Connect with us

Hi, what are you looking for?

ဗီဒီယို

လေယာဉ်မှူး ဆေးလိပ်မီးညှိရာက အီဂျစ် ခရီးသည်တင်လေယာဉ် ပျက်ကျခဲ့တယ်ဆိုတဲ့ အစီရင်ခံစာ ထွက်ပေါ်လာ

အီဂျစ် လေကြောင်းလိုင်းရဲ့ ခရီးစဉ်အမှတ် ၈၀၄ မှာ တွဲဖက် လေယာဉ်မှူး အသုံးပြုရမယ့် အောက်စီဂျင် မျက်နှာဖုံးဟာ ခရီးစဉ် မတိုင်ခင် ၃ ရက်ကမှ အသစ်လဲထားပြီး အရေးပေါ် Mode သတ်မှတ်ထားခဲ့ကြောင်း၊ အဲဒီကနေ လေယာဉ်မှူး အခန်းထဲမှာ အောက်စီဂျင် စိမ့်ထွက်နေပြီး မီးတောက်နဲ့ အတွေ့မှာ ထပေါက်ကွဲတာလို့ စုံစမ်းရေး အရာရှိတွေက အစီရင်ခံထားပါတယ်။

လေယာဉ်မှူးက ဆေးလိပ် မီးညှိခဲ့တာကြောင့် လူ ၆၀ ကျော် သေဆုံးတဲ့ လေယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့ကြောင်း အပြီးသတ် အစီရင်ခံစာ ထွက်ပေါ်လာပါတယ်။

၂၀၁၆ ခုနှစ်တုန်းက အီဂျစ် လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ် ပျက်ကျမှုကြောင့် လူပေါင်း ၆၆ ဦး သေဆုံးခဲ့ပြီး ဒီဖြစ်စဉ်ရဲ့ အကြောင်းရင်းကို နှစ်နဲ့ချီ အချိန်ယူ ဆန်းစစ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လမှာတော့ လေယာဉ် ပျက်ကျမှုနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှု အသေးစိတ် အချက်အလက်တွေကို စာမျက်နှာ ၁၃၈ မျက်နှာပါတဲ့ အစီရင်ခံစာတစ်ရပ် ရေးသားပြုစုပြီး ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာရှိတဲ့ အယူခံ ခုံရုံးကို တင်သွင်းခဲ့ပါတယ်။

အဲဒီ အစီရင်ခံစာမှာ ပါရှိတဲ့ အချက်အလက်တွေ အခုအခါ လူသိရှင်ကြား ထွက်ပေါ်လာရာမှာ လေယာဉ် ပျက်ကျရတဲ့ အဓိက အကြောင်းရင်းက လေယာဉ်မောင်းခန်းထဲမှာ လေယာဉ်မှူး တစ်ဦးက ဆေးလိပ် မီးညှိခဲ့တာကြောင့်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

အီဂျစ် လေကြောင်းလိုင်းရဲ့ ခရီးစဉ်အမှတ် ၈၀၄ မှာ တွဲဖက် လေယာဉ်မှူး အသုံးပြုရမယ့် အောက်စီဂျင် မျက်နှာဖုံးဟာ ခရီးစဉ် မတိုင်ခင် ၃ ရက်ကမှ အသစ်လဲထားပြီး အရေးပေါ် Mode သတ်မှတ်ထားခဲ့ကြောင်း၊ အဲဒီကနေ လေယာဉ်မှူး အခန်းထဲမှာ အောက်စီဂျင် စိမ့်ထွက်နေပြီး မီးတောက်နဲ့ အတွေ့မှာ ထပေါက်ကွဲတာလို့ စုံစမ်းရေး အရာရှိတွေက အစီရင်ခံထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ကာလအထိ အီဂျစ် လေကြောင်းလိုင်းမှာ လေယာဉ်မှူးတွေ ခရီးစဉ်အတွင်း ဆေးလိပ် မသောက်ဖို့ တားမြစ်ထားတာ မရှိသေးဘူးလို့ သိရပါတယ်။ ပုံမှန်ဆိုရင် ဒီကိစ္စက ပြဿနာ မရှိပေမယ့် အောက်စီဂျင် ယိုစိမ့်တာနဲ့ တိုက်ဆိုင်သွားတဲ့အခါ ဆိုးရွားတဲ့ မတော်တဆမှု တစ်ခုဆီ ဦးတည်သွားတယ်လို့ စုံစမ်းရေး အရာရှိတွေက ကောက်ချက် ချထားပါတယ်။

လေယာဉ်ဟာ ၂၀၁၆ ခုနှစ်၊ မေလ ၁၉ ရက်က မြေထဲပင်လယ် ရေပြင်ဆီ ပျက်ကျသွားပြီး လိုက်ပါသွားသူ အားလုံး အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီ လေယာဉ်ဟာ ပါရီကနေ ပျံတက်လာပြီး ကိုင်ရိုကို ဦးတည်နေချိန် အဖြစ်ဆိုး ကြုံခဲ့တာပါ။ ၂၀၁၉ တုန်းက ကနဦး ထုတ်ပြန်တဲ့ အစီရင်ခံစာ တစ်စောင်ကတော့ လေယာဉ်ကို ပုံမှန် ပြင်ဆင် ထိန်းသိမ်းမှု အပိုင်းမှာ အားနည်း ညံ့ဖျင်းလွန်းပြီး ပါရီကနေ လုံးဝ ပျံတက်မလာသင့်တဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဖော်ပြဖူးပါတယ်။

ဒါပေမဲ့ ပြင်သစ် လေကြောင်း ပို့ဆောင်ရေး လုံခြုံမှု အာဏာပိုင်တွေက လေယာဉ်မှူး အခန်းထဲမှာ ပေါက်ကွဲမှု တစ်ခုခု ဖြစ်ခဲ့တယ်လို့ ယုံကြည်ရကြောင်း အစောပိုင်းမှာ ကတည်းက မှတ်ချက် ပေးခဲ့ဖူးပါတယ်။ အီဂျစ်ဖက်ကတော့ ဒါဟာ အကြမ်းဖက် ဗုံးခွဲမှု တစ်ခုလို့ စွပ်စွဲဖူးပေမယ့် ခိုင်မာတဲ့ အထောက်အထားတော့ မရှိဘူးလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ လေတပ်ရဲ့ သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စီး ပြေးလမ်းချော်ရာက မီးလောင်မှုကြောင့် လေတပ်သား ၅ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိုမီနီကန် နိုင်ငံမှာ လေယာဉ်တစ်စီး အရေးပေါ် ဆင်းသက်ရင်း မီးလောင်ပေါက်ကွဲရာက လေယာဉ်မှူးနှစ်ဦး သေဆုံးသွားခဲ့ပါတယ်။

နိုင်ငံတကာ

ဂျာမနီနိုင်ငံမှာ ခရီးသည်တင် လေယာဉ်တစ်စီး ရပ်နားထားရင်း ရုတ်တရက် ဘီးဝင်ရိုး ကျိုးကျမှု ဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် လေတပ်ရဲ့ ဝေဟင်မှာ ဆီဖြည့်တဲ့ လေယာဉ်တစ်စီး ပျက်ကျခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ အပူတပြင်း စတင်နေကြောင်း အမေရိကန် စစ်ရေးဗဟို ကွပ်ကဲမှုဌာန (CENTCOM)က ထုတ်ပြန်ခဲ့ပါတယ်။