Connect with us

Hi, what are you looking for?

ဗီဒီယို

ယူကရိန်းမှာ ရုရှားက ဓာတုလက်နက်တွေနဲ့ တိုက်ခိုက်လာနိုင်တယ်လို့ အမေရိကန် သတိပေး

မတ်လ ၉ ရက် အစောပိုင်းမှာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ယူကရိန်း စစ်တပ်ဟာ ဇိုလိုချစ်ဗ်နဲ့ ခါကစ်ဗ် မြို့တွေဆီ အမိုးနီးယား တန် ၈၀ လောက် ပေးပို့နေတာ ထောက်လှမ်း သိရှိခဲ့ကြောင်း ကြေညာပါတယ်။

လုပ်ကြံ ဇာတ်လမ်းတွေ ဆင်ဖို့အတွက် ယူကရိန်းမှာ ရုရှားက ဓာတု လက်နက်တွေ အသုံးပြု တိုက်ခိုက်လာနိုင်တယ်လို့ အမေရိကန် အစိုးရက သတိပေး ပြောကြားလိုက်ပါတယ်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ဂျန်ဆာကီက ရုရှား အနေနဲ့ နိုင်ငံတကာမှာ နာမည်ပျက်နေတဲ့ ယူကရိန်း ကျူးကျော်စစ်ပွဲနဲ့ ပတ်သက်ပြီး လုပ်ကြံ ဖန်တီးထားတဲ့ ဇာတ်လမ်းမျိုးတွေ ပြင်ဆင်နေကြောင်း စွပ်စွဲခဲ့ပါတယ်။ ပြီးတော့ အမေရိကန်ဟာ ယူကရိန်းမှာ ဓာတုလက်နက်တွေ စမ်းသပ် ဖန်တီးနေကြောင်း မဟုတ်မမှန် ပြောဆိုမှုတွေကို ရုရှားက လူမှုကွန်ရက်တွေမှာ ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေတဲ့ ကိစ္စကိုလည်း ဆာကီက ပြင်းပြင်းထန်ထန် ဝေဖန်သွားပါတယ်။

ရုရှားဟာ မဟုတ်မမှန် လုပ်ကြံဇာတ်လမ်းတွေ ဖန်တီးပြီး ဒီကိစ္စကို ရုပ်လုံးပေါ်စေဖို့အတွက် ကိုယ်တိုင် ဓာတုလက်နက်တွေ အသုံးပြုလာနိုင်တယ်လို့ ဆာကီက ဆိုပါတယ်။ ရုရှားက ယူကရိန်းမှာ ဓာတုလက်နက်နဲ့ ဇီဝလက်နက်တွေ သုံးပြီး တိုက်ခိုက်လာနိုင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့တော့ ဆာကီက ခိုင်ခိုင်မာမာ သက်သေ အထောက်အထား ပြသသွားတာတော့ မရှိပါဘူး။

မတ်လ ၉ ရက် အစောပိုင်းမှာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ယူကရိန်း စစ်တပ်ဟာ ဇိုလိုချစ်ဗ်နဲ့ ခါကစ်ဗ် မြို့တွေဆီ အမိုးနီးယား တန် ၈၀ လောက် ပေးပို့နေတာ ထောက်လှမ်း သိရှိခဲ့ကြောင်း ကြေညာပါတယ်။

Public Service Announcement

Public Service Announcement

ဒီအတောအတွင်း အမေရိကန် လွှတ်တော်အမတ် တချို့ကလည်း အမေရိကန် အစိုးရ အနေနဲ့ ယူကရိန်းမှာ ရှိနေတဲ့ ဇီဝ သုတေသန စင်တာတွေကို ရုရှားလက်ထဲ ကျရောက်မသွားအောင် ကူညီ ကာကွယ်ပေးဖို့ တိုက်တွန်း အကြံပြုထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။