Connect with us

Hi, what are you looking for?

News

ကျောက်ဆည်မြို့နယ်မှ သံရွာနယ်​မြေရဲစခန်းကို PDF​လေးဖွဲ့က ရိုင်ဖယ်ဗုံးသီးဖြင့်ပစ်ခတ်တိုက်ခိုက်

သံရွာသည် ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပါဝင်သော တိုက်နယ်အဆင့်ရှိ ရွာကြီးတစ်ရွာဖြစ်ပြီးဟံမြင်းမိုရ်-ရွာငံ-အောင်ပန်း ကားလမ်းမကြီး၏ ဝဲယာတွင် တည်ရှိသည်။

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်ရှိ သံရွာနယ်မြေရဲစခန်းအား မဟာမိတ်လေးဖွဲ့ပူးပေါင်းကာ အီနာဂါ(ရိုင်ဖယ်ဗုံးသီး)ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ Kyaukse District Defense Force – KDDF က သတင်းထုတ်ပြန်သည်။

ယနေ့ (ဧပြီလ ၁၉ရက်) နံနက် ၄ နာရီအချိန်က မန္တလေး
တိုင်း၊ ကျောက်ဆည်မြို့နယ်၊ သံရွာရဲစခန်းအား ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့နှင့်အတူ LPDF(စဥ့်ကိုင်)၊ LPDF(မြစ်ငယ်)နှင့် LPDF(တပ်ကုန်း)တို့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ အီနာဂါ(၄)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ Kyaukse District Defense Force – KDDFက သတင်းထုတ်ပြန်သည်။

သံရွာသည် ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပါဝင်သော တိုက်နယ်အဆင့်ရှိ ရွာကြီးတစ်ရွာဖြစ်ပြီးဟံမြင်းမိုရ်-ရွာငံ-အောင်ပန်း ကားလမ်းမကြီး၏ ဝဲယာတွင် တည်ရှိသည်။

“လိုင်းခန်းမီးလောင်ပျက်စီးသွားတယ်။ လူထိခိုက်မှုတော့မသိရသေးဘူး။ သူတို့ဘက်ကလည်း ပြန်ပစ်တယ်။ မိနစ်ပိုင်းလောက်တိုက်ပွဲငယ်ပုံစံဖြစ်သွားတယ်။ ကျွန်တော်တို့ဘက်ကလည်းတစ်ဘောင်(ကျည်တစ်ကတ်)ကုန်တဲ့ထိပစ်တယ်။”ဟု ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ Kyaukse District Defense Force – KDDF ၏ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)သည် ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့နံနက်၆နာရီ ၄၀မိနစ်အချိန်ကလည်း ရန်ကုန်၊မန္တလေး(အမြန်လမ်း)အတိုင်း မောင်းနှင်လာသော အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား အမြန်လမ်း မိုင်တိုင် ၃၃၇ မိုင်၊ ၁ ဖာလုံ အရောက်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့​သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook