Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြေပြိုချိန် ရေခဲသေတ္တာထဲ ဝင်ပုန်းပြီး အသက်ရှင် လွတ်မြောက်ခဲ့တဲ့ ဖိလစ်ပိုင် ကလေးငယ်

မီဒီယာတွေက ကလေးရဲ့ နာမည်ကိုတော့ မဖော်ပြခဲ့ကြပါဘူး။ ကလေးဟာ ကယ်ဆယ်ရေးတွေ တွေ့ရှိချိန်မှာ အတော်လေး ကြောက်ရွံ့ တုန်လှုပ်နေပြီး အရိုးအက်တဲ့ ဒဏ်ရာတချို့ ရထားပေမယ့် ဆေးရုံ ရောက်သွားချိန်မှာ အခြေအနေ တည်တည်ငြိမ်ငြိမ် ရှိခဲ့တယ်လို့ ဆိုပါတယ်။ သူ့ကို ဧပြီ ၁၆ ရက်မှာ မိဘတွေ လက်ထဲ ဘေးမသီ ရန်မခ ပြန်လည် အပ်နှံပေးနိုင်ခဲ့ကြောင်း သိရပါတယ်။

ဖိလစ်ပိုင်က ကလေးငယ် တစ်ဦးဟာ မုန်တိုင်းကြောင့် မြေပြိုမှုတွေအတွင်း ရေခဲသေတ္တာ တစ်လုံးထဲ ခိုအောင်းနေရင်း အသက်ရှင်သန် လွတ်မြောက်လာခဲ့ကြောင်း သိရပါတယ်။

ဖိလစ်ပိုင် မီဒီယာတွေက အသက် ၁၁ နှစ်အရွယ် ကလေးငယ်ရဲ့ အံ့ဩ ထိတ်လန့်စရာ စွန့်စားခန်းကို အခု သီတင်းပတ်မှာ အကျယ်တဝင့် ရေးသား ဖော်ပြလာခဲ့ပါတယ်။ လက်တေး ဒေသက ကျေးရွာတစ်ခုမှာ နေထိုင်တဲ့ ကလေးငယ်ဟာ ဧပြီ ၁၁ ရက်က အပူပိုင်းမုန်တိုင်း မက်ဂီ ဝင်ရောက် တိုက်ခတ်ချိန်မှာ ဆိုးရွားတဲ့ မြေပြိုမှုတွေနဲ့ မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ရပါတယ်။

မုန်တိုင်းကြောင့် ရေကြီးမှုတွေ၊ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး လက်တေးက ကျေးရွာတချို့မှာ အိမ်ခြေ ၂၁၀ ကျော် ပျက်စီးခဲ့ပါတယ်။ အများစုကတော့ မြေပြိုရာက ရွှံ့နွံတွေ ဖုံးလွှမ်းသွားတာ ခံခဲ့ရတာပါ။ ကယ်ဆယ်ရေး အဖွဲ့တွေဟာ ကန်တန်နော့စ် ကျေးရွာကို ရောက်ရှိလာပြီး အသက်ရှင် ကျန်ရစ်သူတွေကို ရှာဖွေတဲ့အချိန်မှာ ရွှံ့နွံတွေအောက် ရေခဲသေတ္တာ အဟောင်း တစ်လုံးထဲ ခိုအောင်းနေတဲ့ ယောက်ျားလေး တစ်ယောက်ကို တွေ့ရှိခဲ့ကြပါတယ်။

မီဒီယာတွေက ကလေးရဲ့ နာမည်ကိုတော့ မဖော်ပြခဲ့ကြပါဘူး။ ကလေးဟာ ကယ်ဆယ်ရေးတွေ တွေ့ရှိချိန်မှာ အတော်လေး ကြောက်ရွံ့ တုန်လှုပ်နေပြီး အရိုးအက်တဲ့ ဒဏ်ရာတချို့ ရထားပေမယ့် ဆေးရုံ ရောက်သွားချိန်မှာ အခြေအနေ တည်တည်ငြိမ်ငြိမ် ရှိခဲ့တယ်လို့ ဆိုပါတယ်။ သူ့ကို ဧပြီ ၁၆ ရက်မှာ မိဘတွေ လက်ထဲ ဘေးမသီ ရန်မခ ပြန်လည် အပ်နှံပေးနိုင်ခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ရွာထဲမှာ မြေပြိုနေတဲ့အချိန် ဆွေမျိုးတစ်ဦးက ကလေးကို သွားကယ်ဖို့ ကြိုးစားခဲ့ပေမယ့် အကြောက်လွန်နေတဲ့ ကလေးက ငြင်းဆန်ပြီး ရေခဲသေတ္တာထဲ ဝင်ပုန်းနေခဲ့တာလို့ သိရပါတယ်။ သူ့အိမ်ကိုပါ ရွှံ့နွံတွေ ဖုံးလွှမ်းသွားပြီး ကလေးဟာ ရေခဲသေတ္တာထဲမှာ ရက်ပိုင်းလောက် ပုန်းခိုနေခဲ့ရတာပါ။

မက်ဂီမုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ လူပေါင်း ၂၄၀ ကျော် သေဆုံးပြီး ၁၅၀ ဝန်းကျင်လောက် ပျောက်ဆုံးနေဆဲပါ။ အရှေ့တောင်အာရှ ဒေသက ကျွန်းစုနိုင်ငံ ဖိလစ်ပိုင်ဟာ တစ်နှစ်ကို ပျမ်းမျှ မုန်တိုင်း အခု ၂၀ လောက် ဝင်ရောက်တိုက်ခတ်တာ ကြုံတွေ့နေကျ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

တောင်တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင်ရဲ့ ဌာနဆိုင်ရာ ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် က ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းက စာသင်ကျောင်း တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၂ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်မှာ အကျဉ်းချ ခံနေရတဲ့ လူသတ်သမား၊ မူးယစ်ရာဇာ တစ်ဦးဟာ ဒရုန်းမှာ တွဲလောင်းခိုစီးပြီး ထောင်ဖောက် ထွက်ပြေးဖို့ ကြံစည်ထားပေမယ့် အစမ်းလေ့ကျင့်မှု ဗီဒီယို ပေါက်ကြားသွားလို့ အစီအစဉ် ပျက်ပြယ်သွားခဲ့ကြောင်း သိရပါတယ်။

Facebook