Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မကြုံစဖူး ရေကြီးမှုတွေကြောင့် ဒူဘိုင်းမှာ အရှုပ်အထွေးတွေ ဖြစ်ပေါ်

အခုလို ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုတွေဟာ အာရေဘီးယား ကျွန်းဆွယ်တဝိုက်မှာ ဖြစ်ပွားနေတဲ့ မုန်တိုင်းစနစ် တစ်ခုနဲ့ ဆက်နွှယ်နေပါတယ်။

မကြုံစဖူး ရေကြီးမှုတွေကြောင့် ဒူဘိုင်းမှာ အရှုပ်အထွေးတွေ ဖြစ်ပေါ်
မကြုံစဖူး ရေကြီးမှုတွေကြောင့် ဒူဘိုင်းမှာ အရှုပ်အထွေးတွေ ဖြစ်ပေါ်

စံချိန်တင် မိုးရွာသွန်းမှုတွေနဲ့အတူ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားပြီး နောက်ဆက်တွဲ အရှုပ်အထွေးတွေ ကြုံတွေ့နေရပါတယ်။

အရှေ့အလယ်ပိုင်း ဒေသက သဲကန္တာရ နိုင်ငံတစ်ခုဖြစ်တဲ့ ယူအေအီးရဲ့ တချို့သော အစိတ်အပိုင်းတွေဟာ ၂၄ နာရီအတွင်း မိုးရေချိန် ၂၅၀ မီလီမီတာကျော်အောင် ရွာသွန်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီအခြေအနေဟာ ၇၅ နှစ်တာအတွင်း ယူအေအီးရဲ့ စံချိန်တင် မိုးအများဆုံး ပမာဏ ဖြစ်ခဲ့ပါတယ်။

မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် ယူအေအီးရဲ့ စီးပွားရေး မြို့တော်ဖြစ်တဲ့ ဒူဘိုင်းမှာ လမ်းတွေကို ရေဖုံးသွားပြီး သဲကန္တာရ ပေါက်ပင်တွေ အမြစ်ကနေ ကျွတ်ထွက်ကုန်ပါတယ်။ ၁၉၄၉ ခုနှစ်မှာ ရာသီဥတုဆိုင်ရာ မှတ်တမ်းတွေ စတင် ပြုစုခဲ့ချိန်နောက်ပိုင်း ယူအေအီးမှာ အခုအခြေအနေမျိုးတွေ ဘယ်တုန်းကမှ မကြုံခဲ့ဖူးပါဘူး။

ဒူဘိုင်း နိုင်ငံတကာ လေဆိပ်ထဲမှာလည်း ရေတွေဖုံးကုန်လို့ နိုင်ငံတကာ ခရီးစဉ် အများအပြား ပယ်ဖျက်ခဲ့ရပြီး အုတ်အော်သောင်းနင်း အခြေအနေတွေ ဖြစ်ခဲ့ပါတယ်။ လေဆိပ်မှာ ဧပြီ ၁၆ ရက်နေ့ ၂၄ နာရီအတွင်း မိုးရေချိန် ၁၀၀ မီလီမီတာ (၄ လက်မ ဝန်းကျင်)လောက် သည်းသည်းထန်ထန် ရွာသွန်းခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ပမာဏဟာ ပုံမှန်အားဖြင့် ဒူဘိုင်းမှာ တစ်နှစ်လုံးစာ မိုးရေချိန်လောက်နဲ့ ညီမျှပါတယ်။

Public Service Announcement

Public Service Announcement

မိုးတွေက လျင်လျင်မြန်မြန် သည်းသည်းမည်းမည်း ရွာချပြီး လမ်းတွေ ရုတ်တရက် ရေပြည့်သွားတာကြောင့် တချို့တွေက စီးနင်းလာတဲ့ ကားတွေကိုပါ စွန့်ပစ်ထားခဲ့ရပြီး အမြင့်ပိုင်းတွေဆီ တိမ်းရှောင် ရွှေ့ပြောင်းခဲ့ရပါတယ်။

အခုလို ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုတွေဟာ အာရေဘီးယား ကျွန်းဆွယ်တဝိုက်မှာ ဖြစ်ပွားနေတဲ့ မုန်တိုင်းစနစ် တစ်ခုနဲ့ ဆက်နွှယ်နေပါတယ်။ အဲဒီ မုန်တိုင်းစနစ်ဟာ အိုမန်နိုင်ငံနဲ့ အီရန်နိုင်ငံရဲ့ တောင်ပိုင်းတွေမှာပါ ထိခိုက် သက်ရောက်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ အိုမန်မှာ မိုးသည်းထန်ပြီး ရေကြီးမှုတွေကြောင့် လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

တခြားသော ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတွေနည်းတူ ယူအေအီးနိုင်ငံဟာလည်း ပူပြင်းပြီး ခြောက်သွေ့တဲ့ ရာသီဥတုမျိုး ရှိနေပြီး ဒူဘိုင်းမှာ မိုးအလွန်အကျွံ ရွာချတဲ့ ကိစ္စမျိုးဟာ ဖြစ်တောင့်ဖြစ်ခဲလို့ ဆိုနိုင်ပါတယ်။ ဒူဘိုင်းဟာ ကမ္ဘာပေါ်မှာ ခေတ်အမီဆုံး မြို့ကြီးတစ်ခုအဖြစ် သတ်မှတ် ခံရတဲ့တိုင် အခြေခံ အဆောက်အအုံတွေဟာ အလွန်အကျွံ မိုးသည်းထန်မှုနဲ့ ရေကြီးမှုတွေကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ အားနည်းချက်တွေ ကြီးကြီးမားမား ရှိနေဆဲလို့ ဝေဖန်ခံထားရပါတယ်။

ကိုးကား: AP⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေနံအပြည့် သယ်ဆောင်ထားတဲ့ ရေနံတင် သင်္ဘောတစ်စီးကို အီရန်က တိုက်ခိုက်ခဲ့တာကြောင့် သင်္ဘောကိုယ်ထည် ပျက်စီးပြီး မီးလောင်မှုတွေ ဖြစ်ခဲ့ကြောင်း ကူဝိတ် အစိုးရပိုင် KUNA သတင်းဌာနက ပြောပါတယ်။

မေးမြန်းခန်း

အ​မေရီကန်နဲ့ အစ္စ​က အီရန် နဲ့စစ်ဖြစ်​နေတာမှာ အ​ရှေ့အလယ်ပိုင်း​ရောက်မြန်မာ​တွေအ​ပေါ် ဘယ်လိုသက်​ရောက်​နေလဲသိနိုင်ဖို့ ယူ​အေအီးနိုင်ငံ ၊ဒူဘိုင်းမြို့မှာအလုပ်လုပ်​နေတဲ့ ကိုမိုက်ကယ်ကို မတ်လ ၂ ရက်နဲ့ မတ်လ ၃ ရက်မှာဆက်သွယ်​မေး​မြန်းထားပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ တိုက်ခိုက်မှုတွေ ကြုံလာတဲ့နောက် အရှေ့အလယ်ပိုင်း ဒေသရဲ့ ဇိမ်ခံမြို့တော်ကြီး ဒူဘိုင်းကနေ သူဌေးသူကြွယ်တွေ အလုအယက် ထွက်ပြေး တိမ်းရှောင်ကုန်ပြီး လေယာဉ် စင်းလုံးငှား စျေးနှုန်းတွေ မြင့်တက်လာခဲ့ပါတယ်။

နိုင်ငံတကာ

ဒူဘိုင်း လေကြောင်းပြပွဲမှာ အိန္ဒိယ တိုက်လေယာဉ် ပျက်ကျခဲ့တဲ့ ဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ သိရပါတယ်။