Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် ကြည်းတပ်ရဲ့ လေယာဉ်နဲ့ ရဟတ်ယာဉ် အားလုံး ပျံသန်းမှု ဆိုင်းငံ့ဖို့ အမိန့်ထုတ်

မတ်လထဲမှာလည်း Black Hawk ရဟတ်ယာဉ် နှစ်စီးဟာ ညပိုင်း လေ့ကျင့်ပျံသန်းမှု အစီအစဉ်မှာ ပျက်ကျရာက စစ်မှုထမ်း ၉ ဦး သေဆုံးခဲ့ကြောင်း ကြည်းတပ်က ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန် ကြည်းတပ်ရဲ့ လေယာဉ်နဲ့ ရဟတ်ယာဉ် အားလုံး ပျံသန်းမှု ဆိုင်းငံ့ဖို့ အမိန့်ထုတ်
အမေရိကန် ကြည်းတပ်ရဲ့ လေယာဉ်နဲ့ ရဟတ်ယာဉ် အားလုံး ပျံသန်းမှု ဆိုင်းငံ့ဖို့ အမိန့်ထုတ်

လုံခြုံရေးအတွက် အရည်အသွေးမြှင့် မွမ်းမံသင်တန်းတွေ မတက်ရောက်ပြီးမချင်း အမေရိကန် ကြည်းတပ်က လေယာဉ်မှူးတွေ အကုန်လုံးကို ပျံသန်းခွင့် ဆိုင်းငံ့ထားမယ်လို့ ကြည်းတပ်ရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး ဂျိမ်းစ် မက်ကွန်ဗီးလ်က ပြောကြားခဲ့ပါတယ်။

အဲဒီအမိန့်ဟာ ဧပြီ ၂၈ ရက်မှာ ထုတ်ပြန်ချိန်က စတင် အသက်ဝင်မှာဖြစ်ကြောင်း၊ ကြည်းတပ်အတွက် မဖြစ်မနေ လိုအပ်တာမျိုး မဟုတ်ရင် လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ အားလုံး ပျံသန်းမှုကို ရပ်ဆိုင်းထားမှာ ဖြစ်ကြောင်း သူက အတည်ပြုပါတယ်။

အခု တားမြစ်ချက်ဟာ ကြည်းတပ်နဲ့သာ သက်ဆိုင်ပြီး လေတပ်၊ ရေတပ်နဲ့ မရိန်းတပ်တွေ အပါအဝင် အမေရိကန်ရဲ့ ပင်မ လက်နက်ကိုင် အဖွဲ့အစည်းကြီး နောက်ထပ် ၅ ခုမှာတော့ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေကို ပုံမှန် အသုံးပြုနေမှာပါ။

အမေရိကန် ကြည်းတပ်ဟာ သယ်ယူပို့ဆောင်ရေး၊ တိုက်ခိုက်ရေး၊ ထောက်လှမ်းရေးဆိုင်ရာ ရဟတ်ယာဉ်တွေ၊ လေယာဉ်တွေနဲ့ ဒရုန်းတွေကို အသုံးပြုနေပါတယ်။ လွန်ခဲ့တဲ့ တစ်လလောက်အတွင်း အမေရိကန် ကြည်းတပ် ရဟတ်ယာဉ်တွေ မတော်တဆမှု နှစ်ကြိမ်ဖြစ်ပြီး စစ်မှုထမ်း တစ်ဒါဇင် အသက်ဆုံးရှုံးခဲ့တဲ့ ဖြစ်ရပ်တွေနောက်ပိုင်း အခုလို အမိန့်မျိုး ထွက်ပေါ်လာတာပါ။

Public Service Announcement

Public Service Announcement

ကြည်းတပ်ရဲ့ အမြဲတမ်း တပ်ဖွဲ့ဝင် လေယာဉ်မှူးတွေဟာ မေလဆန်းမှာ မွမ်းမံသင်တန်းတွေ စတက်ရမှာဖြစ်ပြီး အရန်တပ်ဖွဲ့ဝင်တွေနဲ့ အမျိုးသား အစောင့်တပ်ဖွဲ့ဝင်တွေက မေလကုန်မှာ မွမ်းမံ သင်တန်းတွေ တက်ရမှာပါ။

အခုသီတင်းပတ်မှာ အလာစကာ ပြည်နယ် အခြေစိုက် ကြည်းတပ်ရဲ့ Apache အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ်နှစ်စီး လေ့ကျင့်ပျံသန်းရင်း တိုက်မိတာကြောင့် ပျက်ကျခဲ့ပြီး လေယာဉ်မှူး ၃ ဦးသေဆုံးခဲ့သလို ၁ ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတဲ့နောက် လေယာဉ်အားလုံး ပျံသန်းခွင့်ကို ကြည်းတပ်က ဆိုင်းငံ့စေခဲ့တာ ဖြစ်ပါတယ်။

မတ်လထဲမှာလည်း Black Hawk ရဟတ်ယာဉ် နှစ်စီးဟာ ညပိုင်း လေ့ကျင့်ပျံသန်းမှု အစီအစဉ်မှာ ပျက်ကျရာက စစ်မှုထမ်း ၉ ဦး သေဆုံးခဲ့ကြောင်း ကြည်းတပ်က ထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဂရိနိုင်ငံမှာ တောမီးတွေကို ငြှိမ်းသတ်ဖို့ ကြိုးစားနေတဲ့ လုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ မီးသတ် ရဟတ်ယာဉ် ၂ စီး လေထဲမှာ တိုက်မိရာက ၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။