Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဥရောပ စုပေါင်း လေကြောင်းကာကွယ်ရေး အစီအမံမှာ ဆွစ်ဇာလန်နဲ့ ဩစတြီးယားတို့ ဘက်မလိုက်နိုင်ငံတွေ ပူးပေါင်း

Sky Shieldမှာ NATO စစ်မဟာမိတ် အဖွဲ့ဝင် တစ်ဒါဇင်ကျော်လောက် ပါဝင်ဖို့သာ ကနဦး ညှိနှိုင်းထားပေမယ့် အခုအခါမှာတော့ ဘက်မလိုက် နိုင်ငံနှစ်ခုပါ လာရောက် ချိတ်ဆက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဥရောပ စုပေါင်း လေကြောင်းကာကွယ်ရေး အစီအမံမှာ ဆွစ်ဇာလန်နဲ့ ဩစတြီးယားတို့ ဘက်မလိုက်နိုင်ငံတွေ ပူးပေါင်း
ဥရောပ စုပေါင်း လေကြောင်းကာကွယ်ရေး အစီအမံမှာ ဆွစ်ဇာလန်နဲ့ ဩစတြီးယားတို့ ဘက်မလိုက်နိုင်ငံတွေ ပူးပေါင်း

ဘက်မလိုက်ဝါဒကို ရေရှည် လက်ကိုင်ပြုထားတဲ့ ဆွစ်ဇာလန်နဲ့ ဩစတြီးယားတို့ဟာ အနောက်ဥရောပ နိုင်ငံတွေရဲ့ လေကြောင်း ကာကွယ်ရေး မဟာဗျူဟာ အစီအမံသစ်ဖြစ်တဲ့ Sky Shieldမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ရုရှားက အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ စစ်ပွဲကြောင့် ဥရောပ နိုင်ငံတွေဟာ လုံခြုံရေး ကဏ္ဍနဲ့ ပတ်သက်လို့ စိုးရိမ်လာပြီး မဟာဗျူဟာမြောက် စုပေါင်း လုပ်ဆောင်မှုတွေကို တုံ့ပြန် အကောင်အထည် ဖော်လာပါတယ်။ Sky Shieldကိုတော့ ဂျာမနီ အစိုးရက ဦးစီး အကောင်အထည်ဖော်ပြီး ဥရောပ၊ အမေရိကန်နဲ့ အစ္စရေးလုပ် လေကြောင်း ကာကွယ်ရေး စနစ်တွေကို ချိတ်ဆက် အသုံးပြုဖို့ လျာထားပါတယ်။

Sky Shieldရဲ့ စိတ်ကူးစိတ်သန်းအရ စီမံကိန်းမှာ ပါဝင်မယ့် အဖွဲ့ဝင် နိုင်ငံတွေဟာ လိုအပ်မယ့် လေကြောင်း ကာကွယ်ရေး စနစ်တွေကို အတူတကွ ငွေကြေးစိုက်ထုတ် ဝယ်ယူပြီး ဖြန့်ကျက်စေမှာ ဖြစ်ပါတယ်။ စစ်မှုရေးရာ ကိစ္စတွေနဲ့ ခပ်ကင်းကင်း ရှိခဲ့ဖူးတဲ့ ကြားနေနိုင်ငံ ဆွစ်ဇာလန် အတွက်တော့ Sky Shieldမှာ ပါဝင်လာခြင်းဟာ သမိုင်းဝင် ခြေလှမ်းတစ်ခု ဖြစ်တယ်လို့ လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။ တစ်ဖက်မှာလည်း ပြည်သူတချို့က နိုင်ငံရဲ့ ကာလရှည်ကြာ ဆုပ်ကိုင်လာတဲ့ ဘက်မလိုက်ဝါဒအပေါ် ထိခိုက် သက်ရောက်မှုတွေ ရှိလာမှာ စိုးရိမ်နေပါတယ်။

ဆွစ်ဇာလန် အစိုးရဟာ လွန်ခဲ့တဲ့ နှစ်ပိုင်းတွေမှာဆိုရင် ဥရောပ လေကြောင်းကာကွယ်ရေး ကွန်ရက်ထဲ ဝင်ရောက်ပူးပေါင်းဖို့ လုံးဝ စိတ်ဝင်စားခဲ့မှာ မဟုတ်ပေမယ့် ရုရှား-ယူကရိန်း စစ်ပွဲကြောင့် အတွေးအမြင် ပြောင်းလဲလာတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

Sky Shieldမှာ တာတို၊ တာလတ်နဲ့ တာဝေးပစ် လေကြောင်းကာကွယ်ရေး စနစ်တွေ အဆင့်ဆင့် ချိတ်ဆက်ထားမှာဖြစ်ပြီး ၃၅ ကီလိုမီတာအောက် တာတိုပစ်မှတ်တွေအတွက် ဂျာမနီရဲ့ IRIS-T SLMလို စနစ်တွေကို အသုံးပြုမှာပါ။ ကီလိုမီတာ ၁၀၀ လောက်ထိ ကွာဝေးတဲ့ တာလတ်ပစ် စစ်လက်နက်တွေအဖြစ် အမေရိကန်လုပ် Patriotလို လေကြောင်းကာကွယ်ရေး စနစ်တွေကို ရွေးချယ်လာနိုင်ပြီး အရမ်းဝေးကွာတဲ့ နေရာက လေကြောင်းခြိမ်းခြောက်မှုတွေကိုတော့ အမေရိကန်နဲ့ အစ္စရေး ပူးပေါင်းထုတ်လုပ်တဲ့ Arrow 3လို ကာကွယ်ရေး စနစ်တွေနဲ့ တန်ပြန်ဖို့ လျာထားပါတယ်။

Sky Shieldမှာ NATO စစ်မဟာမိတ် အဖွဲ့ဝင် တစ်ဒါဇင်ကျော်လောက် ပါဝင်ဖို့သာ ကနဦး ညှိနှိုင်းထားပေမယ့် အခုအခါမှာတော့ ဘက်မလိုက် နိုင်ငံနှစ်ခုပါ လာရောက် ချိတ်ဆက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျားကုတ်ကျားခဲ ခုခံကစားခဲ့တဲ့ ဆွစ်ဇာလန်ကို အချိန်ပိုမှာ အနိုင်ယူပြီး လက်ရှိ ချန်ပီယံ အာဂျင်တီးနား အသင်းဟာ ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲ အဆင့်ဆီ တက်ရောက်လာနိုင်ခဲ့ပါတယ်။

သတင်း

ဥရောပတိုက်ရဲ့ ကာကွယ်ရေး အစီအမံအတွက် တာဝေးပစ် ဒုံးကျည်တွေ ထုတ်လုပ်ရေးမှာ စုစုပေါင်း ဒေါ်လာ ၅၀ ဘီလီယံလောက် ရင်းနှီးမြှုပ်နှံဖို့ နိုင်ငံ တစ်ဒါဇင်လောက်က သဘောတူထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေရဲ့ နောက်ဆုံးယှဉ်ပြိုင်တဲ့ ပွဲမှာတော့ ဆွစ်ဇာလန် အသင်းက ကိုလံဘီယာကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ် အဆင့်ဆီ တက်လှမ်းလာခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် ကွာတားဖိုင်နယ်ရောက် ၈ သင်းမှာ ဥရောပက ၆ သင်းထိ ပါဝင်လာနိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် နည်းပညာ လုပ်ငန်းစုတွေအပေါ် အခွန်ကောက်ယူမှု စည်းမျဉ်းသစ် သတ်မှတ်မယ့် ဘယ်ဥရောပ နိုင်ငံကိုမဆို သွင်းကုန်အခွန်အခ ၁၀၀ ရာခိုင်နှုန်း သတ်မှတ် ကောက်ယူသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။