Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်မှာ စာမေးပွဲကျတဲ့ ကျောင်းသားက ဓားနဲ့တိုက်ခိုက်လို့ လူ ၈ ဦးသေ

တရုတ်နိုင်ငံမှာ တက္ကသိုလ် ကျောင်းသားတစ်ယောက်က ဓားကိုင်ရမ်းကား တိုက်ခိုက်ပြီး လူ ၈ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ တက္ကသိုလ် ကျောင်းသားတစ်ယောက်က ဓားကိုင်ရမ်းကား တိုက်ခိုက်ပြီး လူ ၈ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။

နိုဝင်ဘာ ၁၆ ရက်နေ့ ညနေပိုင်းက စာမေးပွဲကျလို့ ဒေါသစိတ် မွှန်ထူနေတဲ့ အသက် ၂၁ နှစ်အရွယ် ကျောင်းသားဟာ တရုတ်နိုင်ငံ အရှေ့ပိုင်း၊ ကျန်းစုပြည်နယ်၊ ယိရှင်းမြို့ထဲက ဝူရှီ အသက်မွေးသိပ္ပံ ကောလိပ်ရှေ့နားမှာ တွေ့သမျှ လူတွေကို ဓားနဲ့ လိုက်လံ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

သူ့လက်ချက်နဲ့ လူ ၈ ဦး သေဆုံးခဲ့တဲ့နောက် ရဲတွေက ကျောင်းသားကို အခင်းဖြစ်ရာ နေရာမှာပဲ လက်ရ ဖမ်းမိခဲ့ပါတယ်။ သူက စာမေးပွဲ ကျပြီး ဘွဲ့လက်မှတ် မရတာရယ်၊ အလုပ်သင် ဘဝ ဖြတ်သန်းမှုအတွက် အခကြေးငွေ လုံလုံလောက်လောက် မရရှိတာတွေရယ်ပေါင်းပြီး ဒေါသထွက်လို့ အခုလုပ်ရပ်ကို ကျူးလွန်ခဲ့တယ်လို့ ရဲတွေဆီ ထွက်ဆိုခဲ့ပါတယ်။

အမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ ယိရှင်းရဲတပ်ဖွဲ့က ပြောကြားထားပေမယ့် အသေးစိတ်ကိုတော့ မှတ်ချက်မပေးသေးပါဘူး။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းမှာတော့ အခင်းဖြစ်ရာ တက္ကသိုလ် ဝင်ပေါက်အနီးမှာ မြို့ခံတွေက သေဆုံးသူတွေအတွက် ရည်ရွယ်ပြီး ပန်းစည်းတွေ လာချထားတာ တွေ့ခဲ့ရပါတယ်။

တရုတ်မှာတော့ လူတွေ အစုလိုက် သေဆုံးအောင် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု ဖြစ်ရပ်နှစ်ခုကို ရက်ပိုင်းပဲ ခြားပြီး ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၂ ရက်နေ့ ညပိုင်းတုန်းကလည်း ဇူဟိုင်မြို့မှာ ကွာရှင်းမှုကြောင့် ဒေါထွက်နေတဲ့ အသက် ၆၂ နှစ်အရွယ် အမျိုးသား တစ်ယောက်ဟာ အားကစားရုံရှေ့မှာ လေ့ကျင့်ခန်း လုပ်နေတဲ့ လူအုပ်ထဲ ရည်ရွယ်ချက်ရှိရှိ ကားနဲ့ ဝင်တိုက်ခဲ့တာကြောင့် ၃၆ ဦးသေပြီး ၄၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

တရုတ်မှာ ပုဂ္ဂလိက သေနတ်ကိုင်ဆောင်ခွင့်ကို တင်းတင်းကျပ်ကျပ် တားမြစ်ထားပေမယ့် ဓားကိုင်ရမ်းကား တိုက်ခိုက်မှုလိုမျိုး လူအများကို ပစ်မှတ်ထားတဲ့ မှုခင်းတွေကတော့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ပိုပြီး အဖြစ်များလာပါတယ်။ တရုတ်အစိုးရဟာ အဲဒီ မှုခင်းဖြစ်စဉ်တွေနဲ့ ပတ်သက်ရင် သတင်းအချက်အလက် ထုတ်ပြန်မှုတွေကို အလွန်အကျွံ ကန့်သတ်ပြီး ဆင်ဆာဖြတ်တောက်မှုတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်လေ့ ရှိတယ်လို့လည်း သိရပါတယ်။

ကိုးကား: Telegraph

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ ရတနာပုံဆိုက်ဘာစီးတီးနည်းပညာတက္ကသိုလ်မှာမနေ့( စက်တင်ဘာလ ၈ ရက်)ညပိုင်း ၇ နာရီဝန်းကျင်က ကျောင်းသားအချင်းချင်း ဓားထိုးမှု ဖြစ်တာကြောင့် တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံဆီက သိရပါတယ်။

နိုင်ငံတကာ

နီပေါနိုင်ငံက ကျောင်းအုပ်ကြီး တစ်ဦးရဲ့ ဆုံးဖြတ်ချက် တစ်ခုဟာ ကျောင်းသူကျောင်းသား ၉၀၀ လောက်ဟာ လူသတ် တောင်ကျရေတွေရဲ့ အန္တရာယ်ဆိုးကြီးကနေ ကပ်ပြီး လွတ်မြောက်ခဲ့ကြပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook