Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဖဂန်မှာ မဂ္ဂနီကျု ၆.၀ ငလျင်လှုပ်၊ လူ ၂၀ ကျော်သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းမှာ မဂ္ဂနီကျု ၆.၀ အဆင့် ငလျင်တစ်ခု ဩဂုတ် ၃၁ ရက် ညပိုင်းက လှုပ်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ကြောင်း သိရပါတယ်။

Map - AP

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းမှာ မဂ္ဂနီကျု ၆.၀ အဆင့် ငလျင်တစ်ခု ဩဂုတ် ၃၁ ရက် ညပိုင်းက လှုပ်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ကြောင်း သိရပါတယ်။

ငလျင်ဟာ နန်ဂါဟာ ပြည်နယ်ထဲမှာ တည်ရှိပြီး ပါကစ္စတန်ရဲ့ ပဉ္စမ အကြီးဆုံး မြို့ဖြစ်တဲ့ ဂျာလာလာဘတ်နဲ့ ၂၇ ကီလိုမီတာအကွာ၊ ပါကစ္စတန်နဲ့ နယ်စပ်နားကို ဗဟိုပြုခဲ့တယ်လို့ သိရပါတယ်။ မြေအနက် ၈ ကီလိုမီတာလောက်ကို ဦးတည်တဲ့ မြေတိမ်ငလျင် အမျိုးအစား ဖြစ်တာကြောင့်လည်း မြေပြင်ပေါ်မှာ သက်ရောက်မှုတွေ ပိုမို ပြင်းထန်ခဲ့တာပါ။

ထိခိုက်သေကြေမှု အခြေအနေတွေကို လောလောဆယ်မှာ တိတိကျကျ ခန့်မှန်းဖို့ စောနေသေးပေမယ့် အပျက်အစီးတွေ ရှိခဲ့သလို လူ ၂၀ ထက်မနည်းသေပြီး ၁၀၀ ကျော် ဆေးရုံရောက်ခဲ့တယ်လို့ အာဖဂန်ကို အုပ်ချုပ်နေတဲ့ တာလီဘန်အဖွဲ့ အာဏာပိုင်တွေက ပြောကြားထားပါတယ်။

ငလျင်ဟာ ဒေသစံတော်ချိန်အရ သန်းခေါင်ယံရောက်ဖို့ မိနစ်ပိုင်းအလို လူတွေ အိပ်စက်နေတဲ့ အချိန်မှာ ရုတ်တရက် လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ငလျင်ဘေးသင့်ဇုန် နယ်မြေ တစ်ခုကို ရောက်နေတဲ့ မျက်မြင်တစ်ဦးကတော့ အိမ်တွေ ဒါဇင်နဲ့ချီ ပြားပြားဝပ် ပြိုကျတာကို မြင်ခဲ့ကြောင်း ပြောပြပါတယ်။ ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး လုပ်ငန်းတွေကို အပူတပြင်း ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး သေဆုံးစာရင်းဟာ လက်ရှိထက် မြင့်တက်လာမယ်လို့လည်း ယူဆရပါတယ်။

အဲဒီငလျင်အပြီး နောက်ထပ် မိနစ် ၂၀ အကြာမှာတော့ နန်ဂါဟာ ပြည်နယ်ထဲမှာပဲ နောက်ထပ် မဂ္ဂနီကျု ၄.၅ အဆင့် ငလျင်တစ်ခု ထပ်လှုပ်သွားခဲ့တာကို ထောက်လှမ်းမိခဲ့ကြောင်း အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီ (USGS)က ကြေညာခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့တုန်းကလည်း အာဖဂန်မှာ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်တစ်ခုနဲ့ အားကောင်းတဲ့ နောက်ဆက်တွဲ ငလျင်တွေ လှုပ်ခတ်ခဲ့ပြီး လူ ၄၀၀၀ လောက် သေဆုံးတယ်လို့ တာလီဘန်တွေက ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂကတော့ အသေအပျောက် စာရင်းကို ၁၅၀၀ ဝန်းကျင်လို့ ခန့်မှန်းခဲ့ပါတယ်။

လက်ရှိ ငလျင်ကြီး လှုပ်ခတ်ပြီးချိန်မှာတော့ ငလျင်ဘေးသင့် ပြည်သူတွေအတွက် နိုင်ငံတကာ ထောက်ပံ့ကူညီမှုတွေ ပေးပို့ကြဖို့ တာလီဘန် အာဏာပိုင်တွေက တောင်းဆိုထားကြောင်းလည်း သိရပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

ဆောင်းပါး

၂၀၂၅ မတ် ၂၈ စစ်ကိုင်းငလျင်ကြီးက​ပေးတဲ့ ငလျင်သင်ခန်းစာသစ်

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်လှုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးမြို့အနီးမှာ ဒီနေ့ နေ့မနက်ပိုင်း လှုပ်ရှားသခဲ့တဲ့ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကို ရန်ကုန်မြို့မှာလည်း သိရှိခံစားခဲ့ပါတယ်။