Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ ဘတ်စ်ကား မီးလောင်ပြီး ၆ ဦးထက်မနည်း သေဆုံး

ဆွစ်ဇာလန် နိုင်ငံ အနောက်ပိုင်းမှာ ဘတ်စ်ကားတစ်စီး မီးလောင်ရာက ၆ ဦးထက်မနည်း သေဆုံးပြီး နောက်ထပ် ၅ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ဆွစ်ဇာလန် နိုင်ငံ အနောက်ပိုင်းမှာ ဘတ်စ်ကားတစ်စီး မီးလောင်ရာက ၆ ဦးထက်မနည်း သေဆုံးပြီး နောက်ထပ် ၅ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

မြို့တော် ဘန်းရဲ့ အနောက်ဖက် ကီလိုမီတာ ၂၀ လောက် အကွာမှာရှိတဲ့ ကာဇာစ်ဆိုတဲ့ မြို့ငယ်လေးရဲ့ မြို့လယ်လမ်းမမှာ မတ်လ ၁၀ ရက် ညနေပိုင်းက ဘတ်စ်ကား မီးလောင်မှု ဖြစ်ခဲ့တာပါ။ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေမှာတော့ မီတာတချို့လောက်ထိ မြင့်တဲ့ မီးတောက်တွေက ဘတ်စ်ကားရဲ့ ပြတင်းပေါက်တွေထဲကနေ အပြင်ဖက်ဆီ ထိုးထွက်ပြီး လောင်ကျွမ်းနေတာကို တွေ့ခဲ့ရပါတယ်။

ရဲတွေက အခုမီးလောင်မှုရဲ့ နောက်ကွယ်မှာ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်တဲ့ ကိစ္စမျိုး ပါဝင်ပတ်သက်နိုင်ခြေရှိကြောင်း ပြောကြားထားပါတယ်။ ဒါပေမဲ့ မီးလောင်မှု အကြောင်းကို တိတိကျကျ အတည်မပြုနိုင်သေးဘဲ ဆက်လက် စုံစမ်းနေဆဲလို့လည်း ဆိုပါတယ်။

ဘတ်စ်ကား မီးလောင်မှုမှာ အနည်းဆုံး ၆ ဦးသေပြီး ၅ ဦး ဒဏ်ရာရခဲ့ကြောင်း၊ သူတို့ထဲက ၃ ဦးရဲ့ အခြေအနေက စိုးရိမ်ရကြောင်း ကာဇာစ်မြို့ ပါဝင်တဲ့ ဖရိုင်းဘော့ဂ်ဒေသ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဖရက်ဒရစ် ပါပေါ့စ်က ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ စုံစမ်းမှုတွေမှာတော့ ရဲတွေက ဒီမီးလောင်မှုဟာ မတော်တဆ ဆိုတာထက် လူကြောင့်ဖြစ်တဲ့ ကိစ္စတစ်ခု အနေနဲ့ စုံစမ်းနေပြီး တမင်တကာ မီးရှို့တာမျိုးတောင် ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ယူဆထားကြောင်း ပါပေါ့စ်က ဆိုပါတယ်။ တစ်နည်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာ၊ ဒါမှမဟုတ် အကြမ်းဖက် တိုက်ခိုက်တာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ကြောင်း ရဲတွေက ခန့်မှန်းထားပြီး လောလောဆယ်မှာတော့ ဘာကိုမှ အတိအကျ မဆုံးဖြတ်သေးပါဘူး။

မီးလောင်မှု ဖြစ်ပွားချိန်က ဘတ်စ်ကားပေါ်မှာ လူဘယ်နှယောက် ရှိနေခဲ့သလဲ ဆိုတာကိုလည်း မသိရသေးဘဲ ကယ်ဆယ်ရေးတွေနဲ့ မီးသတ်တွေ ရောက်သွားချိန်မှာ အရမ်း ထိတ်လန့် တုန်လှုပ်နေတဲ့ ခရီးသည်တွေကို အပူတပြင်း ရွှေ့ပြောင်းပေးခဲ့ရကြောင်း ပါပေါ့စ်က ပြောကြားသွားပါတယ်။

ဖရိုင်းဘော့ဂ် ရဲတပ်ဖွဲ့က အစိုးရ ရှေ့နေတွေနဲ့ ပူးပေါင်းပြီး အခုဖြစ်ရပ်အပေါ် ရာဇဝတ်ကြောင်းအရ အမှုဖွင့် စုံစမ်းနေကြောင်း ထုတ်ပြန်ထားပါတယ်။ နောက်ပိုင်းမှာတော့ မီးကျွမ်းထားတဲ့ ဘတ်စ်ကား ကိုယ်ထည် အခွံကြီးကို ရဲတွေက ငွေရောင် တာပေါ်လင်စတွေနဲ့ ဖုံးကွယ်ထားလိုက်ပြီး အများပြည်သူ ချဉ်းကပ်ခွင့်ကိုလည်း ရဲတွေက တားဆီးထားလိုက်ပါတယ်။

ကာဇာစ်မြို့မှာ ဆိုးရွားတဲ့ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူတွေ အသက်ဆုံးရှုံးရတာကို ကြားသိရတဲ့အတွက် အရမ်း တုန်လှုပ်မိသလို နစ်နာသူတွေနဲ့ ထပ်တူ ဝမ်းနည်းမိကြောင်း ဆွစ်ဇာလန် သမ္မတ ဂိုင်းပါမယ်လင်က လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

ဆွစ်ဇာလန်မှာတော့ လူအများအပြား သေဆုံးတဲ့ မီးလောင်မှုတွေဟာ လပိုင်းအတွင်း ဒုတိယအကြိမ် ဖြစ်ပွားခဲ့တာပါ။ ဇန်နဝါရီ ၁ ရက်နေ့တုန်းကလည်း နှင်းလျှောစီး အပန်းဖြေ စခန်းမြို့ ခရန်စ်-မွန်တာနာက ဘားတစ်ခုမှာ နှစ်သစ်ကူး စုဝေးကြိုဆိုနေချိန် မီးလောင်မှုကြောင့် ၄၁ ဦး သေဆုံးပြီး ၁၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ကိုးကား: AFP

ဓာတ်ပုံ – AP, EPA, Getty Images

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စျေးတွေတက်လာတာကြောင့် အမေရိကန်လုပ် အဆင့်မြင့် တိုက်လေယာဉ်တွေကို မူလ လျာထားတာထက် အရေအတွက် လျှော့ပြီး ဝယ်ယူသွားမယ်လို့ ဆွစ်ဇာလန်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

Sky Shieldမှာ NATO စစ်မဟာမိတ် အဖွဲ့ဝင် တစ်ဒါဇင်ကျော်လောက် ပါဝင်ဖို့သာ ကနဦး ညှိနှိုင်းထားပေမယ့် အခုအခါမှာတော့ ဘက်မလိုက် နိုင်ငံနှစ်ခုပါ လာရောက် ချိတ်ဆက်ခဲ့တာလည်း ဖြစ်ပါတယ်။

သတင်း

ဆွစ်ဇာလန်သည် ဆီးရီးယားနှင့် အီရန်တို့ကို အရေးယူပိတ်ဆို့မှုစာရင်းတွင် ထပ်မံထည့်သွင်းကြောင်း ကြေညာခဲ့သည့်တပြိုင်နက် မြန်မာနိုင်ငံရှိ အာဏာသိမ်းစစ်တပ်နှင့်ဆက်စပ်သူများကိုလည်း ပိတ်ဆို့ဒဏ်ခတ်သည့်စာရင်းတွင် ထပ်မံထည့်သွင်းခဲ့ခြင်းဖြစ်သည်။

သတင်း

လက်ရှိ စီးပွားရေးအခြေအနေကြောင့်စီးပွားရေးအချက်အချာကျသောရန်ကုန်ရှိစက်ရုံနှင့် ရုံးချုပ်တို့တွင်လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက AFP သို့ ပြောကြားခဲ့သည်။