Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန် နျူကလီးယား အဆောက်အအုံတွေကို မတိုက်ခိုက်ဖို့ အစ္စရေးကို IAEA အကြီးအကဲ သတိပေး

အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုး မလုပ်သင့်ကြောင်း အစ္စရေးကို ရည်ရွယ်ပြီး နိုင်ငံတကာ အက်တမ်စွမ်းအင် အေဂျင်စီ (IAEA) အကြီးအကဲက ပြောကြားခဲ့ပါတယ်။

Reuters

အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုး မလုပ်သင့်ကြောင်း အစ္စရေးကို ရည်ရွယ်ပြီး နိုင်ငံတကာ အက်တမ်စွမ်းအင် အေဂျင်စီ (IAEA) အကြီးအကဲက ပြောကြားခဲ့ပါတယ်။

အဲဒီလို တိုက်ခိုက်မှုမျိုးသာ ရှိလာခဲ့မယ်ဆိုရင် အီရန်ဟာ နျူကလီးယား လက်နက်တွေ ထုတ်လုပ်ရေးကို ပိုပြီး ထဲထဲဝင်ဝင်၊ အားစိုက်ခွန်စိုက် ကြိုးစားလာလိမ့်မယ်လို့ ရာဖေးလ် ဂရော့ဆီက သတိပေးခဲ့ပါတယ်။

အစ္စရေးနဲ့ အမေရိကန်တို့ဟာ အီရန်က နျူကလီးယား စစ်လက်နက်တွေ ထုတ်လုပ်ဖို့ ကြိုးစားနေကြောင်း စွပ်စွဲထားပြီး အီရန်ကတော့ နိုင်ငံရဲ့ နျူကလီးယား နည်းပညာ ရည်မှန်းချက်ဟာ စွမ်းအင်ကဏ္ဍအတွက်သာ ဖြစ်တယ်လို့ အစဉ်တစိုက် ကာကွယ် ငြင်းဆိုထားပါတယ်။ အစ္စရေးက တကယ်လို့ အီရန်သာ နျူကလီးယားလက်နက် စတင်ထုတ်လုပ်နေပြီလို့ ယုံကြည်ရတာနဲ့ အီရန်ရဲ့ နျူကလီးယား အဆောက်အအုံတွေကို တိုက်ခိုက်မယ် ဆိုတာမျိုးလည်း ခြိမ်းခြောက်ထားပါတယ်။

ဂရော့ဆီကတော့ အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေကို တိုက်ခိုက်မှု တစ်ခုခု ရှိသွားတာနဲ့ ကိစ္စတွေက ရှုပ်ထွေးသွားနိုင်ကြောင်း၊ ဒါ့အပြင် နျူကလီးယား လက်နက်တွေ လက်ဝယ်ရှိသင့်တယ်ဆိုတဲ့ အယူအဆအောက်မှာ အီရန် တစ်နိုင်ငံလုံး ပေါင်းစည်းသွားနိုင်ကြောင်း ထောက်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဂရော့ဆီဟာ အစ္စရေး သတင်းဌာန Jerusalem Postနဲ့ အင်တာဗျူးမှာ အဲဒီလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူက အစ္စရေးဟာ အဲဒီလို တိုက်ခိုက်မှုမျိုး လုပ်လိမ့်မယ် ဆိုတာကိုတော့ သံသယ ဝင်မိကြောင်းလည်း ဆိုပါတယ်။

အီရန်ရဲ့ နျူကလီးယား စီမံကိန်းဟာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ အမြစ်တွယ်နှင့်နေပြီ ဖြစ်ကြောင်း၊ အစ္စရေးက တိုက်ခိုက်ခဲ့မယ်ဆိုရင် အလုံးစုံ ဖြိုခွင်းနိုင်မှာ မဟုတ်ဘဲ အတိုင်းအတာ တစ်ခုထိ အနှောင့်အယှက် ပေးရုံသာ ဖြစ်နိုင်ကြောင်းလည်း ဂရော့ဆီက ပြောပါတယ်။

လတ်တလောမှာတော့ အိုမန်အစိုးရရဲ့ ကြားဝင် စေ့စပ်ပေးမှုနဲ့အတူ အမေရိကန်ဟာ အီရန်ရဲ့ နျူကလီးယား နည်းပညာ ထိန်းချုပ်ရေး ကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ အမေရိကန်ဖက်က အဆိုပြုချက်တွေဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ယူဆတဲ့အတွက် လောလောဆယ်မှာ အီရန်က တန်ပြန် အဆိုပြုချက်တစ်ခု ပို့ဆောင်ထားကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန အီစမေးလ် ဘက်ဟိုင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ အပတ်မှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်နဲ့ အမေရိကန်ကြား ဆွေးနွေးမှုတွေကို အနှောင့်အယှက် ဖြစ်စေမယ့် ကိစ္စတစ်ခုခု မလုပ်မိစေဖို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကို သတိပေးထားကြောင်း ဆိုပါတယ်။ အဖြေတစ်ခုခု ရှာတွေ့ဖို့ အရမ်းနီးကပ်နေတဲ့ အခြေအနေမှာ ဒီလိုမျိုး တစ်ခုခု ထလုပ်လိုက်တယ် ဆိုတာက သင့်တော်မှန်ကန်တဲ့ ကိစ္စမဟုတ်နိုင်ဘူးလို့ သူက နေတန်ညာဟုကို ရှင်းပြထားကြောင်း ထရမ့်က ပြောကြားသွားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။