Connect with us

Hi, what are you looking for?

ဗီဒီယို

ဘားအံမြို့နယ်အတွင်း တိုက်ပွဲအ​ခြေအ​နေ​တွေဘယ်လိုရှိလဲ

နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့တွေဟာ ဖလံတောင်တိုက်နယ်ဆေးရုံကို ဝင်ရောက်စီးနင်းတပ်စွဲခဲ့ပြီး ဆေးဝါးနဲ့ ဆေးရုံသုံးပစ္စည်းတွေကို ယူဆောင်သွားခဲ့ပြီး ဖျက်ဆီးမှုတွေ လုပ်ဆောင်သွားခဲ့တယ်လို့ ကေအဲန်ယူ ဘားအံမြို့နယ် သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘားအံမြို့နယ်အတွင်းမှာ အခုရက်ပိုင်းတွေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်(BGF)ပူးပေါင်းတပ်တို့ကြား စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေခဲ့ပါတယ်။

ဘားအံမြို့နယ် ဟတ္တလိုက်ကျေးနယ်အုပ်စုမှာ BGF ဘက်က KNLA တပ်မဟာ ၁ နယ်မြေထဲ စစ်ရေးဝင်ရောက်လှုပ်ရှားမှုတွေလုပ်ခဲ့လို့ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး BGF ဘက်က ထိခိုက်ကျဆုံးမှုများပြားခဲ့တာပါ။

နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့တွေဟာ ဖလံတောင်တိုက်နယ်ဆေးရုံကို ဝင်ရောက်စီးနင်းတပ်စွဲခဲ့ပြီး ဆေးဝါးနဲ့ ဆေးရုံသုံးပစ္စည်းတွေကို ယူဆောင်သွားခဲ့ပြီး ဖျက်ဆီးမှုတွေ လုပ်ဆောင်သွားခဲ့တယ်လို့ ကေအဲန်ယူ ဘားအံမြို့နယ် သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒီလို နှစ်ဖက်တိုက်ပွဲကြောင့် ရွာသားတွေတိမ်းရှောင်ပြေးနေခဲ့ရပြီး အခုလက်ရှိမှာတော့ BGF တပ်ဖွဲ့တွေက ဖလံတောင်ရွာကနေ ပြန်လည်ရုတ်သိမ်းလာခဲ့လို့ တိမ်းရှောင်နေရတဲ့ရွာသားတွေဟာ နေအိမ်ကိုပြန်လည်ရောက်ရှိလာကြတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

KNLA တပ်မဟာ ၁ နယ်မြေထဲ BGF တပ်ဖွဲ့တွေက စစ်ရေးဝင်ရောက်လှုပ်ရှားမှုပြုလုပ်နေစဉ်အတွင်း ဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင်ပြီး ပေါ်တာခိုင်းစေတာ၊ လူသားဒိုင်းကာအဖြစ် အသုံးပြုတာစတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြုလုပ်ခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

ကေအဲန်ယူ တပ်မဟာ ၁ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘားအံမြို့နယ်အတွင်းက တိုက်ပွဲတွေအခြေအနေနဲ့ ပတ်သက်ပြီး ကေအဲန်ယူ-ဘားအံမြို့နယ် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

Facebook