Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လေတပ်စခန်းကို ယူကရိန်းဒရုန်း တိုက်ခိုက်မှုကြောင့် ရုရှား မဟာဗျူဟာ ဗုံးကြဲလေယာဉ် ပျက်စီး

ယူကရိန်း ဒရုန်းတွေ တိုက်ခိုက်မှု သတင်းတွေ ကြားသိရတဲ့နောက် မော်စကိုမှာရှိတဲ့ အကြီးဆုံး လေဆိပ် ၃ ခုကိုလည်း ပိတ်ထားခဲ့ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ရှာရီမက်ယီဗိုနဲ့ ဒိုမိုဒီဒိုဗို လေဆိပ်တွေကို ခပ်မြန်မြန်ပဲ ပြန်ဖွင့်ခဲ့ပါတယ်။

လေတပ်စခန်းကို ယူကရိန်းဒရုန်း တိုက်ခိုက်မှုကြောင့် ရုရှား မဟာဗျူဟာ ဗုံးကြဲလေယာဉ် ပျက်စီး
လေတပ်စခန်းကို ယူကရိန်းဒရုန်း တိုက်ခိုက်မှုကြောင့် ရုရှား မဟာဗျူဟာ ဗုံးကြဲလေယာဉ် ပျက်စီး

ရုရှားရဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီး တစီးကို ယူကရိန်းက ဒရုန်း အသုံးပြုပြီး တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

လူမှုကွန်ရက် မီဒီယာတွေပေါ် ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေကို လေ့လာသူတွေက ဆန်းစစ်ကြည့်တဲ့နောက် စိန့်ပီတာစဘက်ဂ်မြို့ တောင်ပိုင်း၊ ဆော်လ်ဆီ-၂ လေတပ်စခန်းမှာ ရပ်နားထားတဲ့ Tupolev Tu-22 ဗုံးကြဲ လေယာဉ်ကြီးတစ်စီး မီးလောင်နေတဲ့ ဓာတ်ပုံဟာ အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

အစောပိုင်းမှာ ရုရှား အာဏာပိုင်တွေက လေတပ်စခန်းကို လက်နက်ငယ်နဲ့ တိုက်ခိုက် ခံရမှု တစ်ခု ဖြစ်ခဲ့ပြီး လေယာဉ်တစ်စီး အနည်းအကျဉ်း ထိခိုက်ခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဓာတ်ပုံတွေ အရတော့ အနည်းအကျဉ်း မဟုတ်ဘဲ Tu-22ကြီး တစ်စီးလုံး မီးလောင်ကျွမ်းသွားတာကို မြင်ရပါတယ်။

ဒီဖြစ်စဉ်အပြီး မရှေးမနှောင်းမှာပဲ မော်စကို မြို့တော်နားကို ချဉ်းကပ်လာတဲ့ ဒရုန်းနှစ်စီးကို ပစ်ချခဲ့တယ်လို့ မြို့တော်ဝန် ဆာဂျီ ဆိုဘီယာနင်က ပြောပါတယ်။ ဒါ့အပြင် ယူကရိန်း အရှေ့မြောက်စွန်း နယ်စပ်နားက ဘရိုင်နက်စ်ခ် ခရိုင်ထဲမှာလည်း ဒရုန်းနှစ်စီးကို ကြားဖြတ် ဟန့်တားနိုင်ခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း ဒရုန်းတွေ တိုက်ခိုက်မှု သတင်းတွေ ကြားသိရတဲ့နောက် မော်စကိုမှာရှိတဲ့ အကြီးဆုံး လေဆိပ် ၃ ခုကိုလည်း ပိတ်ထားခဲ့ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ရှာရီမက်ယီဗိုနဲ့ ဒိုမိုဒီဒိုဗို လေဆိပ်တွေကို ခပ်မြန်မြန်ပဲ ပြန်ဖွင့်ခဲ့ပါတယ်။

ဒရုန်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ Tu-22 ဗုံးကြဲလေယာဉ်တွေဟာ ရုရှားရဲ့ လက်နက်တိုက်ထဲမှာ အရေးအပါဆုံး စာရင်းဝင် မဟာဗျူဟာ စစ်လက်နက်တွေပါ။ အဲဒီ ဗုံးကြဲ လေယာဉ်တွေဟာ အသံထက် နှစ်ဆမြန်တဲ့နှုန်းနဲ့ တာဝေး ပျံသန်းနိုင်ပါတယ်။ ယူကရိန်းရဲ့ မြို့ရွာတွေကို ဗုံးကြဲခဲ့ရာမှာ Tu-22တွေကို ရုရှားက ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အဆိုအရ ဆော်လ်ဆီ-၂ လေတပ်စခန်းကို တိုက်ခိုက်ခဲ့တာဟာ ဒလက် အသုံးပြု တည်ဆောက်ထားတဲ့ ဒရုန်းတစ်စီး ဖြစ်တယ်လို့ သိရပါတယ်။ လေတပ်စခန်းကို အကြမ်းဖက် တိုက်ခိုက်မှု ခံရပြီး လေယာဉ်တစ်စီး ထိခိုက်ခဲ့ကြောင်း၊ ဒါပေမဲ့ လူအသေအပျောက်တော့ မရှိခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ရုရှားမှာ Tu-22 အစီး ၆၀ လောက် ပိုင်ဆိုင်ထားတာကြောင့် ၁ စီး ပျက်စီးရုံနဲ့ ကြီးကြီးမားမား ထိခိုက်မှု မရှိတဲ့တိုင်အောင် ယူကရိန်းဟာ ရုရှားရဲ့ မဟာဗျူဟာ စစ်ရေး ပစ်မှတ်တွေကို ချေမှုန်းလာနိုင်ပြီဆိုတဲ့ သတင်းစကားကိုတော့ ထိထိရောက်ရောက် ပေးပို့နိုင်ခဲ့ပါတယ်။ တိုက်ခိုက်မှု ဖြစ်ပွားရာ ဆော်လ်ဆီ-၂ လေတပ်စခန်းဟာ ယူကရိန်း ပိုင်နက်ကနေ ကီလိုမီတာပေါင်း ၆၅၀ လောက် အကွာမှာ တည်ရှိနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။