Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပထမဆုံး ဒရုန်းတင် သင်္ဘောကြီးကို စတင် အသုံးပြုဖို့ နီးစပ်လာတဲ့ တူရကီရေတပ်

Anadoluဟာ တူရကီအတွက် ပထမဆုံး လေယာဉ်တင် သင်္ဘော ဖြစ်ရုံသာမက ဒရုန်းအများစုနဲ့ စစ်ဆင်ရေး ဆောင်ရွက်မယ့် ပထမဆုံး ဒရုန်းတင် သင်္ဘော အနေနဲ့ပါ မှတ်တမ်း ဝင်လာတော့မှာပါ။

ပထမဆုံး ဒရုန်းတင် သင်္ဘောကြီးကို စတင် အသုံးပြုဖို့ နီးစပ်လာတဲ့ တူရကီရေတပ်
ပထမဆုံး ဒရုန်းတင် သင်္ဘောကြီးကို စတင် အသုံးပြုဖို့ နီးစပ်လာတဲ့ တူရကီရေတပ်

ကမ္ဘာ့ ပထမဆုံး ဒရုန်းတင် သင်္ဘောလို့ တင်စားရမယ့် စစ်ရေယာဉ် အသစ်ကြီးကို တပ်တော်ဝင်ဖို့ တူရကီက စီစဉ်နေပြီ ဖြစ်ပါတယ်။

ကမ်းတပ် တိုက်ခိုက်မှု စစ်ဆင်ရေးတွေအတွက် အဓိကရည်ရွယ် တည်ဆောက်ထားတဲ့ TCG Anadoluဟာ တူရကီ ရေတပ်ရဲ့ အကြီးဆုံး စစ်သင်္ဘောကြီးလည်း ဖြစ်လာတော့မှာပါ။ ဇန်နဝါရီလမှာ တူရကီ ရေတပ်က ဆယ်စုနှစ် တစ်ခုကြာ အချိန်ယူခဲ့ရတဲ့ ပရောဂျက်ဟာ အခြေအနေတွေ ဆက်တိုက် တိုးတက်နေပြီး Anadoluဟာ စမ်းသပ် ခုတ်မောင်းမှုတွေတောင် စတင်နေပြီလို့ ပြောကြားခဲ့ပါတယ်။

မူလက တူရကီဟာ အဲဒီ သင်္ဘောကြီးပေါ်မှာ အမေရိကန်ရဲ့ ဒေါင်လိုက် တက်ဆင်းနိုင်တဲ့ F-35B တိုက်လေယာဉ်တွေ ထားရှိဖို့ ရည်ရွယ်ခဲ့တာပါ။ ဒါပေမဲ့ ရုရှားရဲ့ လေကြောင်း ကာကွယ်ရေး စနစ်တစ်ခုကို ဝယ်ယူခဲ့တဲ့အတွက် တူရကီဆီ F-35တွေ ရောင်းချဖို့ကို အမေရိကန် အစိုးရက တားမြစ် ပိတ်ပင်လိုက်ပါတယ်။

အခြေအနေအရ တူရကီ ရေတပ်ဟာ Anadoluပေါ်မှာ F-35Bတွေအစား ဒရုန်းတွေနဲ့သာ စစ်ဆင်ရေး ဆောင်ရွက်ဖို့ လမ်းကြောင်းပြောင်းခဲ့ရပါတယ်။ တူရကီ ရေတပ်က Anadoluဟာ သူတို့ရဲ့ အကြီးဆုံးသော အလံဆောင် စစ်ရေယာဉ်ကြီး ဖြစ်လာမယ်လို့ ပြောကြားထားပါတယ်။

Public Service Announcement

Public Service Announcement

Anadoluဟာ တူရကီအတွက် ပထမဆုံး လေယာဉ်တင် သင်္ဘော ဖြစ်ရုံသာမက ဒရုန်းအများစုနဲ့ စစ်ဆင်ရေး ဆောင်ရွက်မယ့် ပထမဆုံး ဒရုန်းတင် သင်္ဘော အနေနဲ့ပါ မှတ်တမ်း ဝင်လာတော့မှာပါ။

အဲဒီ သင်္ဘောကြီးဟာ ၇၅၇ ပေရှည်ပြီး ၁၀၅ ပေ ကျယ်ဝန်းပါတယ်။ တန်ချိန် ၂၇၀၀၀ ကျော် အလေးချိန်ရှိပြီး အမြန်ဆုံးနှုန်းအဖြစ် တစ်နာရီကို ၂၀.၅ ရေမိုင်နှုန်းနဲ့ ခုတ်မောင်းနိုင်မှာပါ။ ပြီးတော့ တစ်ကြိမ် လောင်စာ ဖြည့်တင်းပြီးရင် ရေမိုင် ၉၀၀၀ ထိ ခရီးပေါက်နိုင်ပြီး ပင်လယ်ပြင်မှာ ရက်ပေါင်း ၅၀ ဆက်တိုက် တာဝန် ထမ်းဆောင်နိုင်မယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ နိုင်ငံတကာ လက်နက်ပညာရှင်တွေကတော့ Anadoluဟာ လေယာဉ်တင် သင်္ဘောတစ်စီးထက် ကမ်းတက် တိုက်ရေယာဉ် တစ်စီးရဲ့ စံနှုန်းတွေနဲ့ ပိုနီးစပ်တယ်လို့ ပြောပါတယ်။ တူရကီ ရေတပ်ဟာ TCG Trakyaလို့ နာမည်ပေးထားတဲ့ အလားတူ နောက်ထပ် ရေယာဉ် တစ်စီး တည်ဆောက်မှုတွေကိုလည်း စီမံကိန်း စတင်နေပြီလို့ သိရှိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းရဲ့ ဒရုန်းရန်ကို ကြောက်လို့ ရုရှားဟာ ရေတပ်အထိမ်းအမှတ်နေ့ စစ်ရေးပြပွဲတွေ ကျင်းပမယ့် အစီအစဉ်တွေကို ၂ နှစ်ဆက်တိုက် ဖျက်သိမ်းခဲ့ရပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ပထမဆုံး အကြိမ်အဖြစ် ရေပေါ်သွား ဖောက်ခွဲရေး ဒရုန်းတွေကို စစ်ပွဲမှာ လက်တွေ့ အသုံးပြု တိုက်ခိုက်ခဲ့ပါတယ်။

သတင်း

ရှမ်း-ကရင်နီ ပြည်နယ်အစပ် မိုးဗြဲမြို့အနီးက စစ်တပ်တပ်စွဲထားတဲ့နေရာ​တွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ရှမ်းတောင်စစ်ဒေသ ဗျူဟာ ၁၄ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။