Connect with us

Hi, what are you looking for?

ဗီဒီယို

စစ်​ကြော​ရေးမှာကျဆုံးသွားတဲ့ လူငယ်ရဲ့နာ​ရေး စစ်တပ်ကအနီးကပ်​စောင့်ကြပ်ပြီး သင်္ဂြိုဟ်ခိုင်း

အသက် ၁၉ နှစ်အရွယ် ကိုဘုန်းမြင့်အောင်ဟာ တက္ကသိုလ် ပထမ နှစ်ကျောင်းသားဖြစ်ပြီး သားအဖ ၂ ဦးကို စစ်ကောင်စီဟာ ဘာကြောင့်ဖမ်းဆီးရလဲဆိုတာတော့မသိရသေးပါဘူး။

စစ်ကြောရေးမှာ ကျဆုံးသွားတဲ့ ဗိုလ်တထောင်မြို့နယ် က အသက် ၁၉ အရွယ် ကိုဘုန်းမြင့်အောင်ရဲ့ နာရေး ကို ဒီနေ့ ရေဝေးသုသာန်မှာပြုလုပ်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အနီးကပ်စောင့်ကြပ်ခဲ့တာတွေ့ရပါတယ်။

ဗိုလ်တထောင်မြို့နယ် ၅၄ လမ်းမှာနေတဲ့ ကိုဘုန်းမြင့်အောင် တို့သားအဖကို စစ်ကောင်စီဟာ နိုဝင်ဘာလ ၂၃ ရက်က စစ်ကား ၃ စီးနဲ့လာရောက်ဖမ်းဆီးသွားတာပါ။

အဲဒီနောက် ည ၁၂ နာရီလောက်မှာ ဖခင်ဖြစ်သူကို ပြန်လွှတ်ပေးခဲ့ပေမယ် နောက်တစ်နေ့ နေ့လယ်ပိုင်းမှာ တော့ ကိုဘုန်းမြင့်အောင် ဆုံးသွားတဲ့သတင်းကို စစ်ကောင်စီဟာ မိသားစုကိုအကြောင်းကြားလာပါတယ်။စစ်ကြောရေးမှာ ကျဆုံးသွားတဲ့ ကိုဘုန်းမြင့်အောင်ရဲ့ နောက်ဆုံးခရီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အနီးကပ်စောင့်ကြပ်ခဲ့ပါတယ်။

နာရေးကိုသွားရောက်ခဲ့သူ ကိုဘုန်းမြင့်အောင်ရဲ့ မိတ်ဆွေတစ်ဦးက ဖေ့ဘွတ်ခ်မှာရေးသားရာမှာ ဓာတ်ပုံမရိုက်ရဆိုပြီး သေနတ်ကြီးတွေကိုင်ပြီး နာရေးမှာတောင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခြိမ်းခြောက်တယ်လို့ ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

အသက် ၁၉ နှစ်အရွယ် ကိုဘုန်းမြင့်အောင်ဟာ တက္ကသိုလ် ပထမ နှစ်ကျောင်းသားဖြစ်ပြီး သားအဖ ၂ ဦးကို စစ်ကောင်စီဟာ ဘာကြောင့်ဖမ်းဆီးရလဲဆိုတာတော့မသိရသေးပါဘူး။

စစ်ကြောရေး မှာ နှိပ်စက်မှုဒဏ်ကြောင့် ကျဆုံးသွားသူတွေထဲ အချို့ဟာ အလောင်းပြန်ရသလို အလောင်းပြန်မရကြသူတွေလည်းရှိနေပါတယ်။

အလောင်းပြန်ရတဲ့မိသားစုဝင်တွေဟာလည်း နာရေးမှာ အလောင်းကို အနီးကပ်ကြည့်ရှုခွင့်မရကြဘူးလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်တပ်လက်အောက်ခံ တပ်တွေရဲ့ ချုပ်ကိုင်မှုအောက်မှာရှိနေတာကြောင့် စစ်တပ်ကို ဖျက်သိမ်းမှသာ ရပ်တန့်မယ်လို့ Justice For Myanmar-JFM က သဘောထားထုတ်ပြန်လိုက်ပါတယ်။

သတင်း

ရက္ခိုင်ဒေသ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂ပတ်အတွင်း အရပ်သား ၇ ဦးသေ၊ ၃၀ ဦးနီးပါး ဒဏ်ရာရ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။