Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

လက်ဘနွန်ဖက်မှာပါ စစ်မျက်နှာ ဖွင့်လာနိုင်တယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီးပြော

အစ္စရေး အစိုးရဟာ လက်ဘနွန်နဲ့ နယ်စပ် ၁၀ ကီလိုမီတာ အကွာထိ ဒေသထဲမှာ နေထိုင်သူတွေကို အောက်တိုဘာ လဆန်းကတည်းက ရွှေ့ပြောင်းထားစေခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဒေသခံ အများစုဟာ တဲလ်အဗစ်ဗ်မြို့ထဲမှာ အစိုးရ စီစဉ်ပေးရာ ဟိုတယ်ခန်းတွေမှာ နေထိုင်နေကြပါတယ်။

လက်ဘနွန်ဖက်မှာပါ စစ်မျက်နှာ ဖွင့်လာနိုင်တယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီးပြော
လက်ဘနွန်ဖက်မှာပါ စစ်မျက်နှာ ဖွင့်လာနိုင်တယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီးပြော

နောက်ထပ် စစ်မျက်နှာ အသစ်တစ်ခု ထပ်ဖွင့်လာနိုင်တဲ့ အခြေအနေတွေ ရှိနေကြောင်း အစ္စရေး ကာကွယ်ရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

အစ္စရေးဟာ နိုင်ငံတောင်ပိုင်းနဲ့ ထိစပ်နေရာ ဂါဇာ ကမ်းမြှောင် ဒေသမှာ ဟားမားစ်တွေနဲ့ အပြင်းအထန် တိုက်ခိုက်ပြီး အင်အား အလုံးအရင်းနဲ့ စစ်ဆင်ရေး ဆင်နွှဲနေသလို နိုင်ငံမြောက်ပိုင်း၊ လက်ဘနွန်နဲ့ နယ်စပ်မှာလည်း လုံခြုံရေး တင်းကျပ်ထားပါတယ်။

ဂါဇာမှာ စစ်ပွဲစတင်လာချိန် ကတည်းက လက်ဘနွန် အခြေစိုက် ဟက်ဇ်ဘိုလာ ပြောက်ကျားတွေနဲ့ အစ္စရေး စစ်တပ်ကြားမှာ နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားပြီး အခြေအနေ တင်းမာနေခဲ့ပါတယ်။ ဟားမားစ်ရော၊ ဟက်ဇ်ဘိုလာပါ အစ္စရေးရဲ့ ရန်သူတော် အီရန် အစိုးရက အဓိက ထောက်ပံ့ပေးထားတဲ့ လက်နက်ကိုင် အင်အားစုတွေ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၆ ရက်မှာ အစ္စရေး ကာကွယ်ရေးဝန်ကြီး ယိုအက်ဗ် ဂဲလန့်က မြောက်ပိုင်း နယ်စပ်ဒေသတွေဆီ သွားရောက် စစ်ဆေးရင်း ဒေသခံ မြို့တော်ဝန်တွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ သူက အစိုးရ အနေနဲ့ လောလောဆယ် နယ်စပ် တင်းမာမှုတွေကြောင့် ယာယီ ရွှေ့ပြောင်းနေသူ အစ္စရေး ၈၀၀၀၀ လောက်ကို နေရပ်ပြန်ဖို့ မထောက်ခံချင်သေးကြောင်း ပြောပါတယ်။

အဲဒီ ဒေသခံတွေ အနေနဲ့ အစ္စရေး စစ်တပ်က ဟက်ဇ်ဘိုလာတွေကို လက်ဘနွန် တောင်ပိုင်းမှာရှိတဲ့ လစ်တာနီမြစ်ရဲ့ တစ်ဖက်ခြမ်းထိ ပြန်မောင်းထုတ်ပြီးမှသာ နေရပ်ပြန်ဖို့ စဉ်းစားသင့်တယ်လို့ ဝန်ကြီးက ဆိုတယ်။ ဒါဟာ လက်ဘနွန်မှာပါ နောက်ထပ် စစ်မျက်နှာတစ်ခု ထပ်ဖွင့်ဖို့ အစ္စရေးက စဉ်းစားနေကြောင်း အရိပ်အမြွက် မှတ်ချက်လည်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေး အစိုးရဟာ လက်ဘနွန်နဲ့ နယ်စပ် ၁၀ ကီလိုမီတာ အကွာထိ ဒေသထဲမှာ နေထိုင်သူတွေကို အောက်တိုဘာ လဆန်းကတည်းက ရွှေ့ပြောင်းထားစေခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဒေသခံ အများစုဟာ တဲလ်အဗစ်ဗ်မြို့ထဲမှာ အစိုးရ စီစဉ်ပေးရာ ဟိုတယ်ခန်းတွေမှာ နေထိုင်နေကြပါတယ်။

အစ္စရေးရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ အမေရိကန်ကတော့ ဂါဇာစစ်ပွဲကို အရှေ့အလယ်ပိုင်း ဒေသထဲမှာ ပိုမိုကျယ်ပြန့်မလာအောင် အစွမ်းကုန် ကြိုးစားနေပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်ကလည်း ဟက်ဇ်ဘိုလာတွေနဲ့ အစ္စရေးတို့ကြား တင်းမာမှုတွေ ပိုမိုမြင့်တက်လာတာနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ပြောကြားထားပါတယ်။