Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အပ်စတိန်း အမှုဖိုင်မှာ ထရမ့်နာမည် ပါနေတယ် ဆိုတာကို အိမ်ဖြူတော် ငြင်းဆို

ကလေးတွေကို လိင်အကြမ်းဖက်မှုနဲ့ လိင်ကျွန်ပြု လူကုန်ကူးမှု တရားခံဟောင်း ဂျက်ဖရီ အပ်စတိန်းရဲ့ အမှုဖိုင်တွဲတွေထဲမှာ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ နာမည် ပါဝင်နေခဲ့ကြောင်း သတင်းတွေကို အိမ်ဖြူတော်က ငြင်းဆိုသွားခဲ့ပါတယ်။

The New York Times

ကလေးတွေကို လိင်အကြမ်းဖက်မှုနဲ့ လိင်ကျွန်ပြု လူကုန်ကူးမှု တရားခံဟောင်း ဂျက်ဖရီ အပ်စတိန်းရဲ့ အမှုဖိုင်တွဲတွေထဲမှာ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ နာမည် ပါဝင်နေခဲ့ကြောင်း သတင်းတွေကို အိမ်ဖြူတော်က ငြင်းဆိုသွားခဲ့ပါတယ်။

အပ်စတိန်းဟာ သူ့ရဲ့အမှုတွေ စစ်ဆေးနေဆဲ အတောအတွင်း ၂၀၁၉ ခုနှစ်တုန်းက အချုပ်ခန်းထဲမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။ မကြာသေးခင်ကတော့ Wall Street Journalက အမေရိကန် တရားရေး ဝန်ကြီးဌာန ထိန်းသိမ်းထားတဲ့ အပ်စတိန်း အမှုဖိုင်တွေထဲမှာ ထရမ့်ရဲ့ နာမည် ပါဝင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

အမေရိကန် အစိုးရအဖွဲ့ထဲက အကြီးတန်း အရာရှိ တချို့ကို ကိုးကားပြီး ရှေ့နေချုပ် ပန်ဘွန်ဒီက အမှုတွဲဖိုင်မှာ ထရမ့်ရဲ့နာမည် ပါနေတယ် ဆိုတဲ့အကြောင်း မေလမှာ သမ္မတကို တင်ပြခဲ့ကြောင်း Wall Street Journalက ရေးသားထားပါတယ်။

The New York Times

ထရမ့်ဟာ သမ္မတ ဖြစ်မလာချင် အချိန်တွေတုန်းက သူနဲ့ အပ်စတိန်းကြားမှာ ရှုပ်ထွေးတဲ့ ဆက်ဆံရေးမျိုး မရှိခဲ့ကြောင်း အစဉ်တစိုက် ပြောဆိုထားခဲ့ပါတယ်။ ဒါပေမဲ့ အပ်စတိန်းရဲ့ အမှုဖိုင်တွေကို တရားဝင် ဖွင့်ချတာမျိုး မရှိခြင်းနဲ့အတူ ထွက်ဆိုချက်တွေမှာ ဩဇာကြီးမားတဲ့ လူပုဂ္ဂိုလ်တွေအကြောင်း ပါဝင်နေနိုင်တယ်ဆိုတဲ့ ထင်ကြေးတွေ ပျံ့နှံ့လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ကတော့ သူဟာ အပ်စတိန်း အမှုနဲ့ ဆက်စပ်ပြီး ဘယ်လို မှားယွင်းတဲ့ လုပ်ရပ်မျိုးမှ ကျူးလွန်မထားဘူးလို့ ဆိုပါတယ်။

ဇူလိုင် ၂၃ ရက်နေ့မှာတော့ ဘွန်ဒီနဲ့ ဒုတိယ ရှေ့နေချုပ် တော့ဒ်ဘလန်ချီတို့က သူတို့ဟာ ပုံမှန် လုပ်ရိုးလုပ်စဉ်အတိုင်း အမှုနဲ့ ပတ်သက်တဲ့ တွေ့ရှိချက်တွေကို သမ္မတဆီ အစီရင်ခံခဲ့ရုံသာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

Wall Street Journalရဲ့ အဆိုအရ ဘွန်ဒီနဲ့ ဘလန်ချီတို့ဟာ အိမ်ဖြူတော် အစည်းအဝေး တစ်ခုမှာ အပ်စတိန်း ဖိုင်တွေနဲ့ ပတ်သက်ပြီး ထရမ့်ကို အစီရင်ခံတဲ့အခါ ထရမ့်အပြင် တခြားလူသိထင်ရှား ပုဂ္ဂိုလ်တချို့ရဲ့ နာမည်တွေပါ ပါနေတယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

Wall Street Journal သတင်းထဲမှာတော့ ထရမ့်က ၂၀၀၃ ခုနှစ်မှာ အပ်စတိန်းကို မွေးနေ့ဆုတောင်း ပေးပို့ရမှာ ပျော်ရွှင်စရာ မွေးနေ့ ဖြစ်ဖို့၊ နေ့တိုင်းနေ့တိုင်းမှာ နောက်ထပ် ထူးဆန်းအံ့ဩဖွယ် လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေစေဖို့ ဆုတောင်းပေးကြောင်း ရေးသားထားခဲ့ဖူးတယ်လို့ ဆိုပါတယ်။

အိမ်ဖြူတော်ကတော့ Wall Street Journalရဲ့ ဖော်ပြချက်တွေကို ပယ်ချပြီး သတင်းတု၊ သတင်းမှားတွေသာ ဖြစ်တယ်လို့ ဇူလိုင် ၂၃ ရက်နေ့မှာ တုံ့ပြန်ခဲ့ပါတယ်။

ထရမ့်ရဲ့ အစိုးရဟာ အပ်စတိန်းနဲ့ သူ့ရဲ့ ကြံရာပါ ဂီဆလိန်း မက်စ်ဝဲလ်တို့အပေါ် ၂၀၀၅ ကနေ ၂၀၀၇ ထိ အတောအတွင်း ကြားနာစစ်ဆေးမှု မှတ်တမ်းတွေကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပေးဖို့ တောင်းဆိုထားပေမယ့် ဇူလိုင် ၂၃ ရက်နေ့မှာတော့ ဖလော်ရီဒါ ပြည်နယ်ထဲက ဖက်ဒရယ် တရားသူကြီး တစ်ဦးက အဲဒီ တောင်းဆိုမှု တစ်ခုကို ပိတ်ပင်ခဲ့ပါတယ်။ တရားသူကြီးတွေရဲ့ အပြီးသတ် စီရင်ဆုံးဖြတ်ချက် မှတ်တမ်းတွေကို ထုတ်ပြန်ပေးဖို့ လုံလောက်တဲ့ အကြောင်းရင်းမျိုး မရှိဘူးလို့ တရားသူကြီး ရော်ဘင် ရိုဆင်ဘာ့ဂ်က ပြောပါတယ်။

တစ်ဖက်မှာတော့ နယူးယောက်က ဖက်ဒရယ် တရားသကြီး တစ်ဦးဟာ အပ်စတိန်း၊ မက်စ်ဝဲလ်တို့ရဲ့ အမှုစစ်ချက်တွေ ထုတ်ပြန်ပေးဖို့ အဆိုပြုချက် နောက်တစ်ခုကို ဆန်းစစ်နေဆဲလို့ ဆိုပါတယ်။ မက်စ်ဝဲလ်ဟာ ကလေးတွေကို လိင်မှုကိစ္စအတွက် လူကုန်ကူးမှုနဲ့ တခြားစွဲချက်တွေကြောင့် ထောင်ဒဏ် နှစ် ၂၀ ကျခံထားရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော် လေယာဉ် (Air Force One) အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

သူနဲ့အတူတူ ဓာတ်ပုံရိုက်ဖို့ အီတလီ ဝန်ကြီးချုပ်က ခခယယ တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားကို ကာယကံရှင်က ပြင်းပြင်းထန်ထန် တုံ့ပြန် ငြင်းဆိုခဲ့ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။