Connect with us

Hi, what are you looking for?

LuduNwayOo

News

ကျောက်ဆည်မြို့နယ်မှ သံရွာနယ်​မြေရဲစခန်းကို PDF​လေးဖွဲ့က ရိုင်ဖယ်ဗုံးသီးဖြင့်ပစ်ခတ်တိုက်ခိုက်

သံရွာသည် ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပါဝင်သော တိုက်နယ်အဆင့်ရှိ ရွာကြီးတစ်ရွာဖြစ်ပြီးဟံမြင်းမိုရ်-ရွာငံ-အောင်ပန်း ကားလမ်းမကြီး၏ ဝဲယာတွင် တည်ရှိသည်။

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်ရှိ သံရွာနယ်မြေရဲစခန်းအား မဟာမိတ်လေးဖွဲ့ပူးပေါင်းကာ အီနာဂါ(ရိုင်ဖယ်ဗုံးသီး)ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ Kyaukse District Defense Force – KDDF က သတင်းထုတ်ပြန်သည်။

ယနေ့ (ဧပြီလ ၁၉ရက်) နံနက် ၄ နာရီအချိန်က မန္တလေး
တိုင်း၊ ကျောက်ဆည်မြို့နယ်၊ သံရွာရဲစခန်းအား ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့နှင့်အတူ LPDF(စဥ့်ကိုင်)၊ LPDF(မြစ်ငယ်)နှင့် LPDF(တပ်ကုန်း)တို့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ အီနာဂါ(၄)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ Kyaukse District Defense Force – KDDFက သတင်းထုတ်ပြန်သည်။

သံရွာသည် ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပါဝင်သော တိုက်နယ်အဆင့်ရှိ ရွာကြီးတစ်ရွာဖြစ်ပြီးဟံမြင်းမိုရ်-ရွာငံ-အောင်ပန်း ကားလမ်းမကြီး၏ ဝဲယာတွင် တည်ရှိသည်။

“လိုင်းခန်းမီးလောင်ပျက်စီးသွားတယ်။ လူထိခိုက်မှုတော့မသိရသေးဘူး။ သူတို့ဘက်ကလည်း ပြန်ပစ်တယ်။ မိနစ်ပိုင်းလောက်တိုက်ပွဲငယ်ပုံစံဖြစ်သွားတယ်။ ကျွန်တော်တို့ဘက်ကလည်းတစ်ဘောင်(ကျည်တစ်ကတ်)ကုန်တဲ့ထိပစ်တယ်။”ဟု ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ Kyaukse District Defense Force – KDDF ၏ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)သည် ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့နံနက်၆နာရီ ၄၀မိနစ်အချိန်ကလည်း ရန်ကုန်၊မန္တလေး(အမြန်လမ်း)အတိုင်း မောင်းနှင်လာသော အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား အမြန်လမ်း မိုင်တိုင် ၃၃၇ မိုင်၊ ၁ ဖာလုံ အရောက်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့​သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။