Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့် တည်ဆောက်စေမယ့် အထိမ်းအမှတ် မုခ်ဦးကြီးရဲ့ တရားဝင် နာမည်ကို ထုတ်ပြန်ကြေညာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် တည်ဆောက်စေမယ့် အထိမ်းအမှတ် မုခ်ဦး အဆောက်အအုံသစ်ကြီးရဲ့ နာမည်ကို အိမ်ဖြူတော်က တရားဝင် ထုတ်ပြန် ကြေညာလိုက်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် တည်ဆောက်စေမယ့် အထိမ်းအမှတ် မုခ်ဦး အဆောက်အအုံသစ်ကြီးရဲ့ နာမည်ကို အိမ်ဖြူတော်က တရားဝင် ထုတ်ပြန် ကြေညာလိုက်ပါတယ်။

မူလက Arc de Trumpဆိုတဲ့ တရားဝင် မဟုတ်တဲ့ နာမည်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးနှုန်း ရည်ညွှန်းခဲ့ပေမယ့် ဧပြီ ၁၅ ရက်နေ့မှာတော့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်က အမေရိကန်နိုင်ငံ လွတ်လပ်ရေး နှစ် ၂၅၀ ပြည့် အထိမ်းအမှတ်အဖြစ် တည်ဆောက်မယ့် အထိမ်းအမှတ် အဆောက်အအုံကြီးရဲ့ တရားဝင် နာမည်ဟာ United States Triumphal Arch ဖြစ်လာမယ်လို့ တရားဝင် အသိပေးခဲ့ပါတယ်။

အိမ်ဖြူတော်ရဲ့ ဘဲဥပုံ ရုံးခန်းထဲမှာ အဲဒီ အဆောက်အအုံ မူကြမ်းပုံကို AFP သတင်းထောက်တွေက အောက်တိုဘာလမှာ သတိပြုမိခဲ့ရာက မုခ်ဦး တည်ဆောက်မယ့် ကိစ္စကို စတင်သိရှိလာကြပြီး Arc de Trumpလို့ သုံးနှုန်းလာခဲ့ကြတာ ဖြစ်ပါတယ်။

အမေရိကန် လွတ်လပ်ရေး နှစ် ၂၅၀ ပြည့် ခမ်းနားတဲ့ သမိုင်းကို ဂုဏ်ပြုတဲ့ United States Triumphal Arch တည်ဆောက်မှု အစီအမံတွေကို ပြည်ထဲရေး ဝန်ကြီးဌာနက တင်ပြသွားမယ်လို့ လီယာဗစ်က ဆိုပါတယ်။ အဲဒီ မုခ်ဦးရဲ့ ဒီဇိုင်းပုံကို ဇောက်ထိုး ကိုင်ထားခဲ့တဲ့ လီဗာဗစ်ဟာ နောက်တော့ အတည့်ပြန်ကိုင်ရင်း အချက်အလက် တချို့ကို ထုတ်ပြောခဲ့ပါတယ်။ သူ့ရဲ့ အဆိုအရ နှစ် ၂၅၀ ပြည့် လွတ်လပ်ရေးကို ဂုဏ်ပြုတဲ့ အနေနဲ့ အဲဒီ မုခ်ဦးကြီးကို ပေ ၂၅၀ အမြင့် တည်ဆောက်သွားမယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဝါရှင်တန် ဒီစီမှာရှိတဲ့ ကိုလံဘီယာ ကျွန်းပေါ်က Memorial အဝိုင်းပေါ်မှာ တည်ဆောက်မယ့် အဖြူရောင် မုခ်ဦးကြီးရဲ့ အထက်မှာ အတောင်ပံပါတဲ့ လေဘာတီ ရုပ်တုပုံနဲ့ သိန်းငှက်နှစ်ကောင် ခြံရံထားပုံတွေကို ထည့်သွင်း ထုဆစ်သွားမှာ ဖြစ်ပါတယ်။

ပေ ၂၅၀ အမြင့်ကြောင့် အဲဒီ မုခ်ဦးဟာ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာရှိတဲ့ Arc de Triompheကို သေးငယ်သယောင် ထင်မှတ်သွားစေမှာ ဖြစ်ပါတယ်။ ဒါတင် မကဘဲ မက္ကစီကိုစီးတီးရဲ့ Monument to the Revolutionနဲ့ မြောက်ကိုရီးယားနိုင်ငံ၊ ပြုံယမ်းမြို့တော်က အောင်ပွဲ မုခ်ဦးတို့ကိုပါ ကျော်တက်ပြီး ကမ္ဘာ့အမြင့်ဆုံး အထိမ်းအမှတ် မုခ်ဦး ဖြစ်လာမယ်လို့ သိရပါတယ်။

သူ့ရဲ့ ဒုတိယအကြိမ် သမ္မတ သက်တမ်းအတွင်း ထရမ့်ဟာ ဝါရှင်တန်ဒီစီ မြို့တော်မှာ အကြီးစား ဗိသုကာ ပရောဂျက် တချို့ကို အကောင်အထည် ဖော်စေဖို့ စိုင်းပြင်းနေခဲ့ပြီး အိမ်ဖြူတော်မှာ ballroom အသစ် တည်ဆောက်ခြင်းနဲ့ Kennedy Center for the Performing Artsကို ပြန်လည် မွမ်းမံခြင်းတွေလည်း အပါအဝင် ဖြစ်ပါတယ်။

ဝေဖန်သူ တချို့က ထရမ့်ဟာ သူ့ရဲ့ ပုံရိပ် အမွေအနှစ် တစ်ခုအဖြစ် ချန်ထားဖို့ အခုမုခ်ဦးကြီးကို တည်ဆောက်စေတာ ဖြစ်ကြောင်း ပြောပေမယ့် လီယာဗစ်ကတော့ အမေရိကန်ရဲ့ အမျိုးသားရေး ဂုဏ်ဒြပ်ကို ထည်ဝါစေဖို့သာ ရည်ရွယ်ထားတာလို့ တုံ့ပြန်ခဲ့ပါတယ်။

သတင်းစာ ရှင်းလင်းပွဲ ခန်းမဆောင်ထဲမှာ ရှိနေသူတွေ ကွယ်လွန်သွားပြီး နောက်ထပ် နှစ်တွေ အများကြီး ကြာတဲ့အထိ သားသမီး မြေးမြစ် မျိုးဆက်တွေဟာ အဲဒီ အမျိုးသား သင်္ကေတ အဆောက်အအုံကြီးရဲ့ ထည်ဝါမှုကို တွေ့ရှိခွင့် ရနေကြလိမ့်မယ်လို့ သူက သတင်းထောက်တွေကို ပြောကြားသွားပါတယ်။

ကိုးကား: AFP
ဓာတ်ပုံ – U.S. Commission on Fine Arts/Reuters

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။