Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အမေရိကန် ရေတပ် ကွန်မန်ဒိုတွေကို တားမြစ်ဆေးဝါး ရှောင်တခင် စစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ကြေညာ

Sealအဖွဲ့ ၄ ခုရဲ့ ၁၅ ရာခိုင်နှုန်းလောက် ကွန်မန်ဒိုတွေ၊ တနည်းအားဖြင့် အယောက် ၂၀၀ လောက်ကို နိုဝင်ဘာ လဆန်းလောက်ကစပြီး လစဉ် ကြုံသလို ရွေးချယ်ပြီး ဆေးစစ်သွားမယ်လို့ ရေတပ်က ပြောပါတယ်။

အမေရိကန် ရေတပ် ကွန်မန်ဒိုတွေကို တားမြစ်ဆေးဝါး ရှောင်တခင် စစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ကြေညာ
အမေရိကန် ရေတပ် ကွန်မန်ဒိုတွေကို တားမြစ်ဆေးဝါး ရှောင်တခင် စစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ကြေညာ

အစွမ်းအထက်ဆုံး အထူးတိုက်ခိုက်ရေး ကွန်မန်ဒိုတွေကို တားမြစ်ဆေး သုံးစွဲမှု ရှိမရှိ ရှောင်တခင် ဆေးစစ်မှုတွေ လုပ်ဆောင်သွားမယ်လို့ အမေရိကန် ရေတပ်က အတည်ပြုလိုက်ပါတယ်။

Sealတွေလို့ ခေါ်ဝေါ်ကြတဲ့ ရေတပ် ကွန်မန်ဒိုဟာ အမေရိကန်ရဲ့ လေ့ကျင့်သား အပြည့်ဝဆုံး၊ အထက်မြက်ဆုံး စာရင်းဝင် အထူးကွန်မန်ဒိုတွေပါ။ Sealတွေမှာ စွမ်းဆောင်ရည် မြှင့်တင်ပေးပေမယ့် ဘေးထွက်ဆိုးကျိုး ဖြစ်ပေါ်စေတဲ့ တားမြစ်ဆေးတွေ သုံးစွဲတဲ့ အလေ့အထ ကျယ်ပြန့်နေကြောင်း ကောလာဟလတွေ ထွက်ပေါ်လာတဲ့နောက် ရေတပ်က အခုလိုမျိုး ရှောင်တခင် ဆေးစစ်တာတွေ လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Sealအဖွဲ့ ၄ ခုရဲ့ ၁၅ ရာခိုင်နှုန်းလောက် ကွန်မန်ဒိုတွေ၊ တနည်းအားဖြင့် အယောက် ၂၀၀ လောက်ကို နိုဝင်ဘာ လဆန်းလောက်ကစပြီး လစဉ် ကြုံသလို ရွေးချယ်ပြီး ဆေးစစ်သွားမယ်လို့ ရေတပ်က ပြောပါတယ်။

ရေတပ် အထူးစစ်ဆင်ရေးတွေကို ကြီးမှူးရတဲ့ နောက်တန်း သေနာပတိ ကိသ်ဒေးဗစ်က အခုလို ဆေးစစ်မှုတွေဟာ အဖွဲ့သားတွေရဲ့ ကျန်းမာရေး၊ လုံခြုံရေး၊ စစ်ဆင်ရေးအတွက် အသင့်ရှိမှုတွေကို သေချာစေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

Sealတွေမှာ ပင်လယ်ပြင်၊ လေကြောင်းချီ၊ ကမ်းတက် တိုက်ခိုက်ရေး အဖွဲ့ခွဲတွေ ရှိသလို အထူးတည်ဆောက်ထားတဲ့ လှေတွေနဲ့ စစ်ဆင်ရေး ဆောင်ရွက်တဲ့ အဖွဲ့ခွဲလည်း ရှိပါတယ်။ Sealအားလုံးပေါင်း အယောက် ၉၀၀၀ လောက် ရွေးချယ် ဖွဲ့စည်းထားတယ်လို့ ယုံကြည်ရပြီး စစ်ရေးအရ အနုအစိတ်ဆုံး၊ အရေးအကြီးဆုံး၊ ထိလွယ်ရှလွယ် အရှိဆုံး မစ်ရှင်တွေမှာ Sealတွေ တာဝန်ယူလေ့ ရှိပါတယ်။ ဥပမာ အကြမ်းဖက်ခေါင်းဆောင် အိုစမာ ဘင်လာဒင်ကို ၂၀၁၁ ခုနှစ်တုန်းက ပါကစ္စတန် ပိုင်နက်ထဲထိ ဝင်ရောက်သုတ်သင် ရှင်းလင်းတဲ့ စစ်ဆင်ရေးကို Sealတွေက တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက Seal အဖွဲ့သားတစ်ဦး လေ့ကျင့်ရေး အစီအစဉ်မှာ သေဆုံးသွားတာကို နောက်ဆက်တွဲ စုံစမ်း စစ်ဆေးရင်း ကျန်းမာရေး စစ်ဆေးမှုနဲ့ တားမြစ်ဆေးဝါး သုံးစွဲမှုတွေမှာ စနစ်တကျ စောင့်ကြည့်မှု အားနည်းချက်တွေ ရှိနေကြောင်း တွေ့ရှိလာတဲ့နောက် အဲဒီ အမှားတွေကို ပြင်ဆင်ဖို့ ရေတပ်က အားထည့် ကြိုးစားလာတာပါ။

အသက် ၂၄ နှစ်အရွယ် ကိုင်းလ်မူလန်ဟာ ရေတပ်မှာ ငရဲသီတင်းပတ်လို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လေ့ကျင့်ရေး အစီအစဉ်ကို ဖြတ်သန်းရင်း အဆုတ်အအေးပတ်ပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ကားထဲမှာ စွမ်းဆောင်ရည် မြှင့်တဲ့ ဆေးတွေနဲ့ ဆေးထိုးအပ်တွေကို ရှာတွေ့ခဲ့ပေမယ့် သေဆုံးမှု အကြောင်းရင်းကတော့ အဲဒီ ဆေးဝါးတွေကြောင့် မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ Sealတွေထဲမှာ အဲဒီလို ဆေးဝါး သုံးစွဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေနိုင်ကြောင်း အထောက်အထားတွေကို စတင် ခြေရာခံ တွေ့ရှိလာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။