Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်ဆီ ပြန်ပို့ခဲ့တဲ့ ဝီဂါတွေရဲ့ အခြေအနေကို သွားကြည့်ဖို့ ကိုယ်စားလှယ်အဖွဲ့ ထိုင်းစေလွှတ်

တရုတ်နိုင်ငံဆီ ပြန်လည် ပို့ဆောင်ထားခဲ့တဲ့ ဝီဂါ မွတ်ဆလင်တွေရဲ့ နေရေးထိုင်ရေးကိစ္စ အဆင်ပြေမှု ရှိမရှိ စုံစမ်းဖို့ ဝန်ကြီးအဆင့် အရာရှိတွေ ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့ကို ထိုင်းက စေလွှတ်ခဲ့ကြောင်း သိရပါတယ်။

AP

တရုတ်နိုင်ငံဆီ ပြန်လည် ပို့ဆောင်ထားခဲ့တဲ့ ဝီဂါ မွတ်ဆလင်တွေရဲ့ နေရေးထိုင်ရေးကိစ္စ အဆင်ပြေမှု ရှိမရှိ စုံစမ်းဖို့ ဝန်ကြီးအဆင့် အရာရှိတွေ ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့ကို ထိုင်းက စေလွှတ်ခဲ့ကြောင်း သိရပါတယ်။

ထိုင်းအစိုးရဟာ ပြည်တွင်းကို တရားမဝင် ဝင်ရောက်လာမှုနဲ့ ၁၁ နှစ်ကြာ ထိန်းသိမ်းထားတဲ့ ဝီဂါတွေထဲက အယောက် ၄၀ ကို မူရင်းနိုင်ငံဖြစ်တဲ့ တရုတ်ဆီ ပြန်လည် ပို့ဆောင်ခဲ့ပါတယ်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ ရှင်းကျန်း ဒေသမှာ အဓိက နေထိုင်တဲ့ ဝီဂါတွေဟာ တရုတ် အာဏာပိုင်တွေနဲ့ စနစ်တကျ ဖိနှိပ်မှုတွေကို ကြုံနေရတာကြောင့် နေရပ်ပြန်ပို့မယ့် ကိစ္စကို အမေရိကန် အပါအဝင် နိုင်ငံတချို့က ကန့်ကွက်ခဲ့ပါတယ်။ ဒါပေမဲ့ ထိုင်းအစိုးရဟာ တရုတ်ရဲ့ အငြိုငြင်ကို မခံဘဲ ဝီဂါတွေကို ပြန်ပို့ခဲ့တာကြောင့် နိုင်ငံတကာ ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

မြင့်တက်လာတဲ့ ဖိအားတွေကို လျှော့ချဖို့ အားထုတ်မှု တစ်ခုအဖြစ် မတ်လ ၁၈ ရက်နေ့မှာတော့ ထိုင်းအစိုးရ ဝန်ကြီးတွေ ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ရှင်းကျန်းကို ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ၃ ရက်တာ ခရီးစဉ် အတောအတွင်း ထိုင်းကိုယ်စားလှယ် အဖွဲ့ဟာ ပြန်ပို့ခဲ့တဲ့ ဝီဂါ ၄၀ ထဲက ၅ ဦးနဲ့သာ တွေ့ခွင့်ရနိုင်တယ်လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ဝီဂါတွေဟာ တရုတ်ကို ပြန်ရောက်သွားတဲ့အခါ နှိပ်စက်တာ၊ ဖိနှိပ်တာတွေအပြင် ခန့်မှန်းရခက်တဲ့ ဘေးအန္တရာယ်တွေ ကြုံတွေ့နိုင်တယ်လို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် ဖေဖော်ဝါရီ ၂၇ ရက်နေ့၊ အရုဏ်မတက်ခင်မှာ ထိုင်းက ဝီဂါ အယောက် ၄၀ ကို သိုသိုသိပ်သိပ်နဲ့ ပြန်ပို့ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အကျိုးဆက်အဖြစ် အနောက်နိုင်ငံတွေက ထိုင်းအစိုးရအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသလို အမေရိကန်ကလည်း အဲဒီကိစ္စမှာ တာဝန်ယူ အကောင်အထည် ဖော်ခဲ့တဲ့ ထိုင်းအရာရှိတွေကို ဗီဇာပိတ်ပြီး အရေးယူခဲ့ပါတယ်။ ဥရောပ လွှတ်တော်ကလည်း ထိုင်းအစိုးရကို တရားဝင် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ ဝေဖန်မှုတွေ မြင့်တက်လာတဲ့ အချိန်မှာတော့ ထိုင်းကာကွယ်ရေးဝန်ကြီး ဖုမ်သမ် ဝီချာရာချိုင်၊ တရားရေးဝန်ကြီး တာဝီဆော့ဆွမ်၊ စစ်ဘက် အရာရှိကြီး တချို့နဲ့ ထိုင်းဂျာနယ်လစ် ၉ ဦး ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ပြန်ပို့ထားတဲ့ ဝီဂါတွေရဲ့ အခြေအနေကို ဆန်းစစ်ဖို့ ရှင်းကျန်းကို သွားရောက်မယ့်အကြောင်း အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဂျီရာယူ ဟွန်ဆက်ဘ်က ပြောကြားခဲ့ပါတယ်။

ညသန်းခေါင် မတိုင်ခင်မှာတော့ အဲဒီအဖွဲ့ဟာ ဘန်ကောက်မြို့၊ ဒွန်မောင်းမှာရှိတဲ့ လေတပ်စခန်း တစ်ခုကနေ လေကြောင်းခရီးစဉ်နဲ့ ထွက်ခွာသွားခဲ့ကြောင်း သိရပါတယ်။

ထိုင်းဟာ ၂၀၁၄ တုန်းက တရုတ်နိုင်ငံကနေ ထွက်ပြေးလာတဲ့ ဝီဂါ အယောက် ၃၀၀ လောက်ကို ဖမ်းဆီးခဲ့ပြီး တချို့ကို တရုတ်ဆီ ပြန်ပို့ခဲ့ပါတယ်။ တချို့ကိုတော့ တူရကီ အစိုးရဆီ လက်လွှဲပေးခဲ့ပြီး ကျန်တာတွေကိုတော့ ပြီးခဲ့တဲ့လက တရုတ်ဆီ လက်မလွှဲပေးခင်ထိ ထိုင်းနိုင်ငံမှာပဲ နှစ်ရှည်လများ ထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မော်နင်းကတော့ ဝီဂါတွေကို လက်လွှဲပေးတဲ့ ကိစ္စဟာ ထိုင်းနဲ့ တရုတ်ကြားက ချစ်ကြည်ရင်းနှီးမှုကို အခြေခံတဲ့ သမားရိုးကျ အလွှဲအပြောင်း ကိစ္စတစ်ခုသာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကာကွယ်ရေးနဲ့ မြေရှားသတ္တု တူးဖော် ထုတ်လုပ်ရေးဆိုင်ရာ အမေရိကန် ကုမ္ပဏီ ၁၀ ခုဆီ ပို့ကုန်တွေ တင်ပို့မှုအပေါ် ကန့်သတ်ချက် အသစ်တွေ တရုတ်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။