Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပဋိပက္ခတွေ ကျယ်ပြန့်မလာအောင် ထိန်းသိမ်းဖို့ နျူကလီးယား ရေငုပ်သင်္ဘော တစ်စီးကို အရှေ့အလယ်ပိုင်းဆီ အမေရိကန် ပို့ဆောင်

တစ်နည်းအားဖြင့် အစ္စရေး-ဟားမားစ် ပဋိပက္ခကို ပိုမိုကျယ်ပြန့်တဲ့ ဒေသတွင်း စစ်ပွဲကြီးအဆင့် ကျယ်ပြန့်လာအောင် မီးမွှေးလာနိုင်ခြေရှိတဲ့ နိုင်ငံတွေကို အင်အားပြ သတိပေးထားတာလို့လည်း ဆိုနိုင်ပါတယ်။

ပဋိပက္ခတွေ ကျယ်ပြန့်မလာအောင် ထိန်းသိမ်းဖို့ နျူကလီးယား ရေငုပ်သင်္ဘော တစ်စီးကို အရှေ့အလယ်ပိုင်းဆီ အမေရိကန် ပို့ဆောင်
ပဋိပက္ခတွေ ကျယ်ပြန့်မလာအောင် ထိန်းသိမ်းဖို့ နျူကလီးယား ရေငုပ်သင်္ဘော တစ်စီးကို အရှေ့အလယ်ပိုင်းဆီ အမေရိကန် ပို့ဆောင်

ရှားပါး အခြေအနေ တစ်ရပ်အနေနဲ့ အမေရိကန်ဟာ အရှေ့အလယ်ပိုင်း ဒေသမှာ နျူကလီးယား စွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘော တစ်စီးကို ပို့ဆောင်ထားကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။

နျူကလီးယား ထိပ်ဖူးတပ် ပဲ့ထိန်းဒုံးကျည်တွေ တပ်ဆင်ထားတဲ့ Ohioအဆင့် ရေငုပ်သင်္ဘော တစ်စီးဟာ အရှေ့အလယ်ပိုင်း ဒေသမှာ လုံခြုံရေး မစ်ရှင်တွေ ထမ်းဆောင်ဖို့ ရောက်ရှိနေကြောင်း အမေရိကန် ရေတပ်က နိုဝင်ဘာ ၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ပုံမှန်အားဖြင့် ရေငုပ်သင်္ဘောတွေရဲ့ တည်နေရာကို သက်ဆိုင်ရာ ရေတပ်တွေက အရမ်း သိုသိပ် လျှို့ဝှက်ထားလေ့ ရှိပေမယ့်လည်း အခုတစ်ကြိမ်မှာတော့ အရှေ့အလယ်ပိုင်းမှာ ဖြန့်ကျက်ထားတဲ့ စစ်အင်အား အတိမ်အနက်ကို လှစ်ဟပြတဲ့ အနေနဲ့ အမေရိကန် ရေတပ်က ကြေညာလိုက်တဲ့ သဘောပါပဲ။

တစ်နည်းအားဖြင့် အစ္စရေး-ဟားမားစ် ပဋိပက္ခကို ပိုမိုကျယ်ပြန့်တဲ့ ဒေသတွင်း စစ်ပွဲကြီးအဆင့် ကျယ်ပြန့်လာအောင် မီးမွှေးလာနိုင်ခြေရှိတဲ့ နိုင်ငံတွေကို အင်အားပြ သတိပေးထားတာလို့လည်း ဆိုနိုင်ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်ရဲ့ ဗဟို စစ်ရေးဌာနချုပ် (CENTCOM)က Ohioအဆင့် ရေငုပ်သင်္ဘောတစ်စီး အရှေ့အလယ်ပိုင်းကို ရောက်ရှိနေကြောင်း အတည်ပြုခဲ့သလို ကာကွယ်ရေး ဝန်ကြီးဌာနကလည်း အဲဒီ ရေငုပ်သင်္ဘောက ဆူးအက်ဇ် ရေလက်ကြားကို ဖြတ်သန်း ခုတ်မောင်းနေတဲ့ ဓာတ်ပုံတစ်ပုံကို လူမှုကွန်ရက် မီဒီယာ Xမှာ တင်ထားခဲ့ပါတယ်။

အမေရိကန်ဟာ ဂါဇာမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် စတင်ဖြစ်ပွားချိန် ကတည်းက အရှေ့အလယ်ပိုင်း ဒေသတွင်းက မဟာမိတ် နိုင်ငံတွေမှာ ရေတပ်နဲ့ လေတပ် အင်အားတွေ ဖြည့်တင်းထားလိုက်ပြီး စစ်သည် ၁၀၀၀ လောက်ကိုပါ အားဖြည့် ပို့ဆောင်ထားပါတယ်။ ဒါ့အပြင် အရေအတွက် အတိအကျ မသိရတဲ့ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ဝင် ကွန်မန်ဒိုတွေကိုလည်း အခြေအနေတိုင်းအတွက် အသင့်ပြင်ဆင်ထားဖို့ တပ်လှန့်ပြီး အစ္စရေး တဝိုက်မှာ ဖြန့်ကျက်ထားကြောင်း သိရပါတယ်။

အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်မှူးချုပ် ပတ်ရိုက်ဒါက အခုလို အမေရိကန်တပ်တွေ အလုံးအရင်း ပို့ဆောင်ထားတာဟာ အရှေ့အလယ်ပိုင်း ဒေသမှာ တင်းမာမှုတွေ ပိုမို ကျယ်ပြန့်မလာအောင် တားဆီးဖို့၊ အမေရိကန်ရဲ့ မဟာမိတ်တွေကို အကာအကွယ်ပေးဖို့ ရည်ရွယ်ချက်ကြောင့်ဖြစ်ကြောင်း ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။