Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဗြိတိန်ရဲ့ စစ်ရေးစွမ်းရည်က ထိပ်တန်းအဆင့်မှာ မရှိတော့ဘူးလို့ အမေရိကန် ဗိုလ်ချုပ်ကြီးတစ်ဦး သတိပေး

နာမည် ဖော်ပြမထားတဲ့ အမေရိကန် ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီး တစ်ဦးက ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ်နဲ့ တွေ့ဆုံချိန်မှာ မဟာမိတ် နိုင်ငံရဲ့ တိုက်ခိုက်ရေးစွမ်းရည် ကျဆင်းလာမှုကို ပွင့်ပွင့်လင်းလင်း သတိပေးခဲ့တာလို့ Sky Newsက ဖော်ပြခဲ့ပါတယ်။

ဗြိတိန်ရဲ့ စစ်ရေးစွမ်းရည်က ထိပ်တန်းအဆင့်မှာ မရှိတော့ဘူးလို့ အမေရိကန် ဗိုလ်ချုပ်ကြီးတစ်ဦး သတိပေး
ဗြိတိန်ရဲ့ စစ်ရေးစွမ်းရည်က ထိပ်တန်းအဆင့်မှာ မရှိတော့ဘူးလို့ အမေရိကန် ဗိုလ်ချုပ်ကြီးတစ်ဦး သတိပေး

ဗြိတိန် စစ်တပ်ဟာ တိုက်ခိုက်ရေး စွမ်းရည်အရ ကမ္ဘာ့ထိပ်တန်း အဆင့်မှာ ဆက်ရှိမနေတော့ဘူးလို့ အမေရိကန် စစ်ဗိုလ်ချုပ်ကြီး တစ်ဦးက သတိပေး ပြောကြားခဲ့ပါတယ်။

နာမည် ဖော်ပြမထားတဲ့ အမေရိကန် ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီး တစ်ဦးက ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ်နဲ့ တွေ့ဆုံချိန်မှာ မဟာမိတ် နိုင်ငံရဲ့ တိုက်ခိုက်ရေးစွမ်းရည် ကျဆင်းလာမှုကို ပွင့်ပွင့်လင်းလင်း သတိပေးခဲ့တာလို့ Sky Newsက ဖော်ပြခဲ့ပါတယ်။

အဲဒီ ဗိုလ်ချုပ်ကြီးက ဗြိတိန် အစိုးရ အနေနဲ့ ဆယ်စုနှစ်တွေချီ ကြာမြင့်တဲ့ထိ ကာကွယ်ရေး အသုံးစရိတ်တွေ ဆက်တိုက် လျှော့ချခဲ့တာကြောင့် စစ်တပ်ရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို သက်ရောက် ထိခိုက်စေခဲ့တယ်လို့ ထောက်ပြခဲ့ကြောင်း သိရပါတယ်။

အနှစ်ချုပ် အနေနဲ့ဆိုရင် ဗြိတိန်ရဲ့ စစ်ရေးစွမ်းရည်ဟာ နိုင်ငံနဲ့ မဟာမိတ်တွေကို ကာကွယ်ပေးဖို့ မလုံလောက်တော့ဘူးလို့ အဲဒီ အမေရိကန် ဗိုလ်ချုပ်ကြီးက ပြောဆိုခဲ့ကြောင်း Sky Sportsက ဖော်ပြပါတယ်။

နောက်ထပ် အမေရိကန်ရဲ့ စစ်ရေး သုတေသန အစီရင်ခံစာ တစ်ခုကလည်း ဗြိတိန်ရဲ့ တိုက်ခိုက်ရေး နည်းပညာတွေ ခေတ်မမီတော့တဲ့ ကိစ္စအပေါ် ထဲထဲဝင်ဝင် ထောက်ပြထားတယ်လို့ ဆိုပါတယ်။ ဥပမာ တစ်ခုအဖြစ် ဗြိတိန်မှာ လောလောဆယ် သုံးစွဲနေတဲ့ သံချပ်ကာ တိုက်ခိုက်ရေးယာဉ် အများစုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ နဲ့ ၆၀ အတွင်း တည်ဆောက်ထားခဲ့တာတွေ ဖြစ်နေပါတယ်။

ကာကွယ်ရေးဝန်ကြီး ဝေါလေ့စ်နဲ့ ဆွေးနွေးရာမှာ အမေရိကန် ဗိုလ်ချုပ်ကြီးက ဗြိတိန် အနေနဲ့ ကမ္ဘာ့ထိပ်တန်း စစ်ရေးစွမ်းရည် ပိုင်ဆိုင်တဲ့ အမေရိကန်၊ ရုရှား၊ တရုတ်၊ ပြင်သစ်တို့လို tier one စာရင်းမှာ မပါတော့ရုံမက tier two အဆင့်မှာ ပါဖို့တောင် အတော်လေး ရုန်းကန်ရမယ့် အခြေအနေ ဖြစ်နေပြီလို့ ထောက်ပြသွားခဲ့ပါတယ်။

မကြာသေးခင်က ဗြိတိန် ဝန်ကြီးချုပ် ရီရှီ ဆူနက်ခ်ဟာ ယူကရိန်းအတွက် Challenger 2 အမျိုးအစား တင့်ကား ၁၄ စီး ပေးပို့သွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့လည်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူ တချို့က ဆူနက်ခ် အနေနဲ့ ကိုယ့်စစ်တပ်ရဲ့ အင်အားကို လျော့ကျသွားစေမယ့် အထောက်အပံ့မျိုး ယူကရိန်းဆီ ပေးအပ်နေပေမယ့် အဲဒီ လစ်ဟာမှုကို ပြန်အစားထိုးဖို့ တိကျတဲ့ အစီအစဉ် မရှိတဲ့အပေါ် မေးခွန်းထုတ်နေကြောင်း သိရပါတယ်။

You May Also Like

နိုင်ငံတကာ

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း တောင်ကိုရီးယားနဲ့ အမေရိကန် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ အမျိုးအစားစုံ ဒုံးကျည်တွေ ပစ်လွှတ်ပြခဲ့ပါသေးတယ်။

နိုင်ငံတကာ

လေဆင်နှာမောင်းဟာ ညပိုင်းအချိန် လူတွေ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတုန်း ရုတ်တရက် တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ရာသီဥတု ဘေးအန္တရာယ်ဆိုင်ရာ သတိပေး ကြေညာချက်တွေလည်း မကြားခဲ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ် အကြမ်းဖက် စစ်ကောင်စီ ဝန်ကြီးချုပ်က အခုနှစ် ဧပြီမှစ၍ ဟားခါးမြို့ပေါ်တွင် မီတာခကောက်ရန် ညွှန်ကြားချက်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လုပ်ဆောင်ရန် စီစဉ်နေကြောင်း ကြာသိရ၍ ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ယခု စစ်ဆင်ရေးထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အတွေ့အကြုံမရှိသူများဖြစ်သည့်အပြင် နေရာဒေအနေအထားနှင့် ရာသီဥတု အခြေအနေ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာအားနည်းချက်များကြောင့် တိုက်ပွဲဝင်ရန် အားနည်းချက်ရှိနေသည်ကိုတွေ့ရကြောင်း ခူညေးရယ်က ပြော သည်။