Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် တာဝေးပစ် ဒုံးကျည်တွေ ဂျာမနီမှာ ဖြန့်ကျက်မယ့်ကိစ္စ ဂျာမနီ အဓိပတိ ကြိုဆို

၂၀၂၂ ခုနှစ်မှာ ရုရှားက အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်စစ် စတင်ဆင်နွှဲခဲ့ချိန် ကတည်းက NATO အဖွဲ့ဝင် ဥရောပ နိုင်ငံတွေဟာ ကာကွယ်ရေး အစီအမံတွေကို အပူတပြင်း တိုးမြှင့်နေခဲ့ကြပါတယ်။

အမေရိကန် တာဝေးပစ် ဒုံးကျည်တွေ ဂျာမနီမှာ ဖြန့်ကျက်မယ့်ကိစ္စ ဂျာမနီ အဓိပတိ ကြိုဆို
အမေရိကန် တာဝေးပစ် ဒုံးကျည်တွေ ဂျာမနီမှာ ဖြန့်ကျက်မယ့်ကိစ္စ ဂျာမနီ အဓိပတိ ကြိုဆို

ဂျာမနီ အဓိပတိ အိုလက်ဖ်ရှော့ဇ်က ဂျာမနီမှာ အမေရိကန်ရဲ့ တာဝေးပစ် ဒုံးကျည်တွေ ဖြန့်ကျက်မယ့် အစီအမံကို ကြိုဆိုလိုက်ပြီး ရုရှားရဲ့ ရန်လို ကျူးကျော်မှုတွေကို တွန်းလှန်ရာမှာ ထိရောက်တဲ့ အစီအမံတစ်ခု ဖြစ်လာမယ်လို့ ပြောကြားသွားပါတယ်။

အမေရိကန်ဟာ စစ်အေးခေတ် နောက်ပိုင်း ဂျာမနီမှာ ဖြန့်ကျက်ထားတဲ့ ခရုစ်ဒုံးကျည်တွေ အပါအဝင် တာဝေးပစ် စစ်လက်နက်တွေကို ရုပ်သိမ်းခဲ့ပေမယ့် နှစ်ပေါင်း ၂၀ အကြာမှာ ပြန်လည် ပို့ဆောင်ဖို့ ဆုံးဖြတ်ချက် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ ဒီသဘောတူညီချက်ကို ဝါရှင်တန်ဒီစီမှာ အခုသီတင်းပတ် ကျင်းပနေတဲ့ NATO ထိပ်သီး ဆွေးနွေးပွဲမှာ ဆုံးဖြတ် အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကရင်မလင် နန်းတော်ကတော့ အမေရိကန် ဒုံးကျည်တွေ ဂျာမနီကို ရောက်လာတာဟာ အနောက်နိုင်ငံတွေနဲ့ ရုရှားကြား စစ်အေးခေတ်ပုံစံ ပဋိပက္ခတွေဆီ ပြန်လည် ဦးတည်သွားစေလိမ့်မယ်လို့ သတိပေးသွားခဲ့ပါတယ်။

ရှော့ဇ်ကတော့ NATO ညီလာခံရဲ့ ဆုံးဖြတ်ချက်အပေါ် ကာကွယ်ရပ်တည်ခဲ့ပြီး ငြိမ်းချမ်းရေး အဓွန့်ရှည်အောင် ထိန်းသိမ်းရေး အာမခံနိုင်ဖို့ဆိုရင် ခြိမ်းခြောက်မှုတွေကို တွန်းလှန်နိုင်တဲ့ အစီအမံတွေ မဖြစ်မနေ လက်ကိုင်ပြုထားသင့်တယ်လို့ ထောက်ပြသွားခဲ့ပါတယ်။ အခုဆုံးဖြတ်ချက်ဟာ အသင့်တော်ဆုံး အချိန်မှာ အမှန်ကန်ဆုံး လုပ်ဆောင်ခဲ့တဲ့ ရွေးချယ်မှုလို့လည်း ရှော့ဇ်က ညွှန်းဆိုသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်ရဲ့ ထုတ်ပြန်ချက်အရ တာဝေးပစ် ဒုံးကျည်တွေ ဂျာမနီမှာ ဖြန့်ကျက်မှုဟာ ၂၀၂၆ ခုနှစ်မှာ အစပြုမယ်လို့ သိရပါတယ်။ အိမ်ဖြူတော်က ဂျာမနီမှာ အဲဒီဒုံးကျည်တွေကို အမြဲတမ်း အခြေစိုက် တပ်ဆင်ဖို့ ရည်ရွယ်ထားကြောင်းနဲ့ အဲဒီ ဒုံးကျည်တွေဟာ လက်ရှိ ဥရောပ တလွှားမှာ ဖြန့်ကျက်ထားတဲ့ အမေရိကန် ဒုံးကျည်စနစ် အားလုံးထက် ပိုပြီး ရှည်လျားတဲ့ အကွာအဝေးမျိုးထိ တိုက်ခိုက်နိုင်စွမ်း ရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဂျာမနီ ကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယက်စ်ကတော့ အခုသဘောတူ ဆုံးဖြတ်ချက်ဟာ နိုင်ငံရဲ့ ကာကွယ်ရေး စွမ်းရည် လစ်ဟာချက်တွေကို ဖြည့်တင်းရာမှာ အရမ်းအရေးပါတဲ့ ခြေလှမ်းတစ်ခု ဖြစ်လာမယ်လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။ ဂျာမနီ စစ်တပ်မှာ မြေပြင်အခြေစိုက် တာဝေးပစ် ဒုံးကျည်တွေ ပိုင်ဆိုင်မထားဘဲ လေယာဉ်ကနေ ပစ်ခတ်ရတဲ့ ခရုစ်ဒုံးကျည်တွေသာ ရှိနေပါတယ်။

ဒါပေမဲ့ ဂျာမနီ အတိုက်အခံ အင်အားစုတွေကတော့ အမေရိကန် ဒုံးကျည်တွေ ပြည်တွင်းမှာ ဖြန့်ကျက်မှုနဲ့ ဆက်နွှယ်တဲ့ နာကျင်စရာ အတိတ်တွေ ရှိခဲ့တာကို ထောက်ပြခဲ့သလို အခုကိစ္စကြောင့် စစ်အေးခေတ် လက်နက်အပြိုင်တပ်ဆင်မှု ပုံစံမျိုး ထပ်မြင်လာရလိမ့်မယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

၂၀၂၂ ခုနှစ်မှာ ရုရှားက အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်စစ် စတင်ဆင်နွှဲခဲ့ချိန် ကတည်းက NATO အဖွဲ့ဝင် ဥရောပ နိုင်ငံတွေဟာ ကာကွယ်ရေး အစီအမံတွေကို အပူတပြင်း တိုးမြှင့်နေခဲ့ကြပါတယ်။

ကိုးကား: Bild

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။