Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယားတပ်တွေ ရုရှားဆီ စေလွှတ်ပေးနေတာနဲ့ ပတ်သက်ပြီး အမေရိကန် သတိပေး

ယူကရိန်း စစ်ပွဲမှာ ရုရှားဖက်က ကူညီ တိုက်ခိုက်ပေးဖို့ မြောက်ကိုရီးယား တပ်တွေ စေလွှတ်ခြင်းဟာ အန္တရာယ် ကြီးမားလွန်းတဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ်လို့ အမေရိကန်က သတိပေးလိုက်ပါတယ်။

ယူကရိန်း စစ်ပွဲမှာ ရုရှားဖက်က ကူညီ တိုက်ခိုက်ပေးဖို့ မြောက်ကိုရီးယား တပ်တွေ စေလွှတ်ခြင်းဟာ အန္တရာယ် ကြီးမားလွန်းတဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ်လို့ အမေရိကန်က သတိပေးလိုက်ပါတယ်။

ယူကရိန်း အစိုးရနဲ့ တောင်ကိုရီးယား စစ်ထောက်လှမ်းရေးတို့က အနည်းဆုံး မြောက်ကိုရီးယားစစ်သည် ၁၅၀၀ လောက်ဟာ ရုရှား အရှေ့ပိုင်းမှာ လက်နက်တပ်ဆင်မှု၊ စစ်ရေးလေ့ကျင့်မှုတွေ စတင်နေပြီလို့ ကြေညာခဲ့ပြီး စုစုပေါင်း မြောက်ကိုရီးယား တပ်ဖွဲ့ဝင် ၁၂၀၀၀ လောက်ထိ ယူကရိန်း စစ်မြေပြင်ကို ရောက်ရှိလာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

အောက်တိုဘာ ၂၁ ရက်နေ့မှာတော့ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှား သံအမတ်ကြီးကို ဆင့်ခေါ်ပြီး မြောက်ကိုရီးယားတပ်တွေကို လေ့ကျင့်ပေးနေတဲ့ ကိစ္စအတွက် အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တောင်ကိုရီးယားနဲ့ ယူကရိန်းတို့ရဲ့ မဟာမိတ်ဖြစ်တဲ့ အမေရိကန် အစိုးရကတော့ တောင်ကိုရီးယား သတိပေးခဲ့တဲ့အတိုင်း ရုရှားမှာ မြောက်ကိုရီးယားတပ်တွေ ရောက်နေတဲ့ ကိစ္စဟာ အန္တရာယ် များလွန်းတဲ့ အခင်းအကျင်း တစ်ခုလို့ ဝေဖန်သွားပါတယ်။

ယူကရိန်း စစ်မြေပြင်မှာ ရုရှားတပ်တွေနဲ့အတူ လက်တွဲ တိုက်ခိုက်ဖို့ မြောက်ကိုရီးယားက စစ်သားတွေ ထပ်ပို့ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ အစီရင်ခံချက်တွေကို လက်ခံ ရရှိနေကြောင်း၊ ဒီသတင်းတွေ မှန်ကန်တယ်ဆိုရင် ရုရှား-မြောက်ကိုရီးယား စစ်ရေးအရ ပူးပေါင်း လုပ်ဆောင်မှုတွေဟာ စိုးရိမ်စရာ အဆင့်ထိ ရောက်ရှိလာပြီး အန္တရာယ် များလွန်းတဲ့ အရွေ့တစ်ခုလို့ သတ်မှတ်ရမှာဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး ရောဘတ်ဝုဒ်က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို ဦးတည်ပြီး ပြောကြားသွားခဲ့ပါတယ်။

ရုတ်တရက်ဆန်တဲ့ အခု အပြောင်းအလဲနဲ့ ပတ်သက်လို့ အမေရိကန်ဟာ မဟာမိတ်တွေ၊ လက်တွဲဖော်တွေနဲ့ ညှိနှိုင်း တိုင်ပင်ပြီး သင့်တော်တဲ့ တုံ့ပြန်မှုတွေ လုပ်ဆောင်ဖို့ ဆွေးနွေးမှာဖြစ်ကြောင်း ဝုဒ်က ဆိုပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ပြင်သစ် သံအမတ်ကြီး နစ်ကိုလက်စ် ဒီရစ်ဗီရာကလည်း မြောက်ကိုရီးယား တပ်ဖွဲ့တွေ ယူကရိန်း စစ်မြေပြင်ဆီ ရောက်သွားမယ်ဆိုရင် ပြဿနာတွေ ဆိုးသထက် ဆိုးသွားလိမ့်မယ်လို့ လုံခြုံရေး ကောင်စီကို သတိပေးခဲ့ပါတယ်။

ရုရှားနဲ့ မြောက်ကိုရီးယား အစိုးရတွေကတော့ ရုရှားအရှေ့ပိုင်းမှာ မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေ ရောက်ရှိနေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ လက်ရှိ အချိန်ထိ တိတိကျကျ သဘောထားမှတ်ချက် မပေးသေးဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေကြီးရာကနေ မြောက်ကိုရီးယားဖက်ကနေ မျောပါလာတယ်လို့ ယုံကြည်ရတဲ့ မြေမြှုပ်မိုင်းတွေကို တောင်ကိုရီးယားက လိုက်လံ သိမ်းဆည်း ဖယ်ရှားနေရပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။