Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်မှာ မပေါက်ကွဲသေးတဲ့ စစ်လက်ကျန် ခဲယမ်းတွေကို ရှင်းလင်းရင်း IRGC တပ်ဖွဲ့ဝင် ၁၄ ဦးသေဆုံး

စစ်ပွဲမှာ အမေရိကန်နဲ့ အစ္စရေးတို့ ပစ်ခတ်ခဲ့၊ ကြဲချခဲ့ပြီး မပေါက်ကွဲသေးတဲ့ စစ်လက်နက်တွေ၊ ဗုံးတွေကို ရှင်းလင်းရင်း အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC) တပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

စစ်ပွဲမှာ အမေရိကန်နဲ့ အစ္စရေးတို့ ပစ်ခတ်ခဲ့၊ ကြဲချခဲ့ပြီး မပေါက်ကွဲသေးတဲ့ စစ်လက်နက်တွေ၊ ဗုံးတွေကို ရှင်းလင်းရင်း အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC) တပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံ အနောက်မြောက်ပိုင်းက ဇန်ဂျန်ပြည်နယ်ထဲမှာ မေလ ၁ ရက်နေ့က ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး IRGC တပ်ဖွဲ့ဝင် ၁၄ ဦးသေ၊ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ အီရန် အစိုးရ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

IRGCရဲ့ မိုင်းရှင်းရေး အဖွဲ့တွေဟာ ဇန်ဂျန်မြို့ထဲက စစ်လက်ကျန် ခဲယမ်းမီးကျောက်တွေ ပျံ့နှံ့နေတဲ့ အန္တရာယ်ဇုန် တစ်ခုကို ရှင်းလင်းနေရင်း ပေါက်ကွဲမှုနဲ့ ကြုံတွေ့ခဲ့တာလို့ IRNA သတင်းဌာက ဆိုပါတယ်။

အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြုံတွေ့ခဲ့ပြီး မပေါက်ကွဲသေးတဲ့ ခဲယမ်းတွေ ကျန်နေဆဲ နေရာတစ်ခုထဲ မိုင်းရှင်းအဖွဲ့ ဝင်ရောက်သွားချိန်မှာ ပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

IRGCရဲ့ အန်ဆာအယ်လ်မာဒီ တပ်ခွဲက အမျိုးအမည် မသိရသေးတဲ့ စစ်လက်ကျန် ခဲယမ်းတစ်ခုခုကြောင့် ပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး ဘယ်လို လက်နက်ကြောင့် ပေါက်ကွဲမှု ဖြစ်ခဲ့သလဲ ဆိုတာကို ဆက်လက် စုံစမ်းနေကြောင်း ထုတ်ပြန်ထားပါတယ်။

ဒါဟာ ဧပြီ ၈ ရက်နေ့မှာ အစ္စရေး၊ အမေရိကန်တို့နဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့တဲ့နောက်ပိုင်း IRGC တပ်ဖွဲ့ဝင် အသေအပျောက် အများဆုံး ဖြစ်စဉ် အနေနဲ့လည်း မှတ်တမ်းဝင်လာခဲ့ပါတယ်။

ပြီးတော့ အီရန်မှာ စစ်ပွဲကို တရားဝင် အဆုံးသတ်နိုင်ခဲ့ရင်တောင်မှ စစ်လက်ကျန် မပေါက်ကွဲသေးတဲ့ ခဲယမ်းမီးကျောက်တွေရဲ့ အန္တရာယ်က ကြီးကြီးမားမား ကျန်နေဆဲဆိုတဲ့ အရှိတရားကိုပါ မီးမောင်းထိုးပြနေပါတယ်။

IRGCရဲ့ ထုတ်ပြန်ချက်အရ စစ်ပွဲစတင်ချိန်နောက်ပိုင်း နိုင်ငံအနှံ့မှာ မပေါက်ကွဲသေးတဲ့ ခဲယမ်းမီးကျောက်နဲ့ ဗုံးအရေအတွက် ၁၅၀၀၀ ကျော်ကို ရှာဖွေဖော်ထုတ် ဖယ်ရှားပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အုပ်ချုပ်ရေးနဲ့ စစ်ရေးပစ်မှတ်တွေကို အမေရိကန်နဲ့ အစ္စရေးတို့က အပြင်းအထန် လေကြောင်းကနေ တိုက်ခိုက်ခဲ့ရာက စစ်ပွဲ စတင်ခဲ့တာပါ။ အဲဒီနောက် အီရန်ဟာ အရှေ့အလယ်ပိုင်း ဒေသအနှံ့မှာ ရှိနေတဲ့ အမေရိကန် စစ်စခန်းတွေ၊ အမေရိကန် မဟာမိတ် အာရပ်နိုင်ငံတွေရဲ့ အခြေခံ အဆောက်အအုံတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တုံ့ပြန် ပစ်ခတ်ခဲ့တာကြောင့် စစ်ပွဲဟာ အရှေ့အလယ်ပိုင်း ဒေသတွင်း စစ်ရေး ပဋိပက္ခကြီး အဆင့်ထိ ကျယ်ပြန့်သွားခဲ့ပါတယ်။

ကိုးကား: Middle East Eye

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် တပ်ဖွဲ့ဝင်တွေ ရှိနေတဲ့ လေတပ်စခန်းကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့တယ်လို့ ယူဆရတဲ့ ဖြစ်စဉ်နောက်ကွယ်မှာ အီရန်နိုင်ငံ ပါဝင် ပတ်သက်နေနိုင်ကြောင်း ဗြိတိန် အစိုးရက ပြောပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသတွင်းက အမေရိကန် မဟာမိတ် နိုင်ငံတွေရဲ့ အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်မှုတွေ ပြန်စလာနိုင်ကြောင်း အီရန်က ခြိမ်းခြောက်လိုက်ပါတယ်။

နိုင်ငံတကာ

အီရန်ဖက်က ကနဦး ချဉ်းကပ် ကမ်းလှမ်းမှု တစ်ခုကို ပယ်ချထားပေမယ့် နှစ်ဖက်ကြား သဘောတူညီမှု တစ်ခုခု ရယူနိုင်မယ်လို့ ယုံကြည်ထားဆဲဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ ကျူးဘားတို့အပေါ် အမေရိကန်က ဖိအားပေးနေမှုတွေကို တရုတ်က ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ဆန့်ကျင်သွားခဲ့ပါတယ်။

Facebook