Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖိလစ်ပိုင် စာသင်ကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး ၃ ဦးသေ၊ ၅ ဦး ဒဏ်ရာရ

ဖိလစ်ပိုင်နိုင်ငံက စာသင်ကျောင်း တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့နောက် ကျောင်းသား ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Getty Images

ဖိလစ်ပိုင်နိုင်ငံက စာသင်ကျောင်း တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့နောက် ကျောင်းသား ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ဖိလစ်ပိုင် အလယ်ပိုင်း၊ လေတေးပြည်နယ်ထဲက တက်လိုဘန်းမြို့မှာရှိတဲ့ ဆန်ဟိုဆေး အထက်တန်းကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုရဲ့ သံသယ တရားခံ လူငယ် ၂ ဦးကို ဖမ်းဆီးထားကြောင်း ရဲတွေက ပြောပါတယ်။ သံသယရှိသူ တစ်ဦးဟာ အခင်းဖြစ်ရာ ကျောင်းမှာ တက်ရောက်နေတဲ့ ကျောင်းသားတစ်ဦးလို့ ဆိုပါတယ်။

သူနဲ့ ကြံရာပါ နောက်ထပ်လူငယ် တစ်ဦးဟာ ပစ္စတိုသေနတ်တွေ ကိုင်ဆောင်ပြီး ဇွန်လ ၂၂ ရက် မနက်ပိုင်းက ကျောင်းထဲဝင်ရောက် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ပစ်ခတ်မှုမှာ ဒဏ်ရာရခဲ့သူတွေကို နီးစပ်ရာ ဆေးရုံတွေဆီ အရေးပေါ် ပို့ဆောင်ပေးထားပါတယ်။

အသက် ၁၅ နှစ်အရွယ် Grade 9 ကျောင်းသားနဲ့ သူ့ရဲ့ အသက် ၁၄ နှစ်အရွယ် အဖော်တို့ကိုတော့ ကျောင်းဝင်းထဲမှာပဲ ဖမ်းဆီးရမိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကျောင်းသူကျောင်းသား ၁၅၀၀ ကျော် ပညာသင်ယူနေတဲ့ အစိုးရကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုရဲ့ အကြောင်းရင်းကို အာဏာပိုင်တွေက ဆက်လက် စုံစမ်းနေဆဲပါ။ ပြီးတော့ ကျောင်းတဝိုက်မှာလည်း လုံခြုံရေး တိုးမြှင့်ထားပါတယ်။

ပြည်သူတွေ အနေနဲ့ စိတ်အေးအေး ထားကြဖို့၊ အတည်မပြုနိုင်တဲ့ ကောလာဟလတွေကို မဖြန့်ဝေကြဖို့၊ အာဏာပိုင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်ပေးကြဖို့လည်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဖိလစ်ပိုင်မှာတော့ လိုင်စင်မဲ့ တရားမဝင် လက်နက် ကိုင်ဆောင်မှုတွေကြောင့် သေနတ်ပစ်ခတ်တဲ့ မှုခင်းတွေ နေရာအနှံ့ ဖြစ်ပွားလေ့ရှိပါတယ်။ ဒါပေမဲ့ စာသင်ကျောင်းတွေမှာ ပစ်ခတ်မှု ဖြစ်စဉ်မျိုးကတော့ ရှားပါးတဲ့ အခြေအနေလို့ ဆိုနိုင်ပါတယ်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လတုန်းက အတီနီယိုဒီ မနီလာ တက္ကသိုလ်ရဲ့ ဥပဒေကျောင်း ဘွဲ့နှင်းသဘင် အခမ်းအနားမှာ ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လာမီတန်မြို့တော်ဝန် အပါအဝင် ၃ ဦး သေဆုံးခဲ့ဖူးပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုင်ငံတကာ

တောင်တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင်ရဲ့ ဌာနဆိုင်ရာ ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် က ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။

Facebook