Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟားမားစ် ခေါင်းဆောင် လုပ်ကြံခံရမှုမှာ အမေရိကန်နဲ့ ဆက်နွှယ်ပတ်သက်မှု လုံးဝမရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးပြော

ဟားမားစ်ခေါင်းဆောင် လုပ်ကြံခံရတဲ့ ကိစ္စမှာ အမေရိကန် လုံးဝ မပတ်သက်သလို ကြိုတင် သိထားတာလည်း မရှိခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားသွားခဲ့ပါတယ်။

ဟားမားစ်ခေါင်းဆောင် လုပ်ကြံခံရတဲ့ ကိစ္စမှာ အမေရိကန် လုံးဝ မပတ်သက်သလို ကြိုတင် သိထားတာလည်း မရှိခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားသွားခဲ့ပါတယ်။

ဂါဇာအခြေစိုက် ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ရဲ့ (စစ်ရေးမဟုတ်တဲ့) နိုင်ငံရေး ခေါင်းဆောင် အစ္စမေးလ် ဟာနီယာဟာ အီရန်နိုင်ငံ၊ တဟီရန်မြို့က နေအိမ်မှာ ရန်သူ့ လေကြောင်းတိုက်ခိုက်မှု တစ်ခုနဲ့ လုပ်ကြံခံရလို့ သေဆုံးသွားကြောင်း အစ္စရေး အစိုးရနဲ့ ဟားမားစ်တို့က အသီးသီး ကြေညာခဲ့ပါတယ်။

ဇူလိုင် ၃၁ ရက်နေ့ တိုက်ခိုက်မှုဟာ အစ္စရေးရဲ့ လက်ချက်လို့ အီရန်ရော၊ အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဟားမားစ်တွေကပါ အတိအလင်း စွပ်စွဲခဲ့ပေမယ့် အစ္စရေးကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။

ဟာနီယာဟာ ဂါဇာမှာ အပစ်အခတ် ရပ်စဲရေးကိစ္စ ဆွေးနွေးမှုတွေအတွက် အဓိက ဦးဆောင် ပါဝင်နေသူ တစ်ဦးပါ။ သူလုပ်ကြံခံရတဲ့ အခြေအနေ အသေးစိတ်ကို မသိရသေးသလို သတင်းတွေကလည်း ရှုပ်ထွေးနေပါတယ်။

Public Service Announcement

Public Service Announcement

ဘလင်ကန်ကတော့ အခုကိစ္စမှာ အမေရိကန်ရဲ့ ဆက်နွှယ်မှု လုံးဝ မရှိကြောင်း ပြောကြားခဲ့ပြီး နောက်ဆက်တွဲ သက်ရောက်မှုတွေက မှန်းဆရ အရမ်းခက်ခဲသွားနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ကိုးလလောက် ကြာမြင့်လာပြီဖြစ်တဲ့ ဂါဇာစစ်ပွဲ ရပ်တန့်နိုင်ရေး ဆွေးနွေးမှုတွေကိုတော့ ဆက်လက် တွန်းအားပေးသွားဖို့ လိုတယ်လို့ သူက ထောက်ပြခဲ့ပါတယ်။

အီရန် အစိုးရ ခေါင်းဆောင် အဓိပတိကြီး အလီ ခါမေနီက ဟာနီယာအတွက် လက်စားချေမှာ ဖြစ်သလို အပြစ်ရှိသူတွေဟာ ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ခတ်ခြင်း ခံရမယ်လို့ ကြုံးဝါးထားပါတယ်။ ဟားမားစ်ခေါင်းဆောင် သေဆုံးခြင်းအတွက် ပြည်တွင်းမှာ ဝမ်းနည်းကြေကွဲမှု ကာလကို ၃ ရက်ကြာ သတ်မှတ်ထားဖို့လည်း အီရန် အစိုးရက ထုတ်ပြန် ညွှန်ကြားထားခဲ့ပါတယ်။

ကိုးကား: Reuters⁩

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Facebook