Connect with us

Hi, what are you looking for?

နိုင်ငံတကာ

“ဒါက ငါ့ကံကြမ္မာပဲဆိုလည်း ရှိပါစေတော့”- သမ္မတဟောင်းဒူတာတေး

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးဟာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC) ရှိရာ နယ်သာလန်နိုင်ငံ ဟိဂ်မြို့ကို မတ်လ ၁၂ ရက်မှာ ရောက်ရှိသွားပြီဖြစ်ပါတယ်။

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးဟာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC) ရှိရာ နယ်သာလန်နိုင်ငံ ဟိဂ်မြို့ကို မတ်လ ၁၂ ရက်မှာ ရောက်ရှိသွားပြီဖြစ်ပါတယ်။

နယ်သာလန်နိုင်ငံ Rotterdam The Hague လေဆိပ်ကိုလေယာဥ်မဆိုက်ခင် ဒူတာတေးက ” ကျွန်တော်အဆင်ပြေပါတယ်။ စိတ်လည်းမပူပါဘူး။ ဒါဟာ ရှည်လျားတဲ့ ဥပဒေလုပ်ငန်းစဥ်ပါ။ ကျွန်တော်ပြောနိုင်တာကတော့ နိုင်ငံကိုဆက်ပြီး အလုပ်ကျွေးပြုသွားမှာပါ။ ဒါက ငါ့ကံကြမ္မာပဲဆိုလည်း ရှိပါစေတော့” လို့ ပြောကြားထားတဲ့ Video ဖိုင်ရိုက်ကူးပြီးသူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ တင်ခဲ့ပါတယ်။

ဒူတာတေးဟာ သူတာဝန်ထမ်းဆောင်ချိန်က လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေရှိခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) က ဖမ်းဝရမ်းထုတ်ပြီး မတ်လ ၁၁ ရက်မှာ ဖမ်းဆီးခံခဲ့ရတာပါ။

ဖိလစ်ပိုင်နိုင်ငံမှာ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း မူးယစ်ဆေးဝါးနှိမ်နင်းမှုတွေမှာ လူပေါင်းသောင်းနဲ့ချီသေဆုံးခဲ့တာလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒူတာတေးကို နယ်သာလန်နိုင်ငံ ICC ရဲ့ အချုပ်ထောင်ကိုပို့ဆောင်မှာဖြစ်ပြီးတော့ ပြီးရင် ICC တရားသူကြီးတွေ ရှေ့မှောက်မှာ ပထမဆုံးအကြိမ် ရုံးထုတ်တာ ခံဖို့ စောင့်ဆိုင်းနေရမှာပါ။ ICC အချုပ်ခန်းဟာ ဟိဂ်မြို့ရဲ့ ဆင်ခြေဖုံး ရှာအီဗန်နီဂျန် ရပ်ကွက်မှာ တည်ရှိပြီး လောလောဆယ်မှာတော့ ICC မှာ အမှုရင်ဆိုင်နေတဲ့ လူပုဂ္ဂိုလ် ၅ ဦးကို ထိန်းသိမ်းထားပါတယ်။

လုပ်ထုံးလုပ်နည်းတွေအရ အကျဉ်းသားတွေဟာ ICC တရားခွင် မစခင် အကြို စစ်ဆေးမှု အဆင့်ကို ဖြတ်သန်းရမှာ ဖြစ်ပါတယ်။ အဲဒီအဆင့်က တရားသူကြီးတွေဟာ အစိုးရ ရှေ့နေတွေက အကျဉ်းသားကို တရားစွဲဆိုဖို့ လုံလောက်တဲ့ အကြောင်းတရားတွေ ရှိသလား ဆိုတာကို ကြားနာမှာ ဖြစ်ပါတယ်။

တကယ်လို့ အထောက်အထား မလုံလောက်ရင် အမှုကို မွမ်းမံ ဖြည့်တင်း တည်ဆောက်ဖို့၊ ဒါမှမဟုတ် စွပ်စွဲခံရသူကို လွှတ်ပေးဖို့ တရားခွင်အကြို တရားသူကြီးတွေက အဆုံးအဖြတ် ပေးပါလိမ့်မယ်။ အစိုးရ ရှေ့နေတွေ တည်ဆောက်ထားတဲ့ စွပ်စွဲချက်တွေက ခိုင်မာရင်တော့ ICC တရားခွင်မှာ ဆက်လက် ကြားနာ စစ်ဆေးဖို့ လက်လွှဲပေးမှာပါ။ အဲဒီအဆင့် ရောက်သွားရင်တော့ ICCရဲ့ တရားသူကြီးချုပ်ဟာ အမှုကို လက်ခံကြားနာမယ့် တရားသူကြီး အဖွဲ့ကို စုစည်း တာဝန်ပေးပြီး စွပ်စွဲချက်အတွက် စစ်ဆေးမှုတွေကို စတင်စေမှာ ဖြစ်ပါတယ်။

ဒူတာတေးကိုသယ်ဆောင်လာတဲ့လေယာဥ် နယ်သာလန်ကိုဆိုက်ရောက်ချိန်မှာတော့ ICC အချုပ်ထောင်အနီးမှာ ဖိလစ်ပိုင်အလံ၊ ပိုစတာတွေလွှင့်ထူပြီး သူ့ရဲ့ထောက်ခံသူတွေက စောင့်ဆိုင်းနေတာလည်း မီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

ကိုးကား- Rappler

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လိင်အမြတ်ထုတ်မှု စွပ်စွဲချက်တွေကို အကြောင်းပြုပြီးအပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး(ICC)ရဲ့အစိုးရရှေ့နေချုပ်ကာရင်မ်ခန်းဟာရာထူးတာဝန်ကနေဆိုင်းငံ့ ခံခဲ့ရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်အထက်လွှတ်တော်အဆောက်အအုံမှာ သေနတ်သံတွေ ကြားခဲ့ရသလို အဆောက်အအုံကိုလည်း စစ်သားတွေကပိတ်ထားတာကို တွေ့ခဲ့ရပါတယ်။

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ ဖမ်းဆီးမှုကို ခံမှာမဟုတ်ဘူးလို့ ဖိလစ်ပိုင် ရဲချုပ်ဟောင်း ရော်နယ်လ် ဒယ်လာရိုဆာက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဖမ်းဆီးထိန်းသိမ်း ခံထားရသူ ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု စွပ်စွဲချက်တွေနဲ့ တရားဝင် စွဲချက်တင်ထားပြီး ဖြစ်ပါတယ်။