Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်နိုင်ငံသားတွေ ဦးစီးနေတဲ့ အွန်လိုင်း လောင်းကစား လုပ်ငန်းကို ဖိလစ်ပိုင် ရဲတပ်ဖွဲ့ စီးနင်း၊ လူ ၄၅၀ လောက်ကို ဖမ်းဆီး

ဖိလစ်ပိုင်မှာ တရုတ်နိုင်ငံသားတွေ ဦးစီး လည်ပတ်နေတဲ့ တရားမဝင် အွန်လိုင်း လောင်းကစား လုပ်ငန်းတစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်းပြီး လူပေါင်း ၄၅၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။

ဖိလစ်ပိုင်မှာ တရုတ်နိုင်ငံသားတွေ ဦးစီး လည်ပတ်နေတဲ့ တရားမဝင် အွန်လိုင်း လောင်းကစား လုပ်ငန်းတစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်းပြီး လူပေါင်း ၄၅၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။

မနီလာမြို့တော် ဆင်ခြေဖုံးမှာရှိတဲ့ အဲဒီ အွန်လိုင်း လောင်းကစားဝိုင်း ဖွင့်လှစ်ထားရာ အဆောက်အအုံဟာ အွန်လိုင်း ငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းတွေနဲ့ပါ ပတ်သက် ဆက်နွှယ်နေတယ်လို့ ရဲတွေက ပြောပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက်နေ့ စီးနင်းမှုမှာ အဖမ်းခံရသူတွေထဲက ၁၃၇ ယောက်ဟာ တရုတ်နိုင်ငံသားတွေလို့ ဆိုပါတယ်။

ကနဦး စစ်ဆေးမှုတွေအရ အဲဒီကျားဖြန့်လုပ်ငန်းဟာ တရုတ်နဲ့ အိန္ဒိယ နိုင်ငံသားတွေကို အဓိက ပစ်မှတ်ထားပြီး အားကစားပွဲ အလောင်းအစား ကိစ္စတွေ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မက်လုံးတွေနဲ့ ငွေလိမ်လေ့ ရှိတယ်ဆိုတာ သိရှိထားကြောင်း ဖိလစ်ပိုင် ရဲတွေက ပြောပါတယ်။

အဖမ်းခံရသူတွေထဲမှာ အဓိက ဦးစီးလုပ်ကိုင်သူ တရုတ် လုပ်ငန်းရှင် ၅ ယောက်လည်း ပါဝင်တယ်လို့ မနီလာ ရဲကော်မရှင်နာ အကြီးအကဲ ဂီလ်ဘာတို ခရုဇ်က AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ အဲဒီ ၅ ယောက်ဟာ လူမှောင်ခိုမှု စွပ်စွဲချက်တွေနဲ့ပါ အမှုရင်ဆိုင်ရနိုင်ခြေ ရှိတယ်လို့ သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဖိလစ်ပိုင်မှာ POGOလို့ အတိုကောက် ခေါ်ဝေါ်လေ့ရှိတဲ့ အွန်လိုင်း လောင်းကစားမှုတွေ အားလုံးကို ပြီးခဲ့တဲ့နှစ်မှာ သမ္မတ ဖာဒီနန် မားကို့စ်က ပိတ်ပင်အမိန့် ထုတ်ထားခဲ့ပါတယ်။ အဲဒီ POGOတွေဟာ လူမှောင်ခိုမှု၊ တရားမဝင် ငွေကြေးတွေ ခဝါချမှု၊ ငွေကြေးလိမ်လည်မှုတွေ၊ ပြန်ပေးဆွဲမှုတွေ၊ ယုတ်စွအဆုံး လူသတ်မှုတွေလိုမျိုး မှုခင်းပေါင်းစုံနဲ့ ဆက်နွှယ်မှု ရှိနေတယ်လို့ ဖိလစ်ပိုင် အစိုးရက ပြောကြားထားပါတယ်။

ပိတ်ပင် တားမြစ်ထားတဲ့တိုင်အောင် POGO ဝန်ထမ်းတွေဟာ ဒုစရိုက် လှုပ်ရှားမှုတွေကို ဆက်ပြီး လုပ်ကိုင်နေကြဆဲ ဆိုတာကို အခု စီးနင်းမှုက ညွှန်ပြနေတယ်လို့လည်း ခရုဇ်က မှတ်ချက်ပေးခဲ့ပါတယ်။

ဖိလစ်ပိုင် ရဲတပ်ဖွဲ့က POGOတွေကို ပိတ်ပင်ထားတဲ့တိုင် တရုတ်နိုင်ငံသား ၂၁၀၀၀ လောက်ဟာ ပြည်တွင်းမှာ အသေးစား POGO လုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်နေဆဲလို့ ယုံကြည်ရကြောင်း အစောပိုင်းတုန်းက ပြောကြားထားပါတယ်။

အခုနှစ်ထဲမှာ ဖိလစ်ပိုင် အာဏာပိုင်တွေဟာ အဲဒီ ဂိုဏ်းတွေကို စုံစမ်းဖော်ထုတ်မှုတွေ ဆက်တိုက် လုပ်ဆောင်နေခဲ့ပါတယ်။ ဇန်နဝါရီလတုန်းကလည်း မနီလာနားမှာ အခြေစိုက်ပြီး ကျားဖြန့်ကွန်ရက် တစ်ခုအတွက် အလုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသား အများအပြား အပါအဝင် နိုင်ငံခြားသား ၄၀၀ လောက်ကို ဖိလစ်ပိုင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီ မြို့တော် အခြေစိုက် အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု (USIP)ရဲ့ ခန့်မှန်းချက်အရ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေဟာ ကမ္ဘာအနှံ့မှာ နှစ်စဉ် ဒေါ်လာ ၆၄ ဘီလီယံလောက်ထိ ရရှိနေကြောင်း သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကင်ညာနိုင်ငံကနေ ပုရွက်ဆိတ် အကောင်ရေ ၂၀၀၀ ကျော်ကို မှောင်ခို ခိုးထုတ်ဖို့ ကြိုးစားခဲ့တဲ့ တရုတ် နိုင်ငံသား တစ်ဦးကို ကင်ညာ အာဏာပိုင်တွေက ဖမ်းဆီး ရမိခဲ့ပါတယ်။

သတင်း

ထိုင်း - မြန်မာ နယ်စပ်မှာကျားဖြန့်လို့လူသိများတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း ကြောင့် နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ KK Park စီမံကိန်းဝင်းထဲက ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသားအချို့ ဟာ ကရင့်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ထားတဲ့ မြဝတီမြို့နယ် ၊ ရွှေကုက္ကိုလ်မြို့သစ်ဆီ တိမ်းရှောင်နေကြတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ပြည်တွင်းမှာ ရှိနေတဲ့ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးကို ထိထိရောက်ရောက် အကာအကွယ်ပေးဖို့ အင်ဒိုနီးရှားကို တရုတ်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

သတင်း

မတ္တရာမြို့နယ် အ​ရှေ့ခြမ်းနဲ့ ပုသိမ်ကြီးမြို့နယ်အစပ်မှာတိုက်ပွဲ​တွေ ပြင်းထန်​နေချိန်မှာ စစ်​ကောင်စီတပ်က တရုတ်နိုင်ငံသားပိုင်တဲ့ Alpha ဘိလပ်​မြေ စက်ရုံကို ​လေ​ကြောင်းတိုက်ခိုက်မှု​တွေအပြင်းအထန်ပြုလုပ်​နေတယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ် ။