနေနဲ့ လွှတ်တော်ကနေ အုံလိုက်ကျင်းလိုက် နုတ်ထွက်ပြီး မကြာခင်မှာပဲ ဆူဒါနီကို ဝန်ကြီးချုပ်သစ် နေရာအတွက် နာမည်စာရင်း တင်သွင်းလာတာ ဖြစ်ပြီး ဒီအခြေအနေကို အယ်လ်ဆာဒါးဖက်က မကျေနပ်ပါဘူး။ အီရတ် လွှတ်တော်ထဲမှာလည်း နိုင်ငံရေးအရ တင်းတင်းမာမာ အားပြိုင်မှုတွေ ရှိနေပါတယ်။

အောက်တိုဘာလ ရွေးကောက်ပွဲ ပြီးကတည်းက လွှတ်တော်ထဲမှာ သဘောထား ကွဲလွဲမှုတွေ ပိုမို ပြင်းထန်နေပြီး အယ်လ်ဆာဒါး ကိုယ်တိုင်ကလည်း အစိုးရဖွဲ့ဖို့ ကြိုးစားဖူးပြီး မအောင်မြင်ခဲ့ပါဘူး။ အဲဒီတုန်းက သူ့ကို အတိုက်အခံ အင်အားစုတွေက ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်ခဲ့ကြပါတယ်။

လွှတ်တော်ကို ကျူးကျော်ခဲ့တဲ့ ဖြစ်စဉ် အပြီးမှာတော့ အယ်လ်ဆာဒါးက နိုင်ငံရေး သမားတွေ အနေနဲ့ သူတို့ဆီ ရောက်သင့်တဲ့ သတင်းစကားကို လက်ခံရရှိခဲ့ပြီး ဖြစ်တာကြောင့် ဆန္ဒပြသူတွေ အိမ်ပြန်လို့ ရပြီဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ရာထူးက နုတ်ထွက်တော့မယ့် လက်ရှိ ဝန်ကြီးချုပ် မူစတာဖာ ခါဒီမီကလည်း ဂရင်းဇုန်ထဲ စည်းမဲ့ကမ်းမဲ့ ဝင်ရောက်လာတဲ့ ဆန္ဒပြသူတွေကို ရှုတ်ချခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့တွေ အနေနဲ့ ဥပဒေ စည်းမျဉ်းတွေနဲ့အညီ လိုအပ်သလို တုံ့ပြန်သွားမယ်လို့ သတိပေးခဲ့ပါတယ်။

ဂရင်းဇုန်ထဲမှာ ရှိနေတဲ့ အစိုးရနဲ့ သံတမန်ရေးရာ အရာရှိတွေ၊ သက်ဆိုင်ရာ မိသားစုဝင်တွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်လာနိုင်တဲ့ ဘယ်လို အပြုအမူကနေမဆို ကာကွယ်ပေးဖို့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက စိတ်ပိုင်းဖြတ်ထားကြပြီး ဖြစ်ကြောင်း ခါဒီမီက ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ဂျပန်အစိုးရအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ကို အသိအမှတ်ပြုပြီး ထောက်ခံအားပေးဖို့ ဒီကနေ့ (ဧပြီ ၁၆)မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံးလွတ်မြောက်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ်နဲ့ လွတ်မြောက်နယ်မြေက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ Blue Shirt ကမ်ပိန်းနဲ့ တော်လှန်သံချပ် လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ စစ်တပ်လွှတ်​တော်မှာ သမ္မတအဖြစ် ဒီ​နေ့ပထမဆုံးမိန့်ခွန်းပြောပေမယ့် သူတစ်ဦးတည်းကပဲ အာဏာအလုံးစုံကို ကိုင်ထားမှာဖြစ်လို့ တိုင်းပြည်နဲ့ ပြည်သူလူထုလွတ်လပ်ခွင့်နဲ့ ဖွံ့ဖြိုးတိုးတက်မှု ဘာတစ်ခုမှ မျှော်လင့်လို့ မရနိုင်ကြောင်းနိုင်ငံရေအကဲခတ်တွေက ပြောပါတယ်။