Connect with us

Hi, what are you looking for?

သတင်း

ခလရ(၂၈၅)တပ်ရင်းအနီး ကာကင်းစခန်းသိမ်းပိုက်မှု စစ်တပ် ၁၀ဦးခန့်သေဟု KNLA အထူးတပ်ဖွဲ့ ထုတ်ပြန်

တနင်္သာရီတိုင်း ပုလောမြို့နယ်က စစ်တပ်ရဲ့ ခလရ(၂၈၅) တပ်ရင်းအနီး ကာကင်းစခန်း တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးခန့်သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့

အောက်တိုဘာ ၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း ပုလောမြို့နယ်က စစ်တပ်ရဲ့ ခလရ(၂၈၅) တပ်ရင်းအနီး ကာကင်းစခန်း တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးခန့်သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ခလရ(၂၈၅) တပ်ရင်းနဲ့ မိုင်ဝက်ပင် မဝေးတဲ့ တပ်ရင်းနဲ့ မီတာ ၅၀၀ အကွာရှိ မကျည်းကုန်းရွာ ကာကင်းစခန်းကို KNLA နဲ့ PDF မြိတ်ခရိုင် တပ်ရင်း(၁)တို့ ပူပေါင်းတပ်က အောက်တိုဘာ ၁၂ရက်မနက်မှာ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က သေဆုံးသူတွေရှိသလို လက်နက်ခဲယမ်းတွေ သိမ်းရခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကာကင်းစခန်းမှာ စစ်တပ်အင်အား ၂၅ဦးခန့်ရှိပြီး တိုက်ပွဲမှာ စစ်တပ်က ၁၀ဦးခန့်သေ၊ ၅ဦး ခန့် ဒဏ်ရာရကာ ကျန်တဲ့ စကစ တပ်သားတွေ ထွက်ပြေးလွတ်မြောက်သွားကြောင်း ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဆီက လက်နက်ငယ် ၄လက်နဲ့ လက်နက်ကြီး ၁လက်၊ ခဲယမ်းများ သိမ်းရခဲ့ကြောင်း KNLAက ထုတ်ပြန်ပါတယ်။

စစ်တပ်ကို အခွင့်အရေးရတာနဲ့ တိုက်ခိုက်မှုတွေ အမြဲ ဖော်ဆောင်သွားမှာ ဖြစ်ကြောင်း ဖော်ပြကာ ပြည်သူတွေအနေနဲ့ စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာနဲ့ အနီးတ၀ိုက်မှာ နေထိုင်ခြင်းမပြုဖို့ ထပ်မံ အသိပေးကြောင်း ဖော်ပြပါတယ်။

KNLA တပ်မဟာ(၄) အထူးတပ်ဖွဲ့ဟာ အခုနှစ်နွေကာလမှာလည်း ပလောက်မြို့ရှိ စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်စခန်း ၁ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့သလို စစ်တပ်စစ်ကြောင်းတွေကိုလည်း တိုက်ခိုက်ခဲ့တာရှိပါတယ်။ ဒါ့အပြင် ပုလောမြို့နယ်တောင်ယာကမ်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စခန်းကိုလည်း အခုနှစ်မတ်လ အတွင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီ တုန်းကလည်း စစ်တပ်ဘက်က ထိခိုက်သေဆုံးတွေရှိခဲ့သလို လက်နက်ခဲယမ်းတွေလည်း KNLA တပ်မဟာ(၄) အထူးတပ်ဖွဲ့က သိမ်းပိုက်ရရှိခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအများအပြား​သေဆုံးပြီး စစ်သုံ့ပန်းအချို့ ဖမ်းမိ

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ထိခိုက်

သတင်း

ခမရ(၅၅၇)တပ်သား ၂ဦး လက်နက် ၃လက်ယူလာပြီး အလင်းဝင်လာ

Facebook