Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်ဝမ်ကျွန်းကို တရုတ်စစ်တပ် ပတ်လည်ဝိုင်းပြီး စစ်ရေးလေ့ကျင့်

ထိုင်ဝမ်ကျွန်းကို ပတ်ပတ်လည်ဝိုင်းပြီး စစ်ရေးလေ့ကျင့်မှု အစီအစဉ်တစ်ခု အစပြုနေကြောင်း တရုတ်စစ်တပ် (PLA)က ဧပြီ ၁ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။

Taiwan Defense Ministry/AFP/Getty Images

ထိုင်ဝမ်ကျွန်းကို ပတ်ပတ်လည်ဝိုင်းပြီး စစ်ရေးလေ့ကျင့်မှု အစီအစဉ်တစ်ခု အစပြုနေကြောင်း တရုတ်စစ်တပ် (PLA)က ဧပြီ ၁ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။

အဲဒီ စစ်ရေးလေ့ကျင့်မှုမှာ PLAရဲ့ ကြည်းတပ်၊ ရေတပ်နဲ့ ဒုံးကျည်တပ်တွေ ချိတ်ဆက် ပါဝင်ပြီး ထိုင်ဝမ်ရဲ့ လွတ်လပ်ရေး တောင်းဆိုမှုတွေကို ပြင်းပြင်းထန်ထန် သတိပေးတဲ့ အစီအမံ အနေနဲ့ အကောင်အထည်ဖော် လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။

နောက်ပြီး ထိုင်ဝမ် သမ္မတ လိုင်ချင်တေးကိုလည်း ကပ်ပါးကောင်လို့ သုံးနှုန်းပြီး PLAက စွပ်စွဲ ဝေဖန်သွားခဲ့ပါတယ်။

ထိုင်ဝမ်ဟာ ဒီမိုကရေစီစနစ် ထွန်းကားပြီး ကိုယ်ပိုင် နိုင်ငံရေးစနစ်၊ ကိုယ်ပိုင် အစိုးရနဲ့ ရပ်တည်နေပေမယ့် တရုတ်ကတော့ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားသလို လိုအပ်လာရင် စစ်အင်အားသုံး သိမ်းယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်ဟာ အရင်ကတည်းကလည်း ထိုင်ဝမ် သမ္မတ လိုင်ကို ခွဲထွက်ရေး ဝါဒီတစ်ဦးလို့ သတ်မှတ်ထားပါတယ်။ ပြီးခဲ့တဲ့ လတုန်းကတော့ လိုင်က တရုတ်ကို ရန်လိုတဲ့ ပြည်ပနိုင်ငံ တစ်ခုလို့ ပြောကြားခဲ့ပါတယ်။

လက်ရှိ ပြုလုပ်နေတဲ့ စစ်ရေးလေ့ကျင့်မှုတွေက ပင်လယ်ပြင်နဲ့ ဝေဟင်မှာ တိုက်ပွဲဝင်အဆင့် အသင့်အနေအထား ကင်းလှည့်မှု စွမ်းရည်ကို မြှင့်တင်ဖို့၊ အလုံးစုံ ထိန်းချုပ်မှုတွေ လုပ်ဆောင်ဖို့၊ အရေးပါတဲ့ ဧရိယာတွေနဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့ဖို့၊ မြေပြင်နဲ့ ရေပြင် ပစ်မှတ်တွေကို ထိထိရောက်ရောက် ချေမှုန်း တိုက်ခိုက်နိုင်ဖို့ ရည်ရွယ်ထားတာလို့ တရုတ်ရဲ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က လူမှုကွန်ရက် မီဒီယာ WeChatရဲ့ စာမျက်နှာမှာ ဖော်ပြထားခဲ့ပါတယ်။

အဲဒီ စာမျက်နှာပဲ လိုင်ကို လှောင်ပြောင်ထားတဲ့ ကာတွန်းဗီဒီယို တစ်ခုကိုလည်း တင်ထားခဲ့ပြီး ကပ်ပါးကောင်က ထိုင်ဝမ်ကျွန်းကို အဆိပ်ခတ်ပြီး အဆုံးစွန်ထိ ပျက်စီးမှုတွေဆီ ဦးတည်နေစေတယ်လို့ စွပ်စွဲ လှောင်ပြောင်ထားခဲ့ပါတယ်။

ထိုင်ဝမ် အစိုးရကတော့ လိုင်အပေါ် တရုတ်ရဲ့ အခုလို အပုပ်ချမှုနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးသေးပါဘူး။

ဒါပေမဲ့ ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက PLAရေတပ်ရဲ့ လေယာဉ်တင်သင်္ဘော ရှန်ဒေါင်း ဦးဆောင်တဲ့ ရေတပ်ဖွဲ့ဟာ မတ်လ ၃၁ ရက်နေ့က ထိုင်ဝမ်ရဲ့ စောင့်ကြည့်ဧရိယာထဲ စတင် ဝင်ရောက်လာကြောင်း အတည်ပြုခဲ့ပြီး အဲဒီအတွက် ထိုင်ဝမ် တိုက်လေယာဉ်တွေ၊ သင်္ဘောတွေက အသင့်အနေအထား စောင့်ကြည့်နေသလို မြေပြင်အခြေစိုက် ဒုံးကျည်စနစ်တွေကိုပါ အသက်သွင်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကိုးကား CNA

ဆက်စပ်သတင်းများ

သတင်း

ဝမ်ကျွန်းကို ပတ်ပတ်လည်ဝိုင်းပြီး တရုတ်က အင်အားပြ စစ်ရေးလေ့ကျင့်နေပေမယ့် ဒီကိစ္စကို ဘာမှ မစိုးရိမ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

နိုင်ငံတကာ

ခွဲထွက်ရေး အင်အားစုတွေကို သတိပေးဖို့ဆိုတဲ့ ကြိမ်းဝါးမှုနဲ့အတူ ထိုင်ဝမ်ကျွန်းကို ပတ်လည်ဝိုင်းပြီး တရုတ်က စစ်ရေးလေ့ကျင့်မှုတစ်ခု လုပ်ဆောင်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ်ကို လက်လွှဲရယူမှု နှစ် ၈၀ ပြည့် အခမ်းအနား တစ်ရပ်ကို တရုတ် အစိုးရက ကျင်းပသွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ်ကျွန်း တဝိုက်မှာ တရုတ်ဟာ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှု အစီအမံ တစ်ရပ်ကို အကောင်အထည် ဖော်နေတယ်လို့ ထိုင်ဝမ် အစိုးရက ပြောကြားလိုက်ပါတယ်။