Connect with us

Hi, what are you looking for?

News

ဒီပဲယင်း၊ စိုင်းပြင်၊ တန့်ဆည်မြို့များမှ Non-CDM ဝန်ထမ်းများ ​ရေဦးသို့ စုလာ၍ ရုံးတက်လျှင်အ​ရေးယူမည်ဟု PDF သတိ​ပေး

ရေဦးမြို့တွင်လည်းဌာနဆိုင်ရာ ဝန်ထမ်းများ အပြိုင်အဆိုင်နှုတ်ထွက်နေသည်။ စစ်ကောင်စီ အထိနာနေသည့်စစ်ကိုင်းတိုင်းတွင် Non CDM ဝန်ထမ်းများက ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံဆက်သွယ်ကာနှုတ်ထွက်စာ အလုအယက်တင်နေ​ခြင်းဖြစ်သည်။

ဒီပဲယင်းအပါအဝင် နယ်ချင်းကပ်နေသော မြို့များမှ စစ်​ကောင်စီလက်​အောက်ခံ Non CDM ဝန်ထမ်းများက၎င်းတို့၏မြို့များတွင် မနေရဲတော့သဖြင့် ရေဦးမြို့ရှိ ရုံးများ၌ စုပေါင်းရုံးတက်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိထားပြီး ​ရေဦးသို့လာပါက အရေးယူသွားမည်ဟု ရေဦးပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးချက် ထုတ်ပြန်သည်။

ဒီပဲယင်း၊ စိုင်ပြင်နှင့်တန့်ဆည်မြို့မှဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဝန်ထမ်းများက ၎င်းတို့မြို့တွင် အသက်အန္တရာယ်စိုးရိမ်ရသည့် အနေအထားသို့ရောက်ရှိနေ၍ လက်ထောက်ညွှန်ကြားရေးမှူးရုံးစိုက်ရာရေဦးမြို့ တွင် ရုံးတက်ရောက်၍ လုပ်ငန်း တာဝန်များဆောင်ရွက်ခွင့်ပြုပါရန် ဌာနချင်း ခွင့်တောင်းသည့် ရုံးစာကို ​ရေဦးပြည်သူ့ကာကွယ်ရေးအဖွဲ့က ရရှိထားပြီး ယင်းကဲ့သို့ သတိပေးခြင်းဖြစ်သည်။

“ဆည်မြောင်းဌာနက နောက်မြီးဆွဲများက ရေဦးဆည်မြောင်းရုံးမှာ စုတက်ကြ မယ်ဆိုပါတော့။ဟုတ်ကဲ့။တော်လှန်ရေးမှာ ရန်သူ မိတ်ဆွေ နှစ်မျိုးပဲရှိတယ်။အကြမ်းဖက်အဖွဲ့ရဲ့ ထောက်တိုင်မှန်သမျှကို စာထုတ်သည်ဖြစ်စေ၊ မထုတ်သည်ဖြစ်စေ လိုအပ်သလိုဆောင်ရွက်သွားပါမည်။တက်ရောက်ကြမည်ဆိုပါက ပကဖ(ရေဦး)/PDF(YEU)တို့၏ အရေးယူဆောင်ရွက်မည့်လုပ်ငန်းစဉ်လည်း စတင်အသက်ဝင်ပါမည်” ဟု ရေဦးပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့(ဖေဖော်ဝါရီ ၉ရက်) သတိပေးချက်ထုတ်ပြန်သည်။

ရေဦးမြို့တွင်လည်းဌာနဆိုင်ရာ ဝန်ထမ်းများ အပြိုင်အဆိုင်နှုတ်ထွက်နေသည်။ စစ်ကောင်စီ အထိနာနေသည့်စစ်ကိုင်းတိုင်းတွင် Non CDM ဝန်ထမ်းများက ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံဆက်သွယ်ကာနှုတ်ထွက်စာ အလုအယက်တင်နေ​ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထိုအခြေအနေကစစ်ကိုင်းတိုင်းကို စစ်ကောင်စီလုံးဝအုပ်ချုပ်၍ မရတော့ သည်မှာ ထင်ရှားနေပြီဟု ဒီပဲယင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဂဠုန်တပ်တော်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီရက်ထဲ ဝန်ထမ်းတွေက CDMလုပ်ချင်တယ်လို့ ဆက်သွယ်လာ တာအများကြီးပဲ။ ကျွန်တော်တို့ စိစစ်ချိန်ဆနေရတယ်” ဟုအထက်ပါ ပုဂ္ဂိုလ်ကပြောသည်။

စစ်ကိုင်းတိုင်းတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက အကြမ်းဖက် စစ်ကောင်စီ အားတိုက်ထုတ်နေသလို တစ်ချိန်တည်းတွင် ပြည်သူ့အုပ်ချုပ်ရေးယန္တရား လည်ပတ်အောင်ကြိုးစားနေပြီး Non CDM ဝန်ထမ်းများ အပြီးပိုင်ထွက်ခွာ သွားရန် သတိပေးထားကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ဒီကနေ့ လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခံရပြီး မသန်စွမ်း ၁ဦးအပါအဝင် ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ၊ဒီပဲယင်းမြို့နယ်၊မူးကမ်းကြီးရွာ အာဏာသိမ်းစစ်တပ်က ​အောက်တိုဘာ ၈ ရက်နေ့လယ်ပိုင်းမှာ လေကြောင်းက​နေဗုံးကြဲခဲ့လို့ မိသားစုဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်တပ်က အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်လို့ ကလေးငယ် ၁ဦးအပါအဝင် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။