Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘန်ကောက်မှာ လူငယ်တစ်ဦး ကိုယ့်ကိုယ်ကိုယ် မီးတင်ရှို့၊ ရည်းစားနဲ့ ပြဿနာတက်တာကြောင့်လို့ ယူဆရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဘတ်စ်ကားမှတ်တိုင် တစ်ခုမှာ လူငယ်တစ်ဦးက ကိုယ့်ကိုယ်ကိုယ် မီးတင်ရှို့ခဲ့တာကြောင့် လမ်းသွားလမ်းလာတွေ အထိတ်တလန့် ဖြစ်ခဲ့ကြပါတယ်။

ဓာတ်ပုံ - Bangkok Post

စက်တင်ဘာ – ၃၀ ၊၂၀၂၅

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဘတ်စ်ကားမှတ်တိုင် တစ်ခုမှာ လူငယ်တစ်ဦးက ကိုယ့်ကိုယ်ကိုယ် မီးတင်ရှို့ခဲ့တာကြောင့် လမ်းသွားလမ်းလာတွေ အထိတ်တလန့် ဖြစ်ခဲ့ကြပါတယ်။

စက်တင်ဘာ ၃၀ ရက် ၊ နေ့လယ်ပိုင်းလောက်က ချတ်တူချက်ခ် ခရိုင်ရဲ့ မြေရာဖွံ့ဖြိုးရေးရုံး အရှေ့က ကားမှတ်တိုင်မှာ အဲဒီ ကြောက်မက်ဖွယ်ရာ ကိစ္စမျိုး ပေါ်ပေါက်ခဲ့တာပါ။

လုံခြုံရေး ကင်မရာ မှတ်တမ်းတွေအရ အသက် ၂၁ နှစ်အရွယ် လူငယ်ဟာ ဘတ်စ်ကား မှတ်တိုင် နောက်နားမှာ ရပ်နေခဲ့ပြီး ဓာတ်ဆီတွေ ပါတယ်လို့ ယူဆရတဲ့ ကရားကို ကိုင်ထားခဲ့တာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် သူက အဲဒီကရားထဲက အရည်တွေကို ကိုယ်ပေါ်လောင်းချပြီး မီးခြစ်နဲ့ မီးရှို့ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ခန္ဓာကိုယ်မှာ မီးစွဲလောင်နေလျက်နဲ့ လျှောက်သွားနေခဲ့တာကြောင့် ဘတ်စ်ကားစောင့်နေတဲ့ တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေ အထိတ်တလန့် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

နောက်တော့ အဲဒီအမျိုးသားဟာ လမ်းပေါ်ပြေးထွက်သွားပြီးမှ လဲကျသွားခဲ့ပါတယ်။ သွေးပျက်စရာ မြင်ကွင်းဟာ လမ်းသွားလမ်းလာတွေသာ မကဘဲ ယာဉ်မောင်းတွေကိုပါ တုန်လှုပ်သွားစေပြီး မော်တော်ဆိုင်ကယ် စီးလာသူ တစ်ဦးဟာ ဆိုင်ကယ်မှောက်ပြီး ဒဏ်ရာ ရသွားခဲ့ပါတယ်။ အဲဒီ ဆိုင်ကယ်သမားကိုရော၊ ကိုယ့်ကိုယ်ကိုယ် မီးရှို့သူကိုပါ အနီးမှာရှိတဲ့ ပေါ်လိုဆေးရုံဆီ အရေးပေါ် တင်ပို့ခဲ့ရပါတယ်။

ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့တဲ့သူရဲ့ နာမည်နဲ့ သူဘာကြောင့် ဒီလုပ်ရပ်မျိုး လုပ်ခဲ့တာလဲ ဆိုတာတွေကိုတော့ မသိရသေးပါဘူး။ သူဟာ ဒီလိုကိစ္စကြီး မဖြစ်ခင်မှာ တစ်ယောက်ယောက်နဲ့ ဒေါသတကြီး ဖုန်းပြောနေခဲ့တယ်လို့ မျက်မြင်တစ်ဦးက ဆိုပါတယ်။

လူငယ်ရဲ့ မိခင်ကလည်း သားဖြစ်သူဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ရည်းစားနဲ့ အဆင်မပြေဘူးလို့ ပြောပါတယ်။ လောလောဆယ် သူ့ရဲ့ ဒဏ်ရာ အခြေအနေကို တိတိကျကျ မသိရသေးပါဘူး။

ကိုးကား – Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။