Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန် တိုက်ခိုက်တာ ခံခဲ့ရတဲ့ ထိုင်းသင်္ဘောပေါ်မှာ လူသားရုပ်ကြွင်းတွေ ရှာတွေ့ထား

ဟောမုဇ် ရေလက်ကြားနားမှာ အီရန် တိုက်ခိုက်ခဲ့လို့ မီးလောင်ပျက်စီးခဲ့တဲ့ ထိုင်းကုန်တင် သင်္ဘောပေါ်မှာ လူသား ရုပ်ကြွင်းတွေ ရှာတွေ့ခဲ့ကြောင်း သင်္ဘောပိုင်ရှင် ကုမ္ပဏီက ကြေညာခဲ့ပါတယ်။

ဟောမုဇ် ရေလက်ကြားနားမှာ အီရန် တိုက်ခိုက်ခဲ့လို့ မီးလောင်ပျက်စီးခဲ့တဲ့ ထိုင်းကုန်တင် သင်္ဘောပေါ်မှာ လူသား ရုပ်ကြွင်းတွေ ရှာတွေ့ခဲ့ကြောင်း သင်္ဘောပိုင်ရှင် ကုမ္ပဏီက ကြေညာခဲ့ပါတယ်။

မတ်လတုန်းက ဟောမုဇ်ရေလက်ကြားမှာ စစ်ရေးအခြေအနေ အတင်းမာဆုံး ဖြစ်နေချိန်မှာ တားမြစ်ချက်တွေကို မလိုက်နာဘဲ ဖြတ်သန်းဖို့ ကြိုးစားခဲ့တဲ့အတွက် ထိုင်းအလံ လွှင့်ထူထားတဲ့ Mayuree Naree သင်္ဘောကို တိုက်ခိုက်ခဲ့ကြောင်း အီရန်က အတည်ပြုထားပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် သင်္ဘောကိုယ်ထည်မှာ အကြီးအကျယ် မီးစွဲလောင်ပြီး လူ ၃ ဦးဟာ အင်ဂျင်ခန်းထဲမှာ ပိတ်မိ ကျန်နေခဲ့တယ်လို့ ယူဆရတဲ့ အခြေအနေကြောင့် ပျောက်ဆုံးနေပါတယ်။ ထိုင်းသင်္ဘောသား ၂၀ ကိုတော့ ဘေးကင်းကင်းနုဲ့ ကယ်ဆယ်ရွှေ့ပြောင်းနိုင်ခဲ့ပါတယ်။

ဧပြီ ၃ ရက်နေ့မှာတော့ သင်္ဘောရဲ့ ပိုင်ရှင်ဖြစ်တဲ့ Precious Shippingက သင်္ဘောပျက် ကိုယ်ထည်ထဲမှာ လူသားရုပ်ကြွင်းတွေ ရှာတွေ့ခဲ့တယ် ဆိုတာကို အတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူ အရေအတွက်နဲ့ ဘယ်သူတွေလဲ ဆိုတာကိုတော့ လောလောဆယ် တိတိကျကျ အတည်မပြုနိုင်သေးဘူးလို့လည်း ကုမ္ပဏီက ဆိုပါတယ်။

သင်္ဘောရဲ့ အင်ဂျင်ခန်းဟာ မီးလောင်ရာက အကြီးအကျယ် ပျက်စီးခဲ့သလို ရေဝင်ထားတာကြောင့် ရှာဖွေရေး လုပ်ငန်းတွေ ဆောင်ရွက်ရတာက အရမ်း စိန်ခေါ်မှု ကြီးမားတယ်လို့လည်း Precious Shippingရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း နောက်ဆက်တွဲ ကြားသိလာရတဲ့ သတင်းအတွက် ကြေကွဲဝမ်းနည်းမိကြောင်း ထုတ်ပြန်ခဲ့ပြီး ပျောက်ဆုံးနေသူတွေရဲ့ မိသားစုတွေဆီကိုလည်း အသိပေး အကြောင်းကြားထားကြောင်း ပြောပါတယ်။

မတ်လတုန်းက ထိုင်းရေယာဉ်အပြင် လစ်ဗျားအလံ လွှင့်ထူထားတဲ့ တခြားသင်္ဘော တစ်စီးပါ သတိပေးချက်တွေကို မျက်ကွယ်ပြုခဲ့တဲ့အတွက် တိုက်ခိုက်ခဲ့ကြောင်း အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)က ထုတ်ပြန်ခဲ့ပါတယ်။

ကိုးကား: AFP

ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန် ကမ်းလွန် ရေပြင်မှာ ဖြန့်ကျက်ဖို့ တတိယမြောက် လေယာဉ်တင် သင်္ဘောတစ်စီးကို အမေရိကန်က စေလွှတ်ထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

အစ္စရေး နိုင်ငံသား အများစု လိုက်ပါလာတဲ့ ခရီးသည်တင် လေယာဉ်ကို အနုကြမ်းစီးဖို့ အားထုတ်ခဲ့တဲ့ ဖြစ်ရပ် နောက်ကွယ်မှာ ပါဝင်ပတ်သက်မှု ရှိနေမယ်ဆိုရင် အီရန်အပေါ် အပြင်းအထန် ထိုးနှက်သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်ဖွဲ့ဝင်တွေ ရှိနေတဲ့ လေတပ်စခန်းကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့တယ်လို့ ယူဆရတဲ့ ဖြစ်စဉ်နောက်ကွယ်မှာ အီရန်နိုင်ငံ ပါဝင် ပတ်သက်နေနိုင်ကြောင်း ဗြိတိန် အစိုးရက ပြောပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသတွင်းက အမေရိကန် မဟာမိတ် နိုင်ငံတွေရဲ့ အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်မှုတွေ ပြန်စလာနိုင်ကြောင်း အီရန်က ခြိမ်းခြောက်လိုက်ပါတယ်။

Facebook