Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ရဲ့ ဝန်ကြီးကို မေးခွန်းထုတ်ဖို့ ကြိုးစားတဲ့ အထက်လွှတ်တော် အမတ် အင်အားသုံး ဖယ်ရှားခံရ

သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ အမေရိကန် ပြည်တွင်းလုံခြုံရေး ဝန်ကြီးကို ကြားဖြတ် မေးခွန်းတွေ မေးဖို့ ကြိုးစားခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် အမတ်တစ်ဦးဟာ ဖက်ဒရယ် အေးဂျင့်တွေက အင်အားသုံးပြီး ဆွဲထုတ်တာ၊ လက်ထိတ်ခတ် ဖမ်းဆီးတာတွေ ခံခဲ့ရပါတယ်။

ဇွန်၁၃-၂၀၂၅၊ People’s Spring

သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ အမေရိကန် ပြည်တွင်းလုံခြုံရေး ဝန်ကြီးကို ကြားဖြတ် မေးခွန်းတွေ မေးဖို့ ကြိုးစားခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် အမတ်တစ်ဦးဟာ ဖက်ဒရယ် အေးဂျင့်တွေက အင်အားသုံးပြီး ဆွဲထုတ်တာ၊ လက်ထိတ်ခတ် ဖမ်းဆီးတာတွေ ခံခဲ့ရပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ် ကိုယ်စားပြု အထက်လွှတ်တော်အမတ် အဲလက်စ် ပါဒယ်လာကို ဖက်ဒရယ် အေးဂျင့်တွေက လော့စ်အန်ဂျလိစ်မှာရှိတဲ့ သတင်းစာ ရှင်းလင်းပွဲ ခန်းမထဲကနေ အဓမ္မ ဖယ်ရှားခဲ့တဲ့ ဗီဒီယိုတွေ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာခဲ့တဲ့နောက် အမေရိကန်ရဲ့ အဓိက နိုင်ငံရေး ပါတီကြီး နှစ်ခုကြားမှာ အပြန်အလှန် စကားစစ်ထိုးမှုတွေ မြင့်တက်လာခဲ့ပါတယ်။

ဇွန်လ ၁၂ ရက်နေ့တုန်းက အမေရိကန် ပြည်တွင်းလုံခြုံရေး ဝန်ကြီး ခရစ္စတီနိုအမ်က ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အန်ဂျလိစ်မြို့က ဆန္ဒပြပွဲတွေကို ဖက်ဒရယ် အစိုးရက ကိုင်တွယ်ခဲ့ပုံတွေနဲ့ ပတ်သက်ပြီး လော့စ်အန်ဂျလိစ်မှာရှိတဲ့ FBI ထောက်လှမ်းရေးဌာန ရုံးချုပ်မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်နေခဲ့ပါတယ်။ အဲဒီနေရာကို တခြားကိစ္စ တစ်ခုနဲ့ ရောက်နေပြီး အတိုက်အခံ ဒီမိုကရက်တစ် ပါတီကို ကိုယ်စားပြုသူ ပါဒယ်လာက ဖက်ဒရယ် အစိုးရရဲ့ လုပ်နည်းလုပ်ဟန်တွေကို စိန်ခေါ် မေးခွန်းထုတ်ဖို့ ကြိုးစားရာက အင်အားသုံး ဖယ်ရှားခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သူက လော့စ်အန်ဂျလိစ်မှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို အော်ဟစ်ပြီး မေးခဲ့တာပါ။ လော့စ်အန်ဂျလိစ်မှာ တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေကို ဖက်ဒရယ် အစိုးရက ဖြိုခွင်းရာကနေ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တာပါ။ ဒီမိုကရက်တစ် ပါတီဝင်တွေ ထိန်းချုပ်ထားရာ ကယ်လီဖိုးနီးယားပြည်နယ် အစိုးရရော၊ လော့စ်အန်ဂျလိစ် မြို့တော်ဝန်ရုံးကပါ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဖက်ဒရယ် အစိုးရဆီက အခုလို စွက်ဖက်မှုမျိုးတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချထားကြပါတယ်။

ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ဝန်ကြီး နိုအမ်က သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဆက်လက် ဖြေကြားသွားခဲ့ပြီး ပါဒယ်လာကို အင်အားသုံး ဆွဲထုတ်ခဲ့တာနဲ့ ပတ်သက်လို့တော့ ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

https://www.facebook.com/LuduNwayOo/videos/1348680906226986

နောက်ပိုင်းမှာ သူ့ရဲ့ ဝန်ကြီးဌာနက ပါဒယ်လာရဲ့ လုပ်ရပ်ဟာ လေးစားမှု ကင်းမဲ့တဲ့ အပြုအမူလို့ ဝေဖန်ခဲ့ပြီး အထက်လွှတ်တော် အမတ်တစ်ယောက်ရဲ့ ဂုဏ်ပုဒ်နဲ့တောင် ကိုက်ညီမှု မရှိဘူးလို့ ထိုးနှက်သွားပါတယ်။

ပါဒယ်လာရဲ့ ရုံးကတော့ အထက်လွှတ်တော် အမတ်ဟာ မြေပေါ်ကို အတင်းဖိအားပေး လှဲလျောင်းစေတာမျိုး ကြုံခဲ့ပြီး လက်ထိတ်ပါ အခတ်ခံရပေမယ့် နောက်ဆက်တွဲ ဖမ်းဆီးမှုတော့ မရှိခဲ့ကြောင်း ကြေညာပါတယ်။ ပါဒယ်လာ ကိုယ်တိုင်ကတော့ အထောက်အထားမဲ့ ရွှေ့ပြောင်း အခြေချသူတွေကို လွန်လွန်ကျွံကျွံ ပစ်မှတ်ထား ဖမ်းဆီးနေတာကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့ပါတယ်။

လော့စ်အန်ဂျလိစ် မြို့တော်ဝန် ကာရန်ဘေ့စ်က ဖက်ဒရယ် အေးဂျင့်တွေရဲ့ လုပ်ရပ်ဟာ အရမ်းလွန်ပြီး စက်ဆုပ်ရွံရှာစရာ ဖြစ်တယ်လို့ ရှုတ်ချခဲ့ပါတယ်။ ဒါဟာ သမ္မတထရမ့်ရဲ့ အစိုးရက သရုပ်မှန်ကို ပြသလိုက်တဲ့ တိုက်ခိုက်မှုလို့လည်း သူက ဆိုပါတယ်။

တစ်ဖက်မှာတော့ အိမ်ဖြူတော်က ပါဒယ်လာရဲ့ လုပ်ရပ်ကိုက မူမမှန်ခဲ့တာလို့ ဝေဖန်ပြီး တကယ့် အဖြေတွေကို လိုချင်တာ မဟုတ်ဘဲ လူတွေ အာရုံစိုက်အောင် စတန့်ထွင်ခဲ့ရုံသာ ဖြစ်တယ်လို့ စွပ်စွဲသွားပါတယ်။

ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြုပြီး ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ထရမ့်ကို ယှဉ်ပြိုင်ခဲ့သူ ဒုတိယ သမ္မတဟောင်း ကာမာလာ ဟားရစ်က ပါဒယ်လာဟာ သူ့ကို ပြည်သူတွေက ယုံကြည်အပ်နှင်းထားတဲ့ အခြေအနေအရ ဖက်ဒရယ် အစိုးရရဲ့ လူဝင်မှု ကြီးကြပ်ရေး မူဝါဒတွေကို မေးခွန်းထုတ်ပိုင်ခွင့် အပြည့်ရှိကြောင်း ထောက်ခံခဲ့ပြီး ပါဒယ်လာကို အတင်းအကျပ် ဖယ်ရှားတဲ့ လုပ်ရပ်ဟာ ရှက်စရာ ကောင်းပြီး တုန်လှုပ်ရမယ့် အာဏာ အလွဲသုံးစားမှုလို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားထားခဲ့ပါတယ်။

ကိုးကား: Washington Post

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။