Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗြိတိန်ရဲ့ စစ်ရေးစွမ်းရည်က ထိပ်တန်းအဆင့်မှာ မရှိတော့ဘူးလို့ အမေရိကန် ဗိုလ်ချုပ်ကြီးတစ်ဦး သတိပေး

နာမည် ဖော်ပြမထားတဲ့ အမေရိကန် ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီး တစ်ဦးက ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ်နဲ့ တွေ့ဆုံချိန်မှာ မဟာမိတ် နိုင်ငံရဲ့ တိုက်ခိုက်ရေးစွမ်းရည် ကျဆင်းလာမှုကို ပွင့်ပွင့်လင်းလင်း သတိပေးခဲ့တာလို့ Sky Newsက ဖော်ပြခဲ့ပါတယ်။

ဗြိတိန်ရဲ့ စစ်ရေးစွမ်းရည်က ထိပ်တန်းအဆင့်မှာ မရှိတော့ဘူးလို့ အမေရိကန် ဗိုလ်ချုပ်ကြီးတစ်ဦး သတိပေး
ဗြိတိန်ရဲ့ စစ်ရေးစွမ်းရည်က ထိပ်တန်းအဆင့်မှာ မရှိတော့ဘူးလို့ အမေရိကန် ဗိုလ်ချုပ်ကြီးတစ်ဦး သတိပေး

ဗြိတိန် စစ်တပ်ဟာ တိုက်ခိုက်ရေး စွမ်းရည်အရ ကမ္ဘာ့ထိပ်တန်း အဆင့်မှာ ဆက်ရှိမနေတော့ဘူးလို့ အမေရိကန် စစ်ဗိုလ်ချုပ်ကြီး တစ်ဦးက သတိပေး ပြောကြားခဲ့ပါတယ်။

နာမည် ဖော်ပြမထားတဲ့ အမေရိကန် ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီး တစ်ဦးက ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ်နဲ့ တွေ့ဆုံချိန်မှာ မဟာမိတ် နိုင်ငံရဲ့ တိုက်ခိုက်ရေးစွမ်းရည် ကျဆင်းလာမှုကို ပွင့်ပွင့်လင်းလင်း သတိပေးခဲ့တာလို့ Sky Newsက ဖော်ပြခဲ့ပါတယ်။

အဲဒီ ဗိုလ်ချုပ်ကြီးက ဗြိတိန် အစိုးရ အနေနဲ့ ဆယ်စုနှစ်တွေချီ ကြာမြင့်တဲ့ထိ ကာကွယ်ရေး အသုံးစရိတ်တွေ ဆက်တိုက် လျှော့ချခဲ့တာကြောင့် စစ်တပ်ရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို သက်ရောက် ထိခိုက်စေခဲ့တယ်လို့ ထောက်ပြခဲ့ကြောင်း သိရပါတယ်။

အနှစ်ချုပ် အနေနဲ့ဆိုရင် ဗြိတိန်ရဲ့ စစ်ရေးစွမ်းရည်ဟာ နိုင်ငံနဲ့ မဟာမိတ်တွေကို ကာကွယ်ပေးဖို့ မလုံလောက်တော့ဘူးလို့ အဲဒီ အမေရိကန် ဗိုလ်ချုပ်ကြီးက ပြောဆိုခဲ့ကြောင်း Sky Sportsက ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

နောက်ထပ် အမေရိကန်ရဲ့ စစ်ရေး သုတေသန အစီရင်ခံစာ တစ်ခုကလည်း ဗြိတိန်ရဲ့ တိုက်ခိုက်ရေး နည်းပညာတွေ ခေတ်မမီတော့တဲ့ ကိစ္စအပေါ် ထဲထဲဝင်ဝင် ထောက်ပြထားတယ်လို့ ဆိုပါတယ်။ ဥပမာ တစ်ခုအဖြစ် ဗြိတိန်မှာ လောလောဆယ် သုံးစွဲနေတဲ့ သံချပ်ကာ တိုက်ခိုက်ရေးယာဉ် အများစုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ နဲ့ ၆၀ အတွင်း တည်ဆောက်ထားခဲ့တာတွေ ဖြစ်နေပါတယ်။

ကာကွယ်ရေးဝန်ကြီး ဝေါလေ့စ်နဲ့ ဆွေးနွေးရာမှာ အမေရိကန် ဗိုလ်ချုပ်ကြီးက ဗြိတိန် အနေနဲ့ ကမ္ဘာ့ထိပ်တန်း စစ်ရေးစွမ်းရည် ပိုင်ဆိုင်တဲ့ အမေရိကန်၊ ရုရှား၊ တရုတ်၊ ပြင်သစ်တို့လို tier one စာရင်းမှာ မပါတော့ရုံမက tier two အဆင့်မှာ ပါဖို့တောင် အတော်လေး ရုန်းကန်ရမယ့် အခြေအနေ ဖြစ်နေပြီလို့ ထောက်ပြသွားခဲ့ပါတယ်။

မကြာသေးခင်က ဗြိတိန် ဝန်ကြီးချုပ် ရီရှီ ဆူနက်ခ်ဟာ ယူကရိန်းအတွက် Challenger 2 အမျိုးအစား တင့်ကား ၁၄ စီး ပေးပို့သွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့လည်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူ တချို့က ဆူနက်ခ် အနေနဲ့ ကိုယ့်စစ်တပ်ရဲ့ အင်အားကို လျော့ကျသွားစေမယ့် အထောက်အပံ့မျိုး ယူကရိန်းဆီ ပေးအပ်နေပေမယ့် အဲဒီ လစ်ဟာမှုကို ပြန်အစားထိုးဖို့ တိကျတဲ့ အစီအစဉ် မရှိတဲ့အပေါ် မေးခွန်းထုတ်နေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။