Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန်နဲ့ ထိုင်ဝမ်ကြား တရုတ်ဒရုန်း ပျံသန်းလို့ ဂျပန် တိုက်လေယာဉ်တွေ စေလွှတ်ခဲ့ရ

ထိုင်ဝမ်နဲ့ သိပ်မဝေးတဲ့ ဂျပန်ပိုင် ကျွန်းတစ်ခုနားမှာ တရုတ်က စေလွှတ်တယ်လို့ ယုံကြည်ရတဲ့ ဒရုန်းတစ်စီးကို တွေ့ရှိခဲ့တာကြောင့် ဂျပန်က တိုက်လေယာဉ်တွေ အရေးပေါ် ပျံတက်စေခဲ့ရကြောင်း သိရပါတယ်။

ဓာတ်ပုံ - AFP

ထိုင်ဝမ်နဲ့ သိပ်မဝေးတဲ့ ဂျပန်ပိုင် ကျွန်းတစ်ခုနားမှာ တရုတ်က စေလွှတ်တယ်လို့ ယုံကြည်ရတဲ့ ဒရုန်းတစ်စီးကို တွေ့ရှိခဲ့တာကြောင့် ဂျပန်က တိုက်လေယာဉ်တွေ အရေးပေါ် ပျံတက်စေခဲ့ရကြောင်း သိရပါတယ်။

အဲဒီ မောင်းသူမဲ့ ပျံသန်းနေတဲ့ ယာဉ်ကို တရုတ်က ပိုင်ဆိုင်တာလို့ ယုံကြည်ကြောင်း၊ အဲဒီယာဉ်ဟာ ယိုနာဂူနီကျွန်းနဲ့ ထိုင်ဝမ် ကမ်းရိုးတန်းကြားကနေ နိုဝင်ဘာ ၂၄ ရက်နေ့က ဖြတ်ပျံခဲ့တာဖြစ်ကြောင်း ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၂၅ ရက်နေ့မှာ လူမှုကွန်ရက် မီဒီယာ Xကနေ ထုတ်ပြန်ခဲ့ပါတယ်။

ဒါကြောင့် ဂျပန်ရဲ့ ဒေသခံ ပြည်စောင့်တပ် လေတပ်က တိုက်လေယာဉ်တွေ အရေးပေါ် ပျံတက်စေပြီး အခြေအနေကို စောင့်ကြည့်ခဲ့တယ်လို့ ဆိုပါတယ်။ ယိုနာဂူနီ ကျွန်းဆိုတာ ထိုင်ဝမ်နဲ့ ကီလိုမီတာ ၁၀၀ လောက်သာ ကွာဝေးပြီး ဂျပန်စစ်တပ်က တာလတ်ပစ် ဒုံးကျည်တွေ ဖြန့်ကျက်ဖို့ စီစဉ်နေတဲ့ စစ်အခြေစိုက်စခန်းတစ်ခု တည်ရှိနေပါတယ်။

တရုတ်ကသာ ထိုင်ဝမ်ကို တိုက်ခိုက်ရင် ဂျပန်ကလည်း ထိုင်ဝမ်ဖက်ကနေ စစ်ရေးအရ ပါဝင် တုံ့ပြန်ဖွယ်ရှိတယ်ဆိုတဲ့ ဂျပန် ဝန်ကြီးချုပ် စာနအဲ တကအိချိရဲ့ စကားကြောင့် တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေချိန်မှာ အခုအခြေအနေမျိုး ကြုံလာရတာပါ။ ဂျပန်ရဲ့ စွပ်စွဲချက်ထဲမှာတော့ တရုတ်ရဲ့ ဒရုန်းဟာ ဂျပန်လေပိုင်နက်ထဲ ကျူးကျော် ဝင်ရောက်ခဲ့တယ် ဆိုတာမျိုးတော့ မပါရှိခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

မကြာသေးခင်က ဂျပန် ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကွိုင်ဇူမီဟာ ယိုနာဂူနီ အပါအဝင် ဂျပန်တောင်ပိုင်းမှာ စစ်အင်အားနဲ့ စစ်လက်နက် တိုးမြှင့်ဖြန့်ကျက်ဖို့ လျာထားတဲ့ ကျွန်းတချို့ဆီ လှည့်လည် ကြည့်ရှုခဲ့ပါသေးတယ်။ သူက ယိုနာဂူနီ ကျွန်းပေါ်မှာ မြေပြင်ကနေ ဝေဟင်ပစ် တာလတ် ဒုံးကျည်တွေ ဖြန့်ကျက်ထားမယ့် မူလ အစီအစဉ်ကို ပြောင်းလဲမှာ မဟုတ်ဘဲ ဆက်ပြီး အကောင်အထည် ဖော်သွားမယ်လို့လည်း ဆိုပါတယ်။

ဂျပန်ဟာ ယိုနာဂူနီ ကျွန်းပေါ်မှာ စစ်စခန်း တစ်ခုကို ၂၀၁၆ ခုနှစ် ကတည်းက စတင်ထားရှိခဲ့ပြီး အဲဒီနေရာမှာ Type 03 တာလတ်ပစ် ပဲ့ထိန်းဒုံးတွေ ဖြန့်ကျက်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

ဂျပန်အစိုးရရဲ့ ဖွဲ့စည်းပုံတွေကို ဝန်ကြီးချုပ် စနအဲ တကအိချိက အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။

ဆောင်းပါး

ယနေ့ ဂျပန်မှာ ဂျပန်လူငယ်ဝန်ထမ်းတစ်ယောက်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လစာအခြေအနေကို ကြည့်ရင် အရင်နှစ်ပေါင်း ၃၀ ကျော်က အခြေအနေနဲ့ လုံးဝမတူတော့ပါဘူး။ တစ်ချိန်က ဘွဲ့ရပြီး အလုပ်ရှာဖို့တောင် ခက်ခဲခဲ့တဲ့ လူငယ်တွေ ရှိခဲ့သလို၊ ဒီနေ့မှာတော့ ကုမ္ပဏီတွေက လူငယ်လုပ်သားရဖို့ လစာတိုးပေးပြီး အပြိုင်အဆိုင် ဆွဲဆောင်နေရပါတယ်။ ဒီအပြောင်းအလဲကြားမှာ...

သတင်း

ဂျပန်မှာ ကလေးရဲ့ ရုပ်အလောင်းကို စွန့်ပစ်ခဲ့ကြောင်း စွပ်စွဲခံရတဲ့ မြန်မာ အမျိုးသမီးငယ်တစ်ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။