Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်နဲ့ ဟစ်ဇ်ဘိုလာတို့ လက်တုံ့ပြန်လာနိုင်ခြေကြောင့် အမေရိကန်နဲ့ ပူးပေါင်းပြီး အစ္စရေး အပူတပြင်း ပြင်ဆင်နေ

ဟစ်ဇ်ဘိုလာ ပြောက်ကျားအဖွဲ့နဲ့ အီရန်တို့က အစ္စရေးကို လက်တုံ့ပြန် တိုက်ခိုက်လာနိုင်တဲ့ အခြေအနေတွေအတွက် အစ္စရေးနဲ့ မဟာမိတ် အမေရိကန်တို့ ပူးပေါင်းပြီး ကြိုတင် ပြင်ဆင်မှုတွေ အပူတပြင်း လုပ်ဆောင်နေပါတယ်။

ဟစ်ဇ်ဘိုလာ ပြောက်ကျားအဖွဲ့နဲ့ အီရန်တို့က အစ္စရေးကို လက်တုံ့ပြန် တိုက်ခိုက်လာနိုင်တဲ့ အခြေအနေတွေအတွက် အစ္စရေးနဲ့ မဟာမိတ် အမေရိကန်တို့ ပူးပေါင်းပြီး ကြိုတင် ပြင်ဆင်မှုတွေ အပူတပြင်း လုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့ လကုန်ပိုင်းက လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားအဖွဲ့ရဲ့ ထိပ်တန်း ခေါင်းဆောင်တစ်ဦးကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုနဲ့ ရှင်းလင်း သုတ်သင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ နာရီပိုင်းလောက် အကြာမှာပဲ အီရန်နိုင်ငံမှာ ရောက်ရှိ ခိုလှုံနေတဲ့ ဟားမားစ် ခေါင်းဆောင်ဟာလည်း အစ္စရေး လက်ချက်လို့ ယုံကြည်ရတဲ့ လုပ်ကြံမှု တစ်ခုကြောင့် သေဆုံးခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာတွေက အစ္စရေးကို တစ်ဖွဲ့တည်း အနေနဲ့ဖြစ်စေ၊ မဟာမိတ် အင်အားစုတွေရဲ့ အကူအညီကိုပါ ရယူပြီးဖြစ်စေ လက်စားချေမယ်လို့ ကြုံးဝါးထားသလို အီရန်ကလည်း ဟားမားစ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယာ သေဆုံးမှုနဲ့ ပတ်သက်လို့ အစ္စရေးကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မှာ ဖြစ်ကြောင်း၊ ဖြစ်လာမယ့် အကျိုးဆက်တွေကိုလည်း လုံးဝ တွေးနေမှာ မဟုတ်ကြောင်း ခြိမ်းခြောက်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီအခြေအနေတွေကြောင့်လည်း အစ္စရေးစစ်တပ်နဲ့ အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်တို့ဟာ ကာကွယ်ရေး အစီအမံတွေကို အဆောတလျင် ပူးပေါင်း ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း လက်ဘနွန် အစိုးရနဲ့ ပြည်သူတွေဟာ အစ္စရေး-ဟစ်ဇ်ဘိုလာ စစ်ပွဲရဲ့ အကျိုးဆက်ကို သက်ရောက် ခံစားရမှာ ထိတ်လန့် စိုးရိမ်နေကြပါတယ်။ အမေရိကန်ဟာ ပြီးခဲ့တဲ့ လကုန်ပိုင်း ကတည်းက အရှေ့အလယ်ပိုင်းမှာ လေကြောင်း ကာကွယ်ရေး အစီအမံတွေကို အားဖြည့်ထားပြီး ရေတပ်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေ အရေအတွက်ကို တိုးမြှင့် ဖြန့်ကျက်ထားလိုက်ပါတယ်။

ဒီအတောအတွင်း အစ္စရေး ထောက်လှမ်းရေးက ဟစ်ဇ်ဘိုလာတွေဟာ အစ္စရေး အစိုးရနဲ့ စစ်ဘက် ခေါင်းဆောင်ပိုင်းတွေကို ပစ်မှတ်ထား လုပ်ကြံတာမျိုး ဖြစ်လာနိုင်တယ်လို့ သတိပေးထားပြီး အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုဟာ အထူးစီမံထားတဲ့ ဗုံးခိုကျင်းထဲကနေ အစိုးရကို ကွပ်ကဲနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာပါတယ်။

ဆီးရီးယားနိုင်ငံ၊ ဒမတ်စကက်မြို့မှာရှိတဲ့ အီရန် ကောင်စစ်ဝန်ရုံး ဗုံးကြဲခံရမှုကို လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ ဟစ်ဇ်ဘိုလာ အပါအဝင် ဒေသတွင်း မဟာမိတ် တပ်တွေနဲ့အတူ အီရန်ပိုင်နက်ထဲကို ဒုံးကျည်တွေ၊ ပဲ့ထိန်းဒုံးတွေ၊ ဖောက်ခွဲရေး ဒရုန်းတွေ စုစုပေါင်း အရေအတွက် ၃၂၀ လောက် ပစ်လွှတ်ပြီး တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီထဲက ၉၉ ရာခိုင်နှုန်းကို အမေရိကန်၊ အစ္စရေးနဲ့ မဟာမိတ် နိုင်ငံတွေရဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေက ကြားဖြတ် ပစ်ချနိုင်ခဲ့ပါတယ်။ အခုတစ်ကြိမ် အီရန်က လက်စားချေမှုဟာ ဧပြီလတုန်းက တိုက်ခိုက်မှုရဲ့ အတိုင်းအတာ ပမာဏကိုတောင် သေးသိမ်သွားစေနိုင်တယ်လို့ စစ်ရေး သုတေသီတွေက မှတ်ချက် ပေးထားပါတယ်။

အစ္စရေး အစိုးရရဲ့ အမည်ဖော်မပြတဲ့ အရာရှိ တစ်ဦးက လက်ရှိ အခြေအနေဟာ အထူးအရေးကြီးတဲ့ အဆင့်မျိုး ဖြစ်နေပြီး ကာကွယ်ရေး အစီအမံတွေ ကြိုတင် ပြင်ဆင်နေတာကလည်း ထိပ်တန်း ဦးစားပေး အနေအထား ဖြစ်နေတယ်လို့ ပြောပါတယ်။ အစ္စရေး နိုင်ငံသားတွေ ထိခိုက်သေကြေမှု ဖြစ်လာနိုင်တဲ့ ဘယ်လို တိုက်ခိုက်မှုတွေကိုမဆို အစ္စရေးက သည်းခံမှာ မဟုတ်ဘူးလို့လည်း အဲဒီ အရာရှိက ဆိုပါတယ်။

ဟစ်ဇ်ဘိုလာနဲ့ ဟားမားစ် ခေါင်းဆောင်တွေ လုပ်ကြံခံရမှုတွေ အပြီးမှာတော့ အမေရိကန်ဟာ အစ္စရေးကို အကာအကွယ်ပေးဖို့ လက်လှမ်းမီမယ့် ဒေသတွင်း စစ်အခြေစိုက် စခန်းတွေဆီ ဒုံးကျည် ကာကွယ်ရေး တပ်တွေ၊ လေကြောင်း စိုးမိုးမှု စွမ်းရည်မှာ ကမ္ဘာ့အဆင့် ၁ အဖြစ် သတ်မှတ် ခံထားရတဲ့ F-22 တိုက်လေယာဉ်တွေ မြန်မြန်ဆန်ဆန် ဖြည့်တင်းထားပြီး ဒုံးကျည် ကာကွယ်ရေး စွမ်းရည် အရမ်းမြင့်မားတဲ့ ဖျက်သင်္ဘော နှစ်စီးကိုပါ အရှေ့အလယ်ပိုင်း ရေပြင်တွေဆီ ခုတ်မောင်း နေရာယူထားစေခဲ့ပါတယ်။

ကိုးကား: ABC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးဟာ အောင်ပွဲခံမယ့် လမ်းကြောင်းပေါ် ရောက်နေပြီလို့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အမေရိကန်ဆီ ပြည်ဝင်ခွင့် ဗီဇာပိတ်မယ့် နိုင်ငံတွေ စာရင်းကို အရေအတွက် တော်တော်များများ ထပ်တိုးဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

သတင်း

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ထောက်ခံရေးသားတဲ့ ပို့စ်တွေကြောင့် Facebookမှာ လူသိများတဲ့ အမေရိကန် အခြေစိုက် စီးပွားရေး လုပ်ငန်းရှင် မြန်မာ အမျိုးသမီး တစ်ဦးဟာ ရွှေ့ပြောင်း မြန်မာ ဒုက္ခသည်တွေကို လက်တွေ့ အလုပ်မဖြစ်တဲ့ ရေနံမြေတွေ လိမ်လည် ရောင်းချခဲ့မှုအတွက် ဒေါ်လာ ၃.၂...

နိုင်ငံတကာ

အီရန် အဓိပတိကို လုပ်ကြံမယ့် အစ္စရေးရဲ့ အကြံအစည်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြားဝင် ဟန့်တားခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။