Connect with us

Hi, what are you looking for?

News

နန့်ရင်းချောင်း တစ်ဖက်ကမ်း၌ မိုင်းများထောင်ထား၍ လာရောက်ခြင်းမပြုရန် ဟိုပင် PDF သတိ​ပေး

မိုးညှင်းမြို့နယ် နန့်ရင်းချောင်း တစ်ဖက်ကမ်း၌ မိုင်းများထောင်ထား၍ လာရောက်ခြင်းမပြုရန် ဟိုပင်ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ယနေ့ ဒေသန္တရအမိန့်ထုတ်ပြန်သည်။

စစ်ရေးအခြေအနေ တင်းမာနေသည်ဖြစ်၍ နန့်ရင်းချောင်းတစ်ဖက်ကမ်း အရှေ့တောင်ဘက် တလျှောက်တွင် မိုင်းများထောင်ထားပြီးဖြစ်၍ ယနေ့ အမိန့်ထုတ်ပြန်သည့် နေ့မှစ၍ အမိန့်တစုံတရာမထုတ်ပြန်မီအထိ မည်သည့် အကြောင်းနှင့်မျှလာရောက်ခြင်းမပြုရဟု ဟိုပင်မြို့နယ်အတွင်းရှိ အများပြည်သူများ၊ တောင်ယာလုပ်ကိုင်သူများ၊ စီးပွားရှင်များအား ဟိုပင် PDFက အသိပေးထားသည်။

မလိုက်နာဘဲ လာရောက်ခဲ့ပါက ဖြစ်ပေါ်လာသည့် မည်သည့် အကြောင်းအရာကိုမျှ တာဝန်ယူမည်မဟုတ်ဟုလည်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ နန့်ရင်းချောင်းဒေသတွင် မတ်လ ၁၉ရက်က ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ဟိုပင် PDF ပူးပေါင်း အဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာ၍ ထိတွေ့တိုက်ပွဲဖြစ်သည်ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ်တွင် နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိသည်ဟု သတင်းဖော်ပြမှုများရှိသော်လည်း သီးခြားအတည်ပြုချက်မရသေးပေ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။