Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ပဋိပက္ခတွေ ကျယ်ပြန့်မလာအောင် ထိန်းသိမ်းဖို့ နျူကလီးယား ရေငုပ်သင်္ဘော တစ်စီးကို အရှေ့အလယ်ပိုင်းဆီ အမေရိကန် ပို့ဆောင်

တစ်နည်းအားဖြင့် အစ္စရေး-ဟားမားစ် ပဋိပက္ခကို ပိုမိုကျယ်ပြန့်တဲ့ ဒေသတွင်း စစ်ပွဲကြီးအဆင့် ကျယ်ပြန့်လာအောင် မီးမွှေးလာနိုင်ခြေရှိတဲ့ နိုင်ငံတွေကို အင်အားပြ သတိပေးထားတာလို့လည်း ဆိုနိုင်ပါတယ်။

ပဋိပက္ခတွေ ကျယ်ပြန့်မလာအောင် ထိန်းသိမ်းဖို့ နျူကလီးယား ရေငုပ်သင်္ဘော တစ်စီးကို အရှေ့အလယ်ပိုင်းဆီ အမေရိကန် ပို့ဆောင်
ပဋိပက္ခတွေ ကျယ်ပြန့်မလာအောင် ထိန်းသိမ်းဖို့ နျူကလီးယား ရေငုပ်သင်္ဘော တစ်စီးကို အရှေ့အလယ်ပိုင်းဆီ အမေရိကန် ပို့ဆောင်

ရှားပါး အခြေအနေ တစ်ရပ်အနေနဲ့ အမေရိကန်ဟာ အရှေ့အလယ်ပိုင်း ဒေသမှာ နျူကလီးယား စွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘော တစ်စီးကို ပို့ဆောင်ထားကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။

နျူကလီးယား ထိပ်ဖူးတပ် ပဲ့ထိန်းဒုံးကျည်တွေ တပ်ဆင်ထားတဲ့ Ohioအဆင့် ရေငုပ်သင်္ဘော တစ်စီးဟာ အရှေ့အလယ်ပိုင်း ဒေသမှာ လုံခြုံရေး မစ်ရှင်တွေ ထမ်းဆောင်ဖို့ ရောက်ရှိနေကြောင်း အမေရိကန် ရေတပ်က နိုဝင်ဘာ ၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ပုံမှန်အားဖြင့် ရေငုပ်သင်္ဘောတွေရဲ့ တည်နေရာကို သက်ဆိုင်ရာ ရေတပ်တွေက အရမ်း သိုသိပ် လျှို့ဝှက်ထားလေ့ ရှိပေမယ့်လည်း အခုတစ်ကြိမ်မှာတော့ အရှေ့အလယ်ပိုင်းမှာ ဖြန့်ကျက်ထားတဲ့ စစ်အင်အား အတိမ်အနက်ကို လှစ်ဟပြတဲ့ အနေနဲ့ အမေရိကန် ရေတပ်က ကြေညာလိုက်တဲ့ သဘောပါပဲ။

တစ်နည်းအားဖြင့် အစ္စရေး-ဟားမားစ် ပဋိပက္ခကို ပိုမိုကျယ်ပြန့်တဲ့ ဒေသတွင်း စစ်ပွဲကြီးအဆင့် ကျယ်ပြန့်လာအောင် မီးမွှေးလာနိုင်ခြေရှိတဲ့ နိုင်ငံတွေကို အင်အားပြ သတိပေးထားတာလို့လည်း ဆိုနိုင်ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်ရဲ့ ဗဟို စစ်ရေးဌာနချုပ် (CENTCOM)က Ohioအဆင့် ရေငုပ်သင်္ဘောတစ်စီး အရှေ့အလယ်ပိုင်းကို ရောက်ရှိနေကြောင်း အတည်ပြုခဲ့သလို ကာကွယ်ရေး ဝန်ကြီးဌာနကလည်း အဲဒီ ရေငုပ်သင်္ဘောက ဆူးအက်ဇ် ရေလက်ကြားကို ဖြတ်သန်း ခုတ်မောင်းနေတဲ့ ဓာတ်ပုံတစ်ပုံကို လူမှုကွန်ရက် မီဒီယာ Xမှာ တင်ထားခဲ့ပါတယ်။

အမေရိကန်ဟာ ဂါဇာမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် စတင်ဖြစ်ပွားချိန် ကတည်းက အရှေ့အလယ်ပိုင်း ဒေသတွင်းက မဟာမိတ် နိုင်ငံတွေမှာ ရေတပ်နဲ့ လေတပ် အင်အားတွေ ဖြည့်တင်းထားလိုက်ပြီး စစ်သည် ၁၀၀၀ လောက်ကိုပါ အားဖြည့် ပို့ဆောင်ထားပါတယ်။ ဒါ့အပြင် အရေအတွက် အတိအကျ မသိရတဲ့ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ဝင် ကွန်မန်ဒိုတွေကိုလည်း အခြေအနေတိုင်းအတွက် အသင့်ပြင်ဆင်ထားဖို့ တပ်လှန့်ပြီး အစ္စရေး တဝိုက်မှာ ဖြန့်ကျက်ထားကြောင်း သိရပါတယ်။

အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်မှူးချုပ် ပတ်ရိုက်ဒါက အခုလို အမေရိကန်တပ်တွေ အလုံးအရင်း ပို့ဆောင်ထားတာဟာ အရှေ့အလယ်ပိုင်း ဒေသမှာ တင်းမာမှုတွေ ပိုမို ကျယ်ပြန့်မလာအောင် တားဆီးဖို့၊ အမေရိကန်ရဲ့ မဟာမိတ်တွေကို အကာအကွယ်ပေးဖို့ ရည်ရွယ်ချက်ကြောင့်ဖြစ်ကြောင်း ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။