Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ခရိုအေးရှားမှာ ဘတ်စ်ကား ချောက်ထဲပြုတ်ကျပြီး ဘုရားဖူး ခရီးသည် ၁၂ ဦးထက်မနည်း သေဆုံး

ဘတ်စ်ကားဟာ ခရိုအေးရှားရဲ့ မြို့တော် ဇာဂရက်ဘ် အရှေ့မြောက်ပိုင်းက ဂျာရက်ခ် ဘီဆက်ကီနဲ့ ပေါ့ဒ်ဗိုရက်ဗ် မြို့တွေကြားက အဝေးပြေး လမ်းပိုင်းမှာ လမ်းဘေး လျှိုထဲ ထိုးကျသွားခဲ့တာ ဖြစ်ပါတယ်။

ခရိုအေးရှားမှာ ဘတ်စ်ကား ချောက်ထဲပြုတ်ကျပြီး ဘုရားဖူး ခရီးသည် ၁၂ ဦးထက်မနည်း သေဆုံး
ခရိုအေးရှားမှာ ဘတ်စ်ကား ချောက်ထဲပြုတ်ကျပြီး ဘုရားဖူး ခရီးသည် ၁၂ ဦးထက်မနည်း သေဆုံး

ခရိုအေးရှား နိုင်ငံမှာ ဝတ်ပြု ခရီးစဉ်အဖြစ် ပြေးဆွဲတဲ့ ဘတ်စ်ကားတစ်စီး လမ်းဘေးက လျှိုထဲ ပြုတ်ကျခဲ့ရာက လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဘတ်စ်ကားပေါ်မှာ လိုက်ပါလာသူတွေက ပိုလန် ဘုရားဖူး ခရီးသည်တွေ ဖြစ်ကြပြီး ဘော့စ်နီးယား နိုင်ငံမှာရှိတဲ့ မက်ဂျူဂေါ်ဂျီ ကက်သလစ် ခရစ်ယာန် ဘုရားကျောင်းဆီ ဦးတည်နေခဲ့တာလို့ ဆိုပါတယ်။ ဩဂုတ် ၆ ရက်မှာ ဆိုးရွားတဲ့ ယာဉ်မတော်တဆမှု ကြုံခဲ့တဲ့နောက် ၁၂ ဦးသေဆုံးပြီး အသက်ရှင်သူ ၃၂ ဦးစလုံးလည်း ဒဏ်ရာတွေ ရခဲ့ကြောင်း၊ အဲဒီထဲက ၁၉ ဦးဟာ အခြေအနေ စိုးရိမ်ရကြောင်း ခရိုအေးရှား ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

စိန့်ဂျိုးဆက် ညီအစ်ကိုတော်များ ကက်သလစ် အဖွဲ့က စီစဉ်ပေးခဲ့တဲ့ ဝတ်ပြုခရီးမှာ ခရစ်ယာန် ဘုန်းတော်ကြီး ၃ ပါးနဲ့ သီလရှင် ၆ ပါးလည်း လိုက်ပါခဲ့ကြပါတယ်။ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဘတ်စ်ကားပေါ် ပါသွားသူ အားလုံးဟာ အရွယ်ရောက်ပြီးသူ ပိုလန်နိုင်ငံသားတွေချည်းပဲ ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

ပိုလန် ဘုရားဖူး အဖွဲ့ဟာ ဝါဆောမြို့တော်နားက ရာဒွမ်နဲ့ ဆိုကိုလိုမြို့တွေမှာ နေထိုင်သူတွေလို့ သိရပါတယ်။ ဘတ်စ်ကားဟာ ခရိုအေးရှားရဲ့ မြို့တော် ဇာဂရက်ဘ် အရှေ့မြောက်ပိုင်းက ဂျာရက်ခ် ဘီဆက်ကီနဲ့ ပေါ့ဒ်ဗိုရက်ဗ် မြို့တွေကြားက အဝေးပြေး လမ်းပိုင်းမှာ လမ်းဘေး လျှိုထဲ ထိုးကျသွားခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပိုလန် တရားရေး ဝန်ကြီးဌာနနဲ့ ရှေ့နေချုပ်ရုံးတို့က ဒီယာဉ်မတော်တဆမှုနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ကြေညာပါတယ်။ ပိုလန် အစိုးရ အဖွဲ့ဝင် ဝန်ကြီးနှစ်ဦးဟာလည်း ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသေးစိတ် စုံစမ်းဖော်ထုတ်မှုတွေမှာ ကူညီဖို့အတွက် ခရိုအေးရှားကို ထွက်ခွာခဲ့ကြပါတယ်။

သေဆုံးသူတွေထဲမှာ ယာဉ်မောင်းဖြစ်သူတော့ မပါဝင်ဘူးလို့ ကနဦး သတင်းရထားပေမယ့် အတိအကျ အတည်မပြုနိုင်သေးကြောင်း ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ခရိုအေးရှား ဝန်ကြီးချုပ် အန်းဒရက်ဂျ် ပလန်ကိုဗစ်က သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ကြေကွဲ ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ခရိုအေးရှားက မြို့ငယ်လေး တစ်ခုဖြစ်တဲ့ မက်ဂျူဂေါ်ဂျီက ဘုရားကျောင်းဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေအတွင်း မယ်တော် မာရီကိုယ်တိုင် ကိုယ်ထင်ပြ လာရောက်ဖူးကြောင်း ဒေသခံ ကလေးငယ်တွေရဲ့ ပြောဆိုမှုအရ ကက်သလစ် ခရစ်ယာန် ဘာသာဝင်တွေကြားမှာ အထူး ထင်ရှားကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်းသည် ယခုရက်ပိုင်းဖြစ်ပွားနေသည့် ကော့ကရိတ် - မြဝတီအာရှလမ်းတိုက်ပွဲ၌ KNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း ကော့ကရိတ်ရှိ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

သတင်း

စစ်ရှောင်ပြည်သူ ခုနစ်သောင်းကျော် လက်ရှိအချိန်ထိ တိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း ဖော်ပြပြီး အများစုမှာ ဆီဆိုင်မြို့နယ်မှ ဖြစ်ကာ ပင်လောင်း၊ ဟိုပုံးနှင့် ညောင်ရွှေမြို့နယ်များမှ ဒေသခံ များလည်း စစ်ရှောင်ကြရမှုရှိသည်။