Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန်ဝန်ကြီးချုပ်ဟောင်းကို လုပ်ကြံခဲ့သူက ပြစ်ဒဏ်အတွက် အယူခံဝင်

ဂျပန် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးကို လုပ်ကြံ သတ်ဖြတ်ခဲ့သူက သူ့ရဲ့ ပြစ်ဒဏ်အတွက် အယူခံ ဝင်ခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

ဂျပန် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးကို လုပ်ကြံ သတ်ဖြတ်ခဲ့သူက သူ့ရဲ့ ပြစ်ဒဏ်အတွက် အယူခံ ဝင်ခဲ့ကြောင်း သိရပါတယ်။

၂၀၂၂ တုန်းက အာဘေးကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ အသက် ၄၅ နှစ်အရွယ် တက်ဆူယာ ယာမာဂါမီဟာ ပြစ်မှုထင်ရှားတဲ့အတွက် လွန်ခဲ့တဲ့ နှစ်ပတ်မှာ ထောင်ဒဏ်တစ်သက် စီရင်ချက် ချမှတ် ခံခဲ့ရပါတယ်။

ဖေဖော်ဝါရီ ၄ ရက်မှာတော့ သူ့အတွက် အစိုးရက ခန့်အပ်ပေးထားတဲ့ ရှေ့နေဖြစ်သူ မာဆာကီ ဖူရူကာဝါက အမှုသည်ရဲ့ တောင်းဆိုမှုအရ ပြစ်ဒဏ်ကို အယူခံ ဝင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အောက်ရုံးရဲ့ စီရင်ချက်က မမျှတဘူးလို့ ယုံကြည်တဲ့အတွက် အဲဒါကို ပြောင်းလဲပစ်ဖို့ အခွင့်အလမ်းမျိုး ရှာဖွေသွားမယ်လို့ ဖူရူကာဝါက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ယာမာဂါမီက သူ့မိသားစုကို စီးပွားပျက်တဲ့ထိ လိမ်လည်ခဲ့တဲ့ ဘာသာရေးဂိုဏ်း တစ်ခုနဲ့ ဆက်စပ်နေတဲ့ အာဘေးကို အငြှိုးထားပြီး လက်လုပ်သေနတ်နဲ့ ပစ်သတ်ခဲ့ကြောင်း တရားရုံးမှာ ဝန်ခံခဲ့ပါတယ်။ အခုတော့ အယူခံ ဝင်မှုအရ အိုဆာကာ ဗဟိုတရားရုံးမှာ အမှုကို ပြန်လည် စစ်ဆေးမှာ ဖြစ်ပါတယ်။

အဲဒီ ရှုပ်ထွေးတဲ့ ဘာသာရေးဂိုဏ်းကြောင့် ယာမာဂါမီရဲ့ မိခင်ဟာ ဒေဝါလီခံရတဲ့ထိ အခြေအနေ ဆိုးခဲ့ကြောင်း သိရှိရတဲ့နောက် တရားခံအပေါ် စာနာသူတွေလည်း ရှိခဲ့ပါတယ်။ အာဘေးဟာ အဲဒီဂိုဏ်းရဲ့ ခေါင်းဆောင်ပိုင်း တချို့က စီစဉ် ကျင်းပပေးခဲ့တဲ့ မဲဆွယ်ပွဲ တစ်ခုမှာ မိန့်ခွန်းပြောနေတဲ့အချိန် ပစ်ခတ်ခံခဲ့ရတာလို့လည်း သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန် ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် စနအဲ တကအိချိရဲ့ ပါတီဟာ သမိုင်းဝင် အပြတ်သားဆုံး ရလဒ်မျိုးနဲ့ အောင်ပွဲခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

လာမယ့် ဂျပန် ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် စနအဲ တကအိချိကို ထောက်ခံသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

လန်ဒန်မြို့ဆီ အလည်အပတ် လာရောက်ဖို့ ဂျပန်ဝန်ကြီးချုပ်ကို ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာက ဖိတ်ကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဒေသတွင်းမှာ တရုတ်ရေတပ်ရဲ့ အရှိန်အဟုန်မြှင့် လှုပ်ရှားမှုတွေကို တုံ့ပြန်ဖို့အတွက် ဂျပန်ဟာ သင်္ဘောဖျက် ဒုံးကျည်အတော်များများကို တိုက်လေယာဉ်တွေမှာ အသင့်အနေအထား တပ်ဆင်ထားကြောင်း သိရပါတယ်။