Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘန်ကောက်ဘုရားကျောင်းပစ်ခတ်မှုသံသယတရားခံ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်ကဘုရားကျောင်းတစ်ခုမှာပစ်ခတ်မှု ကျူးလွန်ခဲ့တဲ့သံသယတရားခံအမျိုးသားဟာကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားခဲ့ကြောင်း သိရပါတယ်။

သြဂုတ် – ၂ ၊၂၀၂၆

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်ကဘုရားကျောင်းတစ်ခုမှာပစ်ခတ်မှု ကျူးလွန်ခဲ့တဲ့သံသယတရားခံအမျိုးသားဟာကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားခဲ့ကြောင်း သိရပါတယ်။

ဩဂုတ် ၁ ရက်နေ့ ညနေပိုင်းက ဘန်ကာပီ ခရိုင်ထဲက ဘုရားကျောင်း တစ်ခုမှာ သေနတ်သမား တစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် လူတစ်ဦးသေပြီး နောက်ထပ်နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

အဲဒီဖြစ်စဉ်အတွက် သံသယရှိသူကို ရဲတွေက စုံစမ်း ရှာဖွေခဲ့ပြီး ဩဂုတ် ၂ ရက်နေ့မှာတော့ အွန်အာသုံမှာရှိတဲ့ ငှားရမ်းထားတဲ့ တိုက်ခန်းတစ်ခုကို ဝိုင်းဝန်း ပိတ်ဆို့ထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သံသယ တရားခံဟာ ဘန်ဆန်လို့ အများက ခေါ်ဝေါ်တဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသားဖြစ်ပါတယ်။ ဘုရားကျောင်း ပစ်ခတ်မှု အပြီးမှာ သူနဲ့ ဇနီးသည်တို့ဟာ ငှားရမ်းနေထိုင်တဲ့ တိုက်ခန်းဆီ ထွက်ပြေးသွားခဲ့ပါတယ်။

ရဲတွေက သူတို့နှစ်ဦးရဲ့ တည်နေရာကို ခြေရာခံ စုံစမ်းခဲ့ပြီး ဩဂုတ် ၂ ရက်နေ့ ညနေပိုင်းမှာ တိုက်ခန်းကို ဝန်းရံထားခဲ့ပါတယ်။ ရဲတွေ ရှိနေချိန်မှာပဲ သေနတ်သံ နှစ်ချက်ကို ကြားလိုက်ရပြီး ဇနီးဖြစ်သူက မျက်ရည်လည်ရွဲနဲ့ ပြေးထွက်လာခဲ့ပါတယ်။

ပြီးတော့ ခင်ပွန်းသည်ဟာ သူ့ကိုယ်သူ သေနတ်နဲ့ ပစ်ပြီး အဆုံးစီရင်တယ်လို့ အမျိုးသမီးက ရဲတွေကို ပြောပြပါတယ်။

ရဲတပ်ဖွဲ့ဟာ ဘန်ဆန်ကို ဆေးရုံဆီ အရေးပေါ် တင်ပို့ပေးခဲ့ပေမယ့်လည်း အသက်ဆုံးရှုံးသွားတာ ဖြစ်ပါတယ်။

ကနဦး စစ်ဆေးမှုတွေအရ ဘန်ဆန်ဟာ သူပစ်သတ်ခဲ့တဲ့ အမျိုးသားနဲ့ ပုဂ္ဂိုလ်ရေး ရန်ငြှိုး ရှိထားကြောင်း သိရပါတယ်။ အမှုနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကိုးကား – Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရဲ့ စျေးဝယ်စင်တာ တစ်ခုမှာ စက်လှေကား အမြင့်ကနေ ပြုတ်ကျပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံက လျှပ်စစ်နဲ့ ကုန်မာ ပစ္စည်းတွေ အဓိက ရောင်းချရာ စျေးတစ်ခုမှာ မီးလောင်မှု ဖြစ်ပြီး စျေးအဆောက်အအုံ အစိတ်အပိုင်းတချို့ ပြိုကျခဲ့ပါတယ်။

Facebook