Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ခရိုအေးရှားမှာ ဘတ်စ်ကား ချောက်ထဲပြုတ်ကျပြီး ဘုရားဖူး ခရီးသည် ၁၂ ဦးထက်မနည်း သေဆုံး

ဘတ်စ်ကားဟာ ခရိုအေးရှားရဲ့ မြို့တော် ဇာဂရက်ဘ် အရှေ့မြောက်ပိုင်းက ဂျာရက်ခ် ဘီဆက်ကီနဲ့ ပေါ့ဒ်ဗိုရက်ဗ် မြို့တွေကြားက အဝေးပြေး လမ်းပိုင်းမှာ လမ်းဘေး လျှိုထဲ ထိုးကျသွားခဲ့တာ ဖြစ်ပါတယ်။

ခရိုအေးရှားမှာ ဘတ်စ်ကား ချောက်ထဲပြုတ်ကျပြီး ဘုရားဖူး ခရီးသည် ၁၂ ဦးထက်မနည်း သေဆုံး
ခရိုအေးရှားမှာ ဘတ်စ်ကား ချောက်ထဲပြုတ်ကျပြီး ဘုရားဖူး ခရီးသည် ၁၂ ဦးထက်မနည်း သေဆုံး

ခရိုအေးရှား နိုင်ငံမှာ ဝတ်ပြု ခရီးစဉ်အဖြစ် ပြေးဆွဲတဲ့ ဘတ်စ်ကားတစ်စီး လမ်းဘေးက လျှိုထဲ ပြုတ်ကျခဲ့ရာက လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဘတ်စ်ကားပေါ်မှာ လိုက်ပါလာသူတွေက ပိုလန် ဘုရားဖူး ခရီးသည်တွေ ဖြစ်ကြပြီး ဘော့စ်နီးယား နိုင်ငံမှာရှိတဲ့ မက်ဂျူဂေါ်ဂျီ ကက်သလစ် ခရစ်ယာန် ဘုရားကျောင်းဆီ ဦးတည်နေခဲ့တာလို့ ဆိုပါတယ်။ ဩဂုတ် ၆ ရက်မှာ ဆိုးရွားတဲ့ ယာဉ်မတော်တဆမှု ကြုံခဲ့တဲ့နောက် ၁၂ ဦးသေဆုံးပြီး အသက်ရှင်သူ ၃၂ ဦးစလုံးလည်း ဒဏ်ရာတွေ ရခဲ့ကြောင်း၊ အဲဒီထဲက ၁၉ ဦးဟာ အခြေအနေ စိုးရိမ်ရကြောင်း ခရိုအေးရှား ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

စိန့်ဂျိုးဆက် ညီအစ်ကိုတော်များ ကက်သလစ် အဖွဲ့က စီစဉ်ပေးခဲ့တဲ့ ဝတ်ပြုခရီးမှာ ခရစ်ယာန် ဘုန်းတော်ကြီး ၃ ပါးနဲ့ သီလရှင် ၆ ပါးလည်း လိုက်ပါခဲ့ကြပါတယ်။ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဘတ်စ်ကားပေါ် ပါသွားသူ အားလုံးဟာ အရွယ်ရောက်ပြီးသူ ပိုလန်နိုင်ငံသားတွေချည်းပဲ ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

ပိုလန် ဘုရားဖူး အဖွဲ့ဟာ ဝါဆောမြို့တော်နားက ရာဒွမ်နဲ့ ဆိုကိုလိုမြို့တွေမှာ နေထိုင်သူတွေလို့ သိရပါတယ်။ ဘတ်စ်ကားဟာ ခရိုအေးရှားရဲ့ မြို့တော် ဇာဂရက်ဘ် အရှေ့မြောက်ပိုင်းက ဂျာရက်ခ် ဘီဆက်ကီနဲ့ ပေါ့ဒ်ဗိုရက်ဗ် မြို့တွေကြားက အဝေးပြေး လမ်းပိုင်းမှာ လမ်းဘေး လျှိုထဲ ထိုးကျသွားခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပိုလန် တရားရေး ဝန်ကြီးဌာနနဲ့ ရှေ့နေချုပ်ရုံးတို့က ဒီယာဉ်မတော်တဆမှုနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ကြေညာပါတယ်။ ပိုလန် အစိုးရ အဖွဲ့ဝင် ဝန်ကြီးနှစ်ဦးဟာလည်း ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသေးစိတ် စုံစမ်းဖော်ထုတ်မှုတွေမှာ ကူညီဖို့အတွက် ခရိုအေးရှားကို ထွက်ခွာခဲ့ကြပါတယ်။

သေဆုံးသူတွေထဲမှာ ယာဉ်မောင်းဖြစ်သူတော့ မပါဝင်ဘူးလို့ ကနဦး သတင်းရထားပေမယ့် အတိအကျ အတည်မပြုနိုင်သေးကြောင်း ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ခရိုအေးရှား ဝန်ကြီးချုပ် အန်းဒရက်ဂျ် ပလန်ကိုဗစ်က သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ကြေကွဲ ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ခရိုအေးရှားက မြို့ငယ်လေး တစ်ခုဖြစ်တဲ့ မက်ဂျူဂေါ်ဂျီက ဘုရားကျောင်းဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေအတွင်း မယ်တော် မာရီကိုယ်တိုင် ကိုယ်ထင်ပြ လာရောက်ဖူးကြောင်း ဒေသခံ ကလေးငယ်တွေရဲ့ ပြောဆိုမှုအရ ကက်သလစ် ခရစ်ယာန် ဘာသာဝင်တွေကြားမှာ အထူး ထင်ရှားကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။