Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန် ကမ်းခြေတစ်ခုမှာ လင်းပိုင်တွေ တိုက်ခိုက်လို့ လူ ၄ ဦး ဒဏ်ရာရ

သိပ္ပံပညာရှင်တွေကတော့ လင်းပိုင်တွေဟာ ပုံမှန်ဆိုရင် ရန်မလိုတတ်ပေမယ့် အကြောင်းရင်း တစ်ခုခုကြောင့် အလွန်အကျွံ စိတ်ဖိစီးနေတဲ့ အခြေအနေမျိုးမှာတော့ ဘယ်သူ့ကိုမဆို အန္တရာယ် ပေးနိုင်တယ်လို့ ပြောပါတယ်။

ဂျပန် ကမ်းခြေတစ်ခုမှာ လင်းပိုင်တွေ တိုက်ခိုက်လို့ လူ ၄ ဦး ဒဏ်ရာရ
ဂျပန် ကမ်းခြေတစ်ခုမှာ လင်းပိုင်တွေ တိုက်ခိုက်လို့ လူ ၄ ဦး ဒဏ်ရာရ

ဂျပန်နိုင်ငံ အလယ်ပိုင်းက ကမ်းခြေတစ်ခုမှာ လင်းပိုင်တွေက ရန်ပြု တိုက်ခိုက်လို့ ရေကူးနေသူတချို့ ဒဏ်ရာရခဲ့ပါတယ်။

များသောအားဖြင့် လင်းပိုင်တွေဟာ ဉာဏ်ရည်မြင့်မားပြီး လူနဲ့ ယဉ်ပါးတဲ့ ပင်လယ်နေ နို့တိုက်သတ္တဝါတွေလို့ သတ်မှတ် ခံထားရပေမယ့် အခုဖြစ်စဉ်တွေကြောင့် ဒေသခံတွေ ထိတ်လန့် အံ့ဩခဲ့ကြပါတယ်။ ဖူကူအီ ဒေသက မီဟာမာ မြို့မှာရှိတဲ့ ဆူရှိုဟာမာ ကမ်းခြေမှာ ဇူလိုင် ၁၆ ရက် မနက်ကနေ ညနေအထိ ကာလအတွင်း ကွဲပြားတဲ့ ဖြစ်စဉ် ၃ ခုမှာ ရေကူးနေသူတွေ အသီးသီး တိုက်ခိုက် ခံခဲ့ရတာ ဖြစ်ပါတယ်။

အသက် ၆၀ အရွယ် အမျိုးသား တစ်ဦးဟာ မနက်ပိုင်းက ရေကူးနေတဲ့အချိန် လင်းပိုင်တစ်ကောင် ဝင်ဆောင့်လို့ နံရိုးကျိုးသွားပြီး လက်မှာလည်း အကိုက်ခံခဲ့ရပါတယ်။ တခြားဖြစ်ရပ် တစ်ခုမှာတော့ အသက် ၄၀ ကျော်အရွယ် အမျိုးသား တစ်ဦးကို လင်းပိုင်တွေက ကိုက်ခဲ့ပါတယ်။ ညနေပိုင်းမှာတော့ နောက်ထပ်နှစ်ယောက် လင်းပိုင်တွေ ဒုက္ခပေးတာ ခံခဲ့ရပြန်ပါတယ်။

ဖူကူအီမှာ လင်းပိုင်တွေက လူတွေကို ရန်ရှာတဲ့ ဖြစ်စဉ်တွေ အခုနှစ်ထဲမှာ ၆ ကြိမ်ထိ ရှိခဲ့ပြီလို့ သိရပါတယ်။ ကမ်းခြေတွေမှာလည်း လင်းပိုင်တွေကို တွေ့ရင် ပွတ်သပ်ကိုင်တွယ်တာမျိုး မလုပ်ဘဲ ရှောင်ရှားကြဖို့ သတိပေးစာတွေ ကပ်ထားပါတယ်။

Public Service Announcement

Public Service Announcement

သိပ္ပံပညာရှင်တွေကတော့ လင်းပိုင်တွေဟာ ပုံမှန်ဆိုရင် ရန်မလိုတတ်ပေမယ့် အကြောင်းရင်း တစ်ခုခုကြောင့် အလွန်အကျွံ စိတ်ဖိစီးနေတဲ့ အခြေအနေမျိုးမှာတော့ ဘယ်သူ့ကိုမဆို အန္တရာယ် ပေးနိုင်တယ်လို့ ပြောပါတယ်။

အိုင်ယာလန်မှာလည်း ၂၀၁၃ ခုနှစ်တုန်းက တစ်ပတ်လောက် အချိန်အတွင်း လင်းပိုင်တစ်ကောင်တည်းက အမျိုးသမီး နှစ်ဦးကို တိုက်ခိုက်ခဲ့ဖူးပြီး တစ်ဦးက နံရိုးကျိုးတဲ့ထိ ဒဏ်ရာ ရခဲ့ပါတယ်။ နောက်တစ်နှစ် အကြာမှာတော့ အိုင်ယာလန် ကမ်းခြေတစ်ခုမှာ လင်းပိုင်တစ်ကောင်က သိသိသာသာ ရန်လိုတဲ့ အမူအယာတွေနဲ့ လှည့်ပတ် ကူးခတ်နေတာကြောင့် ရေကူးနေသူ ၅ ဦးကို ကယ်ဆယ်ခဲ့ရဖူးပါတယ်။

စိတ်ဖိစီးနေတဲ့ လင်းပိုင်တွေဟာ လူသားတွေကိုတင် ရန်လိုတာ မဟုတ်ဘဲ ရေနေသက်ရှိ မျိုးစိတ်တွေကိုပါ ရန်မူလေ့ ရှိတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန်စစ်တပ်ဟာ နိုင်ငံရဲ့ နောက်ဆုံးပေါ် ဟိုက်ပါဆောနစ် ဒုံးကျည်လက်နက် စနစ်ကို ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ဖော် ပြသခဲ့ပါတယ်။