Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် ရေတပ် ကွန်မန်ဒိုတွေကို တားမြစ်ဆေးဝါး ရှောင်တခင် စစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ကြေညာ

Sealအဖွဲ့ ၄ ခုရဲ့ ၁၅ ရာခိုင်နှုန်းလောက် ကွန်မန်ဒိုတွေ၊ တနည်းအားဖြင့် အယောက် ၂၀၀ လောက်ကို နိုဝင်ဘာ လဆန်းလောက်ကစပြီး လစဉ် ကြုံသလို ရွေးချယ်ပြီး ဆေးစစ်သွားမယ်လို့ ရေတပ်က ပြောပါတယ်။

အမေရိကန် ရေတပ် ကွန်မန်ဒိုတွေကို တားမြစ်ဆေးဝါး ရှောင်တခင် စစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ကြေညာ
အမေရိကန် ရေတပ် ကွန်မန်ဒိုတွေကို တားမြစ်ဆေးဝါး ရှောင်တခင် စစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ကြေညာ

အစွမ်းအထက်ဆုံး အထူးတိုက်ခိုက်ရေး ကွန်မန်ဒိုတွေကို တားမြစ်ဆေး သုံးစွဲမှု ရှိမရှိ ရှောင်တခင် ဆေးစစ်မှုတွေ လုပ်ဆောင်သွားမယ်လို့ အမေရိကန် ရေတပ်က အတည်ပြုလိုက်ပါတယ်။

Sealတွေလို့ ခေါ်ဝေါ်ကြတဲ့ ရေတပ် ကွန်မန်ဒိုဟာ အမေရိကန်ရဲ့ လေ့ကျင့်သား အပြည့်ဝဆုံး၊ အထက်မြက်ဆုံး စာရင်းဝင် အထူးကွန်မန်ဒိုတွေပါ။ Sealတွေမှာ စွမ်းဆောင်ရည် မြှင့်တင်ပေးပေမယ့် ဘေးထွက်ဆိုးကျိုး ဖြစ်ပေါ်စေတဲ့ တားမြစ်ဆေးတွေ သုံးစွဲတဲ့ အလေ့အထ ကျယ်ပြန့်နေကြောင်း ကောလာဟလတွေ ထွက်ပေါ်လာတဲ့နောက် ရေတပ်က အခုလိုမျိုး ရှောင်တခင် ဆေးစစ်တာတွေ လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Sealအဖွဲ့ ၄ ခုရဲ့ ၁၅ ရာခိုင်နှုန်းလောက် ကွန်မန်ဒိုတွေ၊ တနည်းအားဖြင့် အယောက် ၂၀၀ လောက်ကို နိုဝင်ဘာ လဆန်းလောက်ကစပြီး လစဉ် ကြုံသလို ရွေးချယ်ပြီး ဆေးစစ်သွားမယ်လို့ ရေတပ်က ပြောပါတယ်။

ရေတပ် အထူးစစ်ဆင်ရေးတွေကို ကြီးမှူးရတဲ့ နောက်တန်း သေနာပတိ ကိသ်ဒေးဗစ်က အခုလို ဆေးစစ်မှုတွေဟာ အဖွဲ့သားတွေရဲ့ ကျန်းမာရေး၊ လုံခြုံရေး၊ စစ်ဆင်ရေးအတွက် အသင့်ရှိမှုတွေကို သေချာစေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

Sealတွေမှာ ပင်လယ်ပြင်၊ လေကြောင်းချီ၊ ကမ်းတက် တိုက်ခိုက်ရေး အဖွဲ့ခွဲတွေ ရှိသလို အထူးတည်ဆောက်ထားတဲ့ လှေတွေနဲ့ စစ်ဆင်ရေး ဆောင်ရွက်တဲ့ အဖွဲ့ခွဲလည်း ရှိပါတယ်။ Sealအားလုံးပေါင်း အယောက် ၉၀၀၀ လောက် ရွေးချယ် ဖွဲ့စည်းထားတယ်လို့ ယုံကြည်ရပြီး စစ်ရေးအရ အနုအစိတ်ဆုံး၊ အရေးအကြီးဆုံး၊ ထိလွယ်ရှလွယ် အရှိဆုံး မစ်ရှင်တွေမှာ Sealတွေ တာဝန်ယူလေ့ ရှိပါတယ်။ ဥပမာ အကြမ်းဖက်ခေါင်းဆောင် အိုစမာ ဘင်လာဒင်ကို ၂၀၁၁ ခုနှစ်တုန်းက ပါကစ္စတန် ပိုင်နက်ထဲထိ ဝင်ရောက်သုတ်သင် ရှင်းလင်းတဲ့ စစ်ဆင်ရေးကို Sealတွေက တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက Seal အဖွဲ့သားတစ်ဦး လေ့ကျင့်ရေး အစီအစဉ်မှာ သေဆုံးသွားတာကို နောက်ဆက်တွဲ စုံစမ်း စစ်ဆေးရင်း ကျန်းမာရေး စစ်ဆေးမှုနဲ့ တားမြစ်ဆေးဝါး သုံးစွဲမှုတွေမှာ စနစ်တကျ စောင့်ကြည့်မှု အားနည်းချက်တွေ ရှိနေကြောင်း တွေ့ရှိလာတဲ့နောက် အဲဒီ အမှားတွေကို ပြင်ဆင်ဖို့ ရေတပ်က အားထည့် ကြိုးစားလာတာပါ။

အသက် ၂၄ နှစ်အရွယ် ကိုင်းလ်မူလန်ဟာ ရေတပ်မှာ ငရဲသီတင်းပတ်လို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လေ့ကျင့်ရေး အစီအစဉ်ကို ဖြတ်သန်းရင်း အဆုတ်အအေးပတ်ပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ကားထဲမှာ စွမ်းဆောင်ရည် မြှင့်တဲ့ ဆေးတွေနဲ့ ဆေးထိုးအပ်တွေကို ရှာတွေ့ခဲ့ပေမယ့် သေဆုံးမှု အကြောင်းရင်းကတော့ အဲဒီ ဆေးဝါးတွေကြောင့် မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ Sealတွေထဲမှာ အဲဒီလို ဆေးဝါး သုံးစွဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေနိုင်ကြောင်း အထောက်အထားတွေကို စတင် ခြေရာခံ တွေ့ရှိလာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။