Connect with us

Hi, what are you looking for?

နိုင်ငံတကာ

⁨AIက ထိန်းချုပ်တဲ့ တိုက်လေယာဉ်ပေါ် ကိုယ်တိုင် လိုက်ပါစီးနင်းမယ်လို့ အမေရိကန် လေတပ်ညွှန်ချုပ်ပြော

အမေရိကန် လေတပ်ဟာ CCAလို့ နာမည်ပေးထားတဲ့ ပရောဂျက်ကို အကောင်အထည်ဖော် စမ်းသပ်နေတာ နှစ်နဲ့ချီ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ရှိရင်းစွဲ တိုက်လေယာဉ်တွေကို လေယာဉ်မှူးတွေအစား AIက ဆုံးဖြတ် ပျံသန်းတာမျိုး ခိုင်းစေနေတာ ဖြစ်ပါတယ်။

⁨AIက ထိန်းချုပ်တဲ့ တိုက်လေယာဉ်ပေါ် ကိုယ်တိုင် လိုက်ပါစီးနင်းမယ်လို့ အမေရိကန် လေတပ်ညွှန်ချုပ်ပြော
⁨AIက ထိန်းချုပ်တဲ့ တိုက်လေယာဉ်ပေါ် ကိုယ်တိုင် လိုက်ပါစီးနင်းမယ်လို့ အမေရိကန် လေတပ်ညွှန်ချုပ်ပြော

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ လေတပ်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်ဟာ ဉာဏ်ရည်တု နည်းပညာ (AI)က အပြည့်အဝ ထိန်းချုပ်တဲ့ တိုက်လေယာဉ် တစီးမှာ လိုက်ပါ စီးနင်းသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

အမေရိကန် လေတပ်ဟာ ရှိရင်းစွဲ တိုက်လေယာဉ် ၁၀၀၀ လောက်ကို လေယာဉ်မှူး မပါဘဲ AIနဲ့ ထိန်းချုပ်ပျံသန်းနိုင်တဲ့ ဒရုန်းတွေအဖြစ် ပြောင်းလဲ စမ်းသပ်နေပါတယ်။ အမေရိကန် လေတပ်ရဲ့ အရပ်ဖက်ဆိုင်ရာ အမြင့်ဆုံး ရာထူးမှာ ရှိနေသူ လေတပ် ညွှန်ကြားရေးမှူးချုပ် ဖရန့်ခ်ကန်ဒဲလ်က အဲဒီ AI အသုံးပြု တိုက်လေယာဉ်တွေရဲ့ စွမ်းဆောင်ရည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်ချင်တာကြောင့် လေယာဉ်မှူး အခန်းထဲမှာ စီးနင်းလိုက်ပါဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။

F-16 တိုက်လေယာဉ်တွေရဲ့ နှစ်ယောက်စီး ဗားရှင်းကို ဒရုန်းအဖြစ် ပြောင်းလဲ စမ်းသပ်နေရာမှာ သူနဲ့အတူ လေယာဉ်မှူး တစ်ဦးက လိုက်ပါ စီးနင်းကြည့်မှာဖြစ်ကြောင်း၊ ခရီးစဉ် တလျှောက်လုံး လေယာဉ်မှူးက ဝင်ရောက် ထိန်းချုပ်ပေးစရာ မလိုဘဲ AIကပဲ အကုန်လုံးကို တာဝန်ယူ လုပ်ဆောင်ပေးသွားနိုင်ဖို့ မျှော်လင့်ကြောင်း အမေရိကန်ရဲ့ ၂၀၂၅ ခုနှစ်၊ ကာကွယ်ရေး ဘတ်ဂျတ်ဆိုင်ရာ အထက်လွှတ်တော် ညှိနှိုင်းဆွေးနွေးမှု အစီအစဉ်မှာ ကန်ဒဲလ်က ပြောကြားသွားပါတယ်။

ကမ္ဘာအနှံ့က စစ်တပ်တွေဟာ အဆင့်မြင့် ဒရုန်းတွေကို စစ်ပွဲတွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ဖို့ အင်တိုက်အားတိုက် တီထွင် ကြံဆနေပြီး ရုရှား-ယူကရိန်း စစ်ပွဲက ဒရုန်းစစ်ဆင်ရေးတွေရဲ့ တွင်ကျယ်မှုကို သိသိသာသာ မြှင့်တင်ပေးလိုက်ကြောင်း စစ်ရေး ပါရဂူတွေက မှတ်ချက် ပေးခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် လေတပ်ဟာ CCAလို့ နာမည်ပေးထားတဲ့ ပရောဂျက်ကို အကောင်အထည်ဖော် စမ်းသပ်နေတာ နှစ်နဲ့ချီ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ရှိရင်းစွဲ တိုက်လေယာဉ်တွေကို လေယာဉ်မှူးတွေအစား AIက ဆုံးဖြတ် ပျံသန်းတာမျိုး ခိုင်းစေနေတာ ဖြစ်ပါတယ်။ အဲဒီ AI အသုံးပြု ဒရုန်းတွေဟာ တကယ့် စစ်ဆင်ရေးတွေမှာ လူသား တိုက်လေယာဉ်မှူးတွေအတွက် သစ္စာရှိ တိုက်ဖော်တိုက်ဖက်တွေ ဖြစ်လာမယ်လို့ လေတပ်က ဆိုပါတယ်။

ဒါပေမဲ့ လေတပ်က အဲဒီ ဒရုန်းတပ်ဖွဲ့တွေရဲ့ အရေအတွက်နဲ့ တည်ဆောက်မယ့် အခြေခံ ပလက်ဖောင်းတွေ အပါအဝင် အသေးစိတ် အချက်အလက်တွေကို လုံးဝ ထုတ်မပြောဘဲ နှုတ်ဆိတ်နေပါတယ်။ ကန်ဒဲလ်က ဒရုန်း တိုက်လေယာဉ်အုပ်တွေ ထူထောင်မှုဟာ အနာဂတ်မှာ လေယာဉ်မှူးတွေ မောင်းနှင်တဲ့ တိုက်လေယာဉ်တွေထက် အများကြီး စရိတ်သက်သာလာနိုင်တယ်လို့လည်း မှတ်ချက် ပေးခဲ့ပါတယ်။ လက်ရှိ လေတပ်က အသုံးပြုနေတဲ့ F-35A တိုက်လေယာဉ် တစ်စီးရဲ့ တန်ဖိုးထက် လေးပုံတစ်ပုံလောက် လျော့ကျတဲ့ ဒေါ်လာ သန်း ၂၀ ဝန်းကျင်လောက်သာ ဒရုန်းတိုက်လေယာဉ် တစ်စီးက တန်ဖိုး ကျသင့်နိုင်တယ်လို့လည်း သူက ခန့်မှန်းသွားပါတယ်။

ကိုးကား: AirForce Times⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒရုန်း တိုက်လေယာဉ်တွေ ထုတ်လုပ် တည်ဆောက်ပေးဖို့ အမေရိကန် လေတပ်က ကုမ္ပဏီ နှစ်ခုနဲ့ အဝယ်စာချုပ်တွေ ချုပ်ဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။