Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်ပိုင်နက်ထဲထိ တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်ခြေကို အမေရိကန် ယတိပြတ် ငြင်းဆိုမှုမရှိ

အီရန်ရဲ့ မဟာမိတ် အင်အားစုတွေကို ပစ်မှတ်ထားတဲ့ အဲဒီ တိုက်ခိုက်မှုတွေမှာ အရပ်သား တချို့ အပါအဝင် ၂၀ ထက်မနည်း သေဆုံးခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံနှစ်ခုရဲ့ အစိုးရတွေက အမေရိကန်ဟာ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို ထိပါးချိုးဖောက်ရာ ရောက်ခဲ့တယ်လို့ စွပ်စွဲထားကြပါတယ်။

အီရန်ပိုင်နက်ထဲထိ တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်ခြေကို အမေရိကန် ယတိပြတ် ငြင်းဆိုမှုမရှိ
အီရန်ပိုင်နက်ထဲထိ တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်ခြေကို အမေရိကန် ယတိပြတ် ငြင်းဆိုမှုမရှိ

အီရန်နိုင်ငံ ပိုင်နက်ထဲထိ အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေ လုပ်လာနိုင်သလားဆိုတဲ့ မေးခွန်းကို အမေရိကန် အစိုးရရဲ့ ထိပ်တန်း အရာရှိ တစ်ဦးက အတိအလင်း ငြင်းဆိုမှု မရှိဘဲ မတင်မကျသာ ဖြေကြားခဲ့ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ ဂျိတ်ခ် ဆူလီဗန်က အီရတ်နဲ့ ဆီးရီးယား နိုင်ငံတွေထဲက အီရန် မဟာမိတ် ပြောက်ကျား အင်အားစုတွေကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ အမေရိကန်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာမျိုး အီရန် ပိုင်နက်ထဲမှာပါ ဖြစ်မလာဘူးလို့ အာမမခံနိုင်ကြောင်း အရိပ်အမြွက် မှတ်ချက် ပေးသွားပါတယ်။

NBCနဲ့ အင်တာဗျူးမှာ အီရန်နိုင်ငံ ပိုင်နက်ထဲထိ အမေရိကန်ရဲ့ စစ်ဆင်ရေးတွေ လုပ်ဆောင်လာနိုင်သလားဆိုတဲ့ မေးခွန်းအပေါ် ဆူလီဗန်က သတင်းဌာန တစ်ခုနဲ့ ဆွေးနွေးတဲ့ အချိန်မှာ စစ်ရေးအရ ဖြစ်နိုင်ခြေတွေကို ထည့်မပြောလိုကြောင်း၊ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ အမေရိကန် ပြည်သူတွေအပေါ် ရန်လို တိုက်ခိုက်တဲ့ လုပ်ရပ်တိုင်းကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း၊ တစ်ဖက်မှာလည်း ပဋိပက္ခတွေ ပိုမို ကျယ်ပြန့်မလာစေဖို့ သမ္မတက ဆန္ဒရှိကြောင်း တိုက်ရိုက် မဟုတ်ဘဲ ရှောင်လွှဲ ဖြေဆိုခဲ့ပါတယ်။

အင်တာဗျူးသူက ဒါဆိုရင် အမေရိကန်ဟာ အီရန်ပိုင်နက်ထဲမှာ စစ်ဆင်ရေးတွေ လုပ်ဆောင်နိုင်ခြေကို မငြင်းဆန်ဘူးလားလို့ ထပ်မေးတဲ့အခါ ဆူလီဗန်က သူဟာ ပထမ အဖြေကိုပဲ ပြန်ဖြေမှာ ဖြစ်ကြောင်း၊ အမေရိကန်ဟာ ရွေးချယ်စရာ မှန်သမျှကို စဉ်းစားနေပြီး အတိအကျကိုတော့ ဘာမှ မပြောလိုသေးကြောင်း တုံ့ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ လကုန်ပိုင်းက ဆီးရီးယား နိုင်ငံနဲ့ နယ်စပ်နားက ဂျော်ဒန်နိုင်ငံ ပိုင်နက်ထဲမှာ အမေရိကန် စစ်စခန်းတစ်ခုကို ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် အမေရိကန် တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီလုပ်ရပ်ကို အီရန်က ထောက်ပံ့ပေးထားတဲ့ စစ်သွေးကြွ အဖွဲ့တွေက ကျူးလွန်တယ်လို့ အမေရိကန်က စွပ်စွဲပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အီရတ်နဲ့ ဆီးရီးယား ပိုင်နက်ထဲမှာ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာပါ။

အီရန်ရဲ့ မဟာမိတ် အင်အားစုတွေကို ပစ်မှတ်ထားတဲ့ အဲဒီ တိုက်ခိုက်မှုတွေမှာ အရပ်သား တချို့ အပါအဝင် ၂၀ ထက်မနည်း သေဆုံးခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံနှစ်ခုရဲ့ အစိုးရတွေက အမေရိကန်ဟာ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို ထိပါးချိုးဖောက်ရာ ရောက်ခဲ့တယ်လို့ စွပ်စွဲထားကြပါတယ်။

ကိုးကား: NBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ကြိုဆိုဖို့ အမေရိကန် စစ်တပ် အရာရှိတွေက ပြာပြာသလဲ ကော်ဇောနီ ခင်းနေတဲ့ ဗီဒီယို တစ်ခုဟာ အမေရိကန်က လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ အတော်လေး ဝေဖန်စရာ ဖြစ်နေပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ကသာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ နစ်နာသူ ဖြစ်နေတာလို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားသွားပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တုံ့ပြန်လိုက်ပါတယ်။

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

Facebook