Connect with us

Hi, what are you looking for?

News

ရွှေဘိုမြို့နယ်တွင် ယနေ့ညနေက အကြမ်းဖက်စစ်အုပ်စုအား ဒေသကာကွယ် ရေးတပ်များ စုပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ် ၁၅ဦးခန့်သေ

ရွှေဘိုမြို့နယ်ရှိ ကျားရွာတောင်ပိုင်းကို ယနေ့ ညနေ ၅နာရီခွံခန့်က အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများဝင်ရောက်လာကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း၊ စစ်ကားအကြီးတစ်စီး လူအင်အားလက်နက်အပြည့်အစုံဖြင့် ရွာထဲကားထားပြီး ကျားရွာ၊ပေါင်းလဲကုန်း၊ လက်ယာကုန်းရွာများဘက်သို့ ဝင်ရောက်နေကြောင်း ဒေသခံများက ပြောသည်။

(ယနေ့ ညနေပိုင်းက အကြမ်းဖက်အုပ်စု၏ မီးရှို့ဖျက်ဆီးခြင်းခံနေရသည့် ရွှေဘိုမြို့နယ်၊ ကျားရွာတောင်ပိုင်းအား တွေ့ရစဥ်။)

အကြမ်းဖက်စစ်ကောင်စီတပ်သားများက ကျားကျေးရွာအား မီးရှို့ဖျက်ဆီးသွား

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ယနေ့ညနေပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်အုပ်စုဘက်မှ ၁၅ဦးခန့်သေဆုံးနိုင်ပြီး ၎င်းတို့က ကျားကျေးရွာအား မီးရှို့ဖျက်ဆီးနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဧပြီ ၂၉ ရက်) ညနေ ၅နာရီကျော်က ရွှေဘိုမြို့နယ်၊ မြင်းစီးကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများသည် စုပေါင်းအင်အား ၃၀ကျော်ဖြင့် ကန်သာကုန်းလမ်းအတိုင်းချီတက်လာရာ ShweBo Fighter One အဖွဲ့နှင့်မဟာမိတ်ညီနောင်များဖြစ်ကြသော One Day Revolutiong Force ၊ Fighter Dargon ၊ Hero army Khin U ၊ Brother Of lands Defence Forceအဖွဲ့ နှင့်ကျန်ရှိသောမဟာမိတ်အဖွဲ့အစည်းများစုပေါင်းတိုက်ခိုက်ရာ အကြမ်းဖက်အုပ်စုဘက်မှ ၁၅ခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူလည်းများပြားကြောင်း၊ မဟာမိတ်အဖွဲ့များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ShweBo Fighter One အဖွဲ့က အသိပေးသည်။

Public Service Announcement

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ShweBo Fighter One အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

Public Service Announcement

Public Service Announcement

ရွှေဘိုမြို့နယ်ရှိ ကျားရွာတောင်ပိုင်းကို ယနေ့ ညနေ ၅နာရီခွံခန့်က အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများဝင်ရောက်လာကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း၊ စစ်ကားအကြီးတစ်စီး လူအင်အားလက်နက်အပြည့်အစုံဖြင့် ရွာထဲကားထားပြီး ကျားရွာ၊ပေါင်းလဲကုန်း၊ လက်ယာကုန်းရွာများဘက်သို့ ဝင်ရောက်နေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၄ ရက်ကလည်း မြင်းစီးကျေးရွာ ပျူစခန်းဖြစ်သော ရွှေကျောင်းကြီးသို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ ပျူအဖွဲ့ဝင်သုံးဦးအား သုတ်သင် ရှင်းလင်းပြီး ၎င်းတို့ကိုင်ဆောင်သော လက်နတ်များအား သိမ်းဆည်းရမိခဲ့ကြောင်း ShweBo Fighter One အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

Trending

Facebook