Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မက္ကဆီကိုနဲ့ ကနေဒါကို အခွန်တိုးကောက်မယ့်ကိစ္စ ထရမ့်ရွှေ့ဆိုင်းထား

အိမ်နီးချင်း နှစ်နိုင်ငံဖြစ်တဲ့ မက္ကဆီကိုနဲ့ ကနေဒါတို့ရဲ့ သွင်းကုန်တွေကို ၂၅ ရာခိုင်နှုန်း အခွန်တိုးမြှင့် စည်းကြပ်မယ့် ကိစ္စကို ရွှေ့ဆိုင်းထားလိုက်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

အိမ်နီးချင်း နှစ်နိုင်ငံဖြစ်တဲ့ မက္ကဆီကိုနဲ့ ကနေဒါတို့ရဲ့ သွင်းကုန်တွေကို ၂၅ ရာခိုင်နှုန်း အခွန်တိုးမြှင့် စည်းကြပ်မယ့် ကိစ္စကို ရွှေ့ဆိုင်းထားလိုက်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

မူလက ထရမ့်ရဲ့ ညွှန်ကြားချက်အရ အဲဒီ နှစ်နိုင်ငံရဲ့ သွင်းကုန် အမျိုးအစား တချို့ကို အမေရိကန်က အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်မယ့် ကိစ္စကို ဖေဖော်ဝါရီ ၄ ရက်နေ့မှာ အကောင်အထည် ဖော်ဖို့ ရည်ရွယ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့မှာတော့ ထရမ့်က ရည်ရွယ်ထားတဲ့ အခွန်စည်းကြပ်မှု အသစ်တွေကို ဆိုင်းငံ့ထားမယ့်အကြောင်း ကြေညာခဲ့ပါတယ်။ ဒါကြောင့် ကနေဒါနဲ့ မက္ကဆီကိုတို့ကလည်း အမေရိကန်ရဲ့ သွင်းကုန်တွေကို လက်တုံ့ပြန်ပြီး ၂၅ ရာခိုင်နှုန်း အခွန်တိုးကောက်မယ့် ကိစ္စကို ရပ်ဆိုင်းထားလိုက်ပါတယ်။

နောက်ဆုံး မိနစ်ပိုင်းတွေ အလိုမှာ ထရမ့် စိတ်ပြောင်းသွားတဲ့ အကြောင်းရင်းကတော့ မက္ကဆီကို သမ္မတ ကလော်ဒီယာ ရှိန်ဘွန်းက မက္ကဆီကို အခြေစိုက် မူးယစ်မှောင်ခို ဂိုဏ်းတွေက နယ်စပ်ဖြတ်ကျော်ပြီး အမေရိကန်ဆီ မူးယစ်ဆေးတွေ တင်သွင်းတာကို တားဆီးဖို့ နယ်စပ်ဆီ လုံခြုံရေး တပ်ဖွဲ့ဝင် ၁၀၀၀၀ စေလွှတ်ပေးပါ့မယ်လို့ ကတိပေးခဲ့တာကြောင့်ပါ။ အပြန်အလှန် အနေနဲ့ အမေရိကန်လုပ် ဖျက်အားပြင်း စစ်လက်နက်တွေ မက္ကဆီကိုဖက် စီးဝင်မှုကို လျှော့ချနိုင်ရေး အမေရိကန် အစိုးရက ပိုမို တင်းကျပ်ဖို့ ထရမ့်က သဘောတူခဲ့တယ်လို့ ရှိန်ဘွန်းက ဆိုပါတယ်။

ထရမ့်နဲ့ သူနဲ့ကြားက ဖုန်းဆက် ဆွေးနွေးမှုဟာ ကောင်းမွန် ချောမွေ့ခဲ့သလို အချုပ်အခြာ အာဏာပိုင်ဆိုင်မှုဆိုင်ရာ အပြန်အလှန် လေးစားမှုတွေကိုလည်း ပြသခဲ့တယ်လို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ဟာ မက္ကဆီကို၊ ကနေဒါ အစိုးရတွေရဲ့ နယ်စပ်ဆိုင်ရာ မူဝါဒတွေက အမေရိကန်ကို အထိနာစေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခွန်စည်းကြပ်မှုတွေ သတ်မှတ်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

ထရမ့်ဟာ မက္ကဆီကိုနဲ့ ကနေဒါတို့အပေါ် အခွန်စည်းကြပ်မှုတွေ ၂၅ ရာခိုင်နှုန်းစီ မြှင့်တင်မယ့် ကိစ္စကို လောလောဆယ် ဆိုင်းငံ့ထားလိုက်ပေမယ့် တရုတ်အပေါ် အခွန်စည်းကြပ်မှု ၁၀ ရာခိုင်နှုန်း တိုးမယ် ဆိုတာကိုတော့ ပယ်ဖျက်ခြင်း မရှိပါဘူး။

သတင်းထောက်တွေက ထရမ့်အနေနဲ့ မက္ကဆီကိုအပေါ် အခွန်စည်းကြပ်မှု ဆိုင်းငံ့ထားတဲ့ ကိစ္စ ဘယ်လောက် ကြာနိုင်သလဲလို့ မေးတဲ့အခါ သမ္မတ ရှိန်ဘွန်းက ရယ်ရယ်မောမောနဲ့ အမြဲတမ်း ဖြစ်လိမ့်မယ်လို့ ပြန်ဖြေသွားခဲ့ပါတယ်။

ထရမ့်က အဲဒီကိစ္စကို အပြီး ပယ်ဖျက်လိုက်တာ မဟုတ်ဘူးလို့ ပြောထားပေမယ့် ရှိန်ဘွန်းကတော့ ဒီလထဲမှာ အမေရိကန်နဲ့ မက္ကဆီကို ပြည်သူတွေအတွက် အကောင်းဆုံး ရလဒ်တွေ ထွက်ပေါ်လာအောင် အဖြေရှာနိုင်မယ်လို့ ယုံကြည်မှု အပြည့်ရှိထားကြောင်း သတင်းထောက်တွေကို မှတ်ချက်ပေးသွားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

ကနေဒါနိုင်ငံ၊ ဗန်ကူးဗား ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ ပြည်ပရောက်မြန်မာတွေ ပါဝင်တဲ့ BCSBC အဖွဲ့က ဦးဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး "FREE HER" ကမ်ပိန်းကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

သတင်းဌာန တချို့ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အိမ်ဖြူတော် ဝင်ခွင့် တားမြစ် ပိတ်ပင်လိုက်တဲ့နောက် သက်ဆိုင်ရာ သတင်းထောက်တွေဟာ အိမ်ဖြူတော်ထဲ ဝင်ခွင့် ငြင်းပယ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။