Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကလေးတွေ ဝင်ကြည့်နိုင်တာကို ထိထိရောက်ရောက် ကန့်သတ်မထားတဲ့ ညစ်ညမ်းဝက်ဘ်ဆိုက်တွေကို EU စစ်ဆေးနေ

ကလေးသူငယ်တွေ လက်လှမ်းမီနိုင်မှုကို ထိထိရောက်ရောက် ဟန့်တားခြင်း မရှိတဲ့အပေါ် ညစ်ညမ်းဗီဒီယို ဝက်ဘ်ဆိုက် တချို့ကို ဥရောပ သမဂ္ဂ (EU)က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Getty Images

ကလေးသူငယ်တွေ လက်လှမ်းမီနိုင်မှုကို ထိထိရောက်ရောက် ဟန့်တားခြင်း မရှိတဲ့အပေါ် ညစ်ညမ်းဗီဒီယို ဝက်ဘ်ဆိုက် တချို့ကို ဥရောပ သမဂ္ဂ (EU)က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

EUရဲ့ စစ်ဆေးရေး အရာရှိတွေက အဲဒီ ဝက်ဘ်ဆိုက်တွေဟာ ကလေးတွေ ဝင်ရောက် ကြည့်ရှုခွင့် မရနိုင်အောင် ကန့်သတ် စိစစ်တဲ့ အဆင့်တွေကို ထိထိရောက်ရောက် လုပ်ဆောင်ထားခြင်း မရှိဘူးလို့ ပြောပါတယ်။

အွန်လိုင်း ပလက်ဖောင်းတွေ အနေနဲ့ ကွဲပြားတဲ့ ဝန်ဆောင်မှုတွေ၊ ထုတ်လုပ်မှုတွေကို ဖန်တီးတဲ့ အခါမှာ ကလေးတွေရဲ့ အခွင့်အရေးနဲ့ အကျိုးကျေးဇူးအတွက် အကောင်းဆုံး ဖြစ်နိုင်ခြေတွေ ထည့်စဉ်းစားဖို့ လိုတယ်လို့ EUရဲ့ အမှုဆောင် အစုအဖွဲ့ဖြစ်တဲ့ ဥရောပ ကော်မရှင်က ပြောပါတယ်။

EUရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ခံနေရတဲ့ ဝက်ဘ်ဆိုက်တွေကတော့ Pornhub၊ X Videos၊ XNXXနဲ့ Stripchatတို့ ဖြစ်ပါတယ်။ Pornhubရဲ့ မိခင် ကုမ္ပဏီဖြစ်တဲ့ Ayloကတော့ EUရဲ့ စုံစမ်းစစ်ဆေးမှု လုပ်ငန်းစဉ်တွေကို သိရှိထားကြောင်းနဲ့ ကုမ္ပဏီရဲ့ ဝန်ဆောင်မှုတွေ မှန်သမျှဟာ အသက်မပြည့်သေးတဲ့ အွန်လိုင်း သုံးစွဲသူတွေအတွက် အဆိပ်အတောက် မဖြစ်တာ သေချာအောင် လုပ်ဆောင်ထားကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကုမ္ပဏီဖက်ကတော့ သတ်မှတ် စည်းမျဉ်းတွေကို အမြဲတမ်း လိုက်နာခဲ့ကြောင်း၊ တစ်ဖက်မှာလည်း ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့ အစိုးရတွေဟာ သုံးစွဲသူတွေရဲ့ လုံခြုံရေးနဲ့ ဘေးကင်းစေရေးဆိုင်ရာ အကာအကွယ် ဥပဒေတွေကို ပြဋ္ဌာန်းဖို့ လိုကြောင်း Ayloက ဆိုပါတယ်။

EUကတော့ ကနဦး စုံစမ်းစစ်ဆေးမှုတွေ အပြီးမှာ အထက်ဖော်ပြပါ ညစ်ညမ်းဗီဒီယို ပလက်ဖောင်း ၄ ခုဟာ အသက် ကန့်သတ်ချက်၊ ပုဂ္ဂိုလ်ရေး လုံခြုံမှု၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ လေးစားလိုက်နာမှုတွေ တိကျတဲ့၊ လုံလောက်တဲ့ လုပ်ဆောင်မှုတွေ မရှိဘူးလို့ တွေ့ရှိထားကြောင်း ပြောပါတယ်။

ညစ်ညမ်း ဝက်ဘ်ဆိုက်တွေက ဝင်ရောက်ကြည့်ရှုသူကို အသက် ၁၈ နှစ် ပြည့်ပြီးပြီလားဆိုတဲ့ မေးခွန်းတစ်ခုလောက်ပဲ မေးနေတာမျိုးက ကလေးတွေကို သူတို့နဲ့ မနီးစပ်သင့်တဲ့ ကိစ္စတွေ မြင်သွား၊ တွေ့သွားတာနေတဲ့ အခြေအနေကို ဟန့်တားနိုင်မှာ မဟုတ်ကြောင်း ဥရောပ ကော်မရှင် အရာရှိ တစ်ယောက်က ဝေဖန်ခဲ့ပါတယ်။

EUက စုံစမ်းနေတဲ့ ကိစ္စမှာ အပြစ်ရှိကြောင်း ထင်ရှားခဲ့မယ်ဆိုရင် စည်းမျဉ်း ပိုမို ကြပ်မတ်ပေးဖို့ တောင်းဆိုတာတွေ ကြုံရနိုင်သလို တစ်နှစ်စာ ဝင်ငွေရဲ့ ၆ ရာခိုင်နှုန်းထိ များပြားတဲ့ ဒဏ်ကြေးမျိုး ချမှတ်ခံရနိုင်ခြေပါ ရှိနေတယ်လို့ သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒိန်းမတ် ရဟတ်ယာဉ်ကို ရုရှားစစ်သင်္ဘောက မီးကျည်နဲ့ လှမ်းပစ်ခဲ့တဲ့ လုပ်ရပ်အပေါ် ဥရောပ သမဂ္ဂ (EU)က အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

Facebookရဲ့ မိခင်ကုမ္ပဏီ Metaဟာ လူမှုကွန်ရက်တွေကနေတဆင့် ကလေးတွေရဲ့ ပုဂ္ဂိုလ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ထိပါးခြိမ်းခြောက်မှုတွေကို အစဉ်တစိုက် မျက်ကွယ်ပြုခဲ့ကြောင်း ဝန်ထမ်းဟောင်း တစ်ဦးက ထွက်ဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ကလေးငယ်တွေကို လူမှုကွန်ရက် မီဒီယာတွေနဲ့ ထိတွေ့ခွင့်ကနေ တစ်ဆင့်ချင်းစီ ကန့်သတ် ပိတ်ပင်သွားဖို့ ဥရောပ သမဂ္ဂ (EU)က စီစဉ်နေပါတယ်။

ဆောင်းပါး

စစ်အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခတွေနဲ့ အကျပ်အတည်းတွေကြားမှာ မြန်မာနိုင်ငံက ကလေးငယ်တွေဟာ မရေရာမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဘဝကို ဖြတ်သန်းရင်း နေ့စဉ် အသက်အန္တရာယ်တွေနဲ့ နီးကပ်စွာ ရှင်သန်နေကြရပါတယ်။ ဒီလို စိုးရိမ်ဖွယ်အခြေအနေတွေကြားမှာ ရှင်သန်နေကြရတဲ့ ကလေးတွေရဲ့ အသက်ကို ကာကွယ်ပေးဖို့ နိုင်ငံတကာက အကူအညီဆိုတာ တကယ်အားကိုးစရာ မျှော်လင့်ချက်တစ်ခုပါ။

Facebook