Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟောမုဇ်ကို ဖြတ်သန်းတဲ့ သင်္ဘောတွေကို အခွန်မကောက်ဖို့ အီရန်ကို ထရမ့်သတိပေး

ဟောမုဇ် ရေလက်ကြားကို ဖြတ်သန်း ခုတ်မောင်းတဲ့ ရေနံတင် သင်္ဘောတွေကို အီရန်က အခွန်ကောက်တာမျိုး လုံးဝ မလုပ်သင့်ဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားခဲ့ပါတယ်။

ဟောမုဇ် ရေလက်ကြားကို ဖြတ်သန်း ခုတ်မောင်းတဲ့ ရေနံတင် သင်္ဘောတွေကို အီရန်က အခွန်ကောက်တာမျိုး လုံးဝ မလုပ်သင့်ဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားခဲ့ပါတယ်။

အမေရိကန်နဲ့ စစ်ပွဲ ကာလအတွင်း အီရန်ဟာ ကမ္ဘာ့ရေနံ တင်ပို့မှု အချက်အခြာ ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ်ကို ပိတ်ဆို့ထားခဲ့ပါတယ်။ လက်ရှိ အပစ်ရပ် ကာလမှာတော့ ဟောမုဇ်ကို ပြန်ဖွင့်ပေးထားဖို့ အီရန်က သဘောတူခဲ့ပေမယ့် ဖြတ်သန်းသွားတဲ့ ရေနံတင် သင်္ဘောတွေဆီက ရေလက်ကြား အသုံးပြုခွင့် အခွန်ငွေကြေး ကောက်ခံနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ထရမ့်က အီရန်ဟာ ဟောမုဇ်ကို ဖြတ်သန်းတဲ့ ရေနံတင် သင်္ဘောတွေဆီက အခွန်ကောက်ယူနေတယ် ဆိုတဲ့ သတင်းတွေ သူကြားမိကြောင်း၊ ဒါမျိုး မလုပ်သင့်ကြောင်း၊ လုပ်နေတယ် ဆိုရင်လည်း အမြန်ဆုံး ရပ်လိုက်တာ ပိုကောင်းမှာဖြစ်ကြောင်း လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားခဲ့ပါတယ်။

နောက်ပြီး အပစ်ရပ် သဘောတူညီမှုအရ ဟောမုဇ်ကို အပြည့်အဝ ပြန်ဖွင့်ပေးမယ်လို့ အီရန်က ကတိပေးထားခဲ့ပေမယ့် လက်တွေ့ လုပ်ပုံကိုင်ပုံတွေက ကွဲလွဲနေတဲ့ အပေါ်မှာလည်း ထရမ့်က မေးခွန်းထုတ်ခဲ့ပါတယ်။ ဟောမုဇ် ကိစ္စမှာ အီရန် လုပ်နေပုံတွေက ဆိုးလွန်းကြောင်း၊ ဟောမုဇ်ကနေ ဖြတ်ပြီး ဆီတွေ တင်ပို့တဲ့ ကိစ္စအပေါ် အီရန်တုံ့ပြန် စီမံနေပုံက လေးစားမှု ကင်းမဲ့တယ်လို့တောင် ပြောနိုင်ကြောင်း၊ နှစ်ဖက် ဆွေးနွေး သဘောတူထားတာက ဒီအခြေအနေမျိုး မဟုတ်ကြောင်း ထရမ့်က ဝေဖန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အီရန်ကတော့ အပစ်ရပ်ပြီးတဲ့ အချိန်ထိ လက်ဘနွန်မှာ အစ္စရေးက စစ်ဆင်ရေးတွေ ဆက်လက် လုပ်ဆောင်နေတာကြောင့် ဟောမုဇ်ရေလက်ကြား ဖြတ်သန်းခွင့်ကို ပြန်လည် ကန့်သတ်ထားကြောင်း ပြောကြားထားပါတယ်။ အစ္စရေးက အပစ်ရပ် သဘောတူညီမှုမှာ လက်ဘနွန် မပါဝင်ဘူးလို့ပြောပြီး အဲဒီနိုင်ငံမှာ ရှိနေတဲ့ အီရန်မဟာမိတ် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေကို ဆက်လက် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

Financial Times သတင်းဌာနရဲ့ ဖော်ပြချက်အရ အီရန်ဟာ နှစ်ပတ်ကြာ အပစ်ရပ် ကာလအတွင်း ရေလက်ကြား ဖြတ်သန်းတဲ့ ရေယာဉ်တွေဆီကနေ ခရစ္စတို ဒစ်ဂျစ်တယ် ငွေကြေး အသုံးပြုပြီး အခွန်ကောက်ယူလိမ့်မယ်လို့ သိရပါတယ်။ အဲဒီလို အခွန်ကောက်မယ့် ကိစ္စကို အီရန်ရဲ့ ရေနံ၊ ဓာတ်ငွေ့နဲ့ လောင်စာထုတ်ကုန်များဆိုင်ရာ ပို့ကုန်သမဂ္ဂ အကြီးအကဲက Financial Timesဆီ အသိပေးခဲ့တယ်လို့ ဆိုပါတယ်။

နောက်ထပ် လူမှုကွန်ရက် မီဒီယာ ပို့စ်တစ်ခုမှာတော့ ထရမ့်က အီရန်ရဲ့ အကူအညီ ပါပါ မပါပါ ရေနံတွေ ပြန်လည် တင်ပို့တာကို မြင်ရစေမယ်လို့ ရေးသားထားပေမယ့် အသေးစိတ်ကိုတော့ ရှင်းပြမထားခဲ့ပါဘူး။

ဟောမုဇ်ဟာ ရေကြောင်းကနေ နိုင်ငံတကာကို ရေနံနဲ့ ဓာတ်ငွေ့ရည်တွေ တင်ပို့မှု စုစုပေါင်း ၂၀ ရာခိုင်နှုန်းလောက် နေ့စဉ်ဖြတ်သန်းနေတဲ့ ကျဉ်းမြောင်း ရှည်လျားတဲ့ ရေလက်ကြား တစ်ခုပါ။ စစ်မဖြစ်ခင်တုန်းက အဲဒီရေလမ်းကြောင်းမှာ တစ်နေ့ကို သင်္ဘောအရေအတွက် ရာနဲ့ချီ ခုတ်မောင်းလေ့ရှိကြောင်း သိရပါတယ်။

ကိုးကား: Reuters

ဓာတ်ပုံ – Getty

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန် ကမ်းလွန် ရေပြင်မှာ ဖြန့်ကျက်ဖို့ တတိယမြောက် လေယာဉ်တင် သင်္ဘောတစ်စီးကို အမေရိကန်က စေလွှတ်ထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

အစ္စရေး နိုင်ငံသား အများစု လိုက်ပါလာတဲ့ ခရီးသည်တင် လေယာဉ်ကို အနုကြမ်းစီးဖို့ အားထုတ်ခဲ့တဲ့ ဖြစ်ရပ် နောက်ကွယ်မှာ ပါဝင်ပတ်သက်မှု ရှိနေမယ်ဆိုရင် အီရန်အပေါ် အပြင်းအထန် ထိုးနှက်သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်ဖွဲ့ဝင်တွေ ရှိနေတဲ့ လေတပ်စခန်းကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့တယ်လို့ ယူဆရတဲ့ ဖြစ်စဉ်နောက်ကွယ်မှာ အီရန်နိုင်ငံ ပါဝင် ပတ်သက်နေနိုင်ကြောင်း ဗြိတိန် အစိုးရက ပြောပါတယ်။

နိုင်ငံတကာ

ဉာဏ်ရည်တု နည်းပညာ (AI)ကို စူပါဉာဏ်ရည် (SI)လို့ နာမည်ပြောင်းလဲ သတ်မှတ်တဲ့ အမိန့်တစ်ရပ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုးခဲ့ပါတယ်။

Facebook